ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး။ ။ မျက်စိယားယံရတဲ့ အကြောင်းရင်းကို သိပါရစေ ဆရာ။ ဖြေ။ ။ မျက်စိယားတာက နေ့တိုင်းကြုံနေရတဲ့ ပြဿနာပါပဲ။ မျက်စိယားယံတဲ့ အကြောင်းရင်းက နှစ်ခုရှိပါတယ်။ အကြောင်းရင်းတစ်ခုကတော့ သာမန်ပါပဲ။ မျက်စိထဲကို ဖုန်တွေ၊ သဲတွေဝင်တယ်။...
ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ မေး. အရပ်ထဲမှာပြောနေကြတဲ့ မျက်စိသူငယ်အိမ် စောင်းတယ်ဆိုတာ ဘာကိုဆိုလိုတာပါလဲဆရာ။ ဖြေ. မျက်စိသူငယ်အိမ်စောင်းတယ်ဆိုတဲ့ စကားက ဆရာဝန်တွေပြောတဲ့ စကားမဟုတ်ပါဘူး။ သူငယ်အိမ်စောင်းတယ်ဆိုပြီး လူနာတွေက မျက်စိအထူးကု ဆရာဝန်တွေဆီ လာပြကြပါတယ်။ သူတို့က ဆလင်ဒါပါဝါရှိတာကို သူငယ်အိမ်စောင်းတယ်လို့...
ပါမောက္ခဦးတင်ဝင်း မျက်စိအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ညနေပိုင်းလောက်မှာ လူငယ်လူရွယ်လေးတွေမျက်စိ လာပြတဲ့အခါ လက်တော့ပ်အိတ် လေးကိုင်ထားတယ်ဆိုရင် ဒါကကွန်ပျူတာအသုံးများပြီး မျက်စိညောင်းလို့ လာပြတယ်ဆိုတာ ဆရာတို့သိပါတယ်။ ဒီလိုအခြေအနေကြောင့် တစ်နေ့ကို လူလေးငါးခြောက်ယောက်လောက်တော့ လာပြလေ့ရှိပါတယ် . . . မေး။ ။...
ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံခြင်း မေး. မျက်စိကိုက်ရတဲ့ အကြောင်းရင်းတွေကို သိပါရစေဆရာ။ ဖြေ. မျက်စိကိုက်တာက အကြောင်းအမျိုးမျိုးရှိပါတယ်။ ဒီပြဿနာဟာ ဆရာတို့ မျက်စိအထူးကုဆရာဝန်တွေ နေ့တိုင်း ကြုံတွေ့နေရတဲ့ ပြဿနာလည်းဖြစ်ပါတယ်။ မျက်စိကိုက်တာက တကယ်ရောဂါမရှိဘဲ ခေါင်းကိုက်တဲ့ ဒဏ် (Strain)...
စူး ( ဆေးဝါးတက္ကသိုလ် ) တစ်နေ့လုံး အလုပ်လုပ်ပြီးချိန်မှာ မျက်စိနီတာ၊ မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ တစ်ခါတလေ မျက်ရည်ပူကျတာတို့ ခံစားနေရပါသလား၊ ဒီလက္ခဏာတွေက မျက်စိခြောက်သွေ့တဲ့ အခြေအနေကြောင့် ဖြစ်ရတာပါ။ မျက်စိမျက်နှာပြင်မှာ အစိုဓာတ်နဲ့ စိုထိုင်းဆတို့ မရှိတာကြောင့် မျက်စိခြောက်သွေ့တတ်ပါတယ်။ မျက်စိရှေ့တစ်သျှူး ရောင်ရမ်းတာ၊...
၊ လရိပ်မေ ၊ မျက်စိကျန်းမာရေးအတွက် ဘယ်တော့မှမလုပ်သင့်တဲ့ အကျင့်တွေကိုဖော်ပြလိုက်ပါတယ်။ (၁) နေကာမျက်မှန်မပါဘဲ အပြင်ထွက်ခြင်း အပြင်သွားတဲ့အခါ နေကာမျက်မှန်မပါဘဲ အပြင်သွားတာကြောင့် မျက်ဝန်းတစ်ဝိုက်အရေးကြောင်းတွေထင်တတ်သလို မျက်အိတ်တွဲကျတာ၊ မျက်ကွင်းညိုတာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် မျက်စိအတွင်းတိမ်စွဲတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ (၂) မျက်စိပွတ်ခြင်း...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) ၊ ကွန်ပျူတာရှေ့မှာ တစ်နေ့တစ်နေ့နာရီပေါင်းများစွာ အကြာကြီးထိုင်ပြီး အလုပ်လုပ်နေပါသလား။ အဲဒီလို ကွန် ပျူတာရှေ့အကြာကြီးထိုင်ပြီး အလုပ်လုပ်နေရရင် မျက်စိညောင်းတာ၊ အမြင်ဝေ၀ါးတာနဲ့ ခေါင်းကိုက်တာ စတဲ့ ဝေဒနာတွေ မကြာခဏဖြစ်တတ်ပါတယ်။ တစ်ခါတလေ ဒီဝေဒနာလက္ခဏာတွေက မျက်စိခြောက်တာ၊...
(၁) ပျမ်းမျှအားဖြင့် လူတစ်ယောက်က တစ်မိနစ်မှာ ၁၂ ကြိမ် မျက်တောင်ခတ်လေ့ ရှိပါတယ်။ (၂) မျက်စိမှာ အလုပ်လုပ်တဲ့ အစိတ်အပိုင်း ပေါင်း နှစ်သန်းကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ (၃) လူ့မျက်စိက ၅၇၆ mega pixel ရှိပါတယ်။ (၄)...
မေး. နေကာမျက်မှန်တပ်ရင် စတိုင်ကျတာအပြင် မျက်စိအပေါ်မှာ ဘယ်လိုကောင်းကျိုးတွေ ပေးပါသလဲ ဆရာ။ ကိုသန့်ဇင်ဦး၊ မော်လမြိုင်။ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး) မှဖြေကြားသည် ဖြေ. နွေရာသီမှာ မျက်စိကျန်းမာရေးမထိခိုက်စေဖို့ နေကာမျက်မှန်ကို တပ်ဆင်သင့်ပါတယ်။ အခုနောက်ပိုင်းမှာ ခရမ်းလွန်ရောင်ခြည်က အတွင်းတိမ်ရောဂါဖြစ်နှုန်း မြင့်တက်စေတယ်ဆိုတာကို...
ပါမောက္ခဦးတင်ဝင်း မျက်စိအထူးကု ဆရာဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေးခြင်း မေး ။ ဆရာ့အတွေ့အကြုံအရ သင်္ကြန်တွင်းမှာ ဘယ်လို မျက်စိပြဿနာတွေ အဖြစ်များတာကို တွေ့ရပါသလဲ ဆရာ။ ဖြေ ။ သင်္ကြန်တွင်းမှာ မျက်စိကျန်းမာရေးနဲ့ ပတ်သက်ပြီး ထွေထွေထူးထူးတော့ မရှိပါဘူး။ ပုံမှန်ရေပက်မယ်၊ ပုံမှန်ရေလောင်းကြမယ်ဆိုရင် ရေပက်ခံ...