အခုလတ်တလော ဂျာနယ်တွေ၊ မဂ္ဂဇင်းကာဗာတွေ ရိုက်ဖြစ်နေပါတယ်။ တခြားကြော်ငြာတွေလည်း ရိုက်ဖြစ်နေပါတယ်။ ဒီနှစ်သင်္ကြန်ကတော့ မန္တလေး ဒါမှမဟုတ် နေပြည်တော်ကမဏ္ဍပ်တစ်ခုခုမှာ သီချင်းဆိုဖြစ်ဖို့တော့ ရှိပါတယ်။ အသားအရေမပျက်စီးအောင် ထိန်းသိမ်းပုံ အရမ်းပူပြင်းတဲ့နွေရာသီမှာ Sun Cream များများ လိမ်းဖြစ်ပါတယ်။ အပြင်သွားရင်လည်း လက်ရှည်အင်္ကျီတွေ ဝတ်သွားပါတယ်။...
မေး ကိုအာဇာနည်ရဲ ့ လက်ရှိအနုပညာလှုပ်ရှားမှုလေးတွေ သိပါရစေ။ ဖြေ ကိုအာဇာနည်ကတော့ သီချင်းတွေ ဆိုနေပါတယ်။ နယ်ရှိုးတွေရော ရန်ကုန်ရှိုးရော ဆိုဖြစ်နေပါတယ်။ ပြီးတော့ကြော်ငြာတစ်ခုလည်း ရိုက်ထားပါတယ်။ မေး ဒီနှစ်သင်္ကြန် ဘယ်မှာရှိဖို့ များပါသလဲ။ ဖြေ ကိုအာဇာနည်က ဒီနှစ်သင်္ကြန် တယ်လီနောမိုဘိုင်းမှာ...
– အစ်ကိုတို့မိသားစုက ဘယ်လိုကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဖြစ်လဲဆိုတာ ပြောပြပေးပါ။ ကျန်းမာရေးကောင်းဖို့က အလွန်အရေးကြီးပါတယ်။ ကျန်းမာမှ လူမှုရေး၊ စီးပွားရေးကော အကုန်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အစ်ကိုတို့မိသားစုမှာ ကျန်းမာရေးကောင်းဖို့ တစ်ယောက်နဲ့တစ်ယောက် ကူညီစောင့်ရှောက်ဖြစ်ပါတယ်။ အစ်ကိုဆိုလည်း Gym ဆော့တယ်၊ ရေကူးတယ်၊ အားကစားလုပ်တာကလည်း ကျန်းမာရေးကိုကောင်းမွန်စေတယ်၊...
အစ်ကိုဗေလုဝတို့ရဲ့မိသားစုမှာ တစ်ယောက်ကျန်းမာရေးကိုတစ်ယောက် ဘယ်လိုဂရုစိုက်ဖြစ်ကြပါသလဲ။ အဓိက ကလေးနှစ်ယောက်ရဲ့ကျန်းမာရေးကို ပိုပြီးဂရုစိုက်ပေးဖြစ်ပါတယ်။ ကျောင်းသားတွေလည်းဖြစ်တော့ သူတို့ရဲ့ကျန်းမာရေးကို ဂရုစိုက်ပေးမှအဆင်ပြေမှာပါ၊ သားက နှစ်ယောက်ရှိပါတယ်။ တစ်ယောက်နေမကောင်းဖြစ်တာနဲ့ နီးစပ်ရာကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ ချက်ချင်းပြတယ်။ နေမကောင်းဖြစ်ရင် ဆရာဝန်တွေနဲ့ပြသတာ ပိုကောင်းတယ်၊ သူတို့ကပိုပြီး နားလည်တတ်ကျွမ်းတယ်။ အစ်ကို့အမျိုးသမီးကတော့ ကလေးတွေကို အနီးကပ်စောင့်ကြည့်ပြီး...
မေ လက်ရှိလုပ်နေတဲ့ လက်ရှိအနုပညာလှုပ်ရှားမှု ညီမအခု ပြက္ခဒိန်တွေ ရိုက်နေပါတယ်။ ပြီးတော့ ညီမရဲ့ တစ်ကိုယ်တော်တေးစီးရီးအတွက် သီချင်းတွေ လုပ်နေပါတယ်။ ၅လပိုင်းလောက်တော့ ထွက်ဖြစ်ပါမယ်။ ဖိုတိုကာဗာတွေ ရိုက်ဖြစ်နေပါတယ်။ မေရဲ့ တစ်နေ့တာ အသားအရေထိန်းသိမ်းမှုပုံစံ . . မနက်မိုးလင်းရင် မျက်နှာကိုသေချာသန့်စင်အောင်...
– အသားအရေမထိခိုက်အောင် နေဒဏ်ကာကွယ် အသားအရေလှပအောင် spa တွေသွားပြီး အရမ်းထိန်းသိမ်းတာမျိုး မရှိပါဘူး။ အပြင်သွားရင် လက်ရှည်အင်္ကျီဝတ်သွားတယ်။ နေရောင်ခြည်ဒဏ် ကာကွယ်နိုင်အောင် Sun Cream အမြဲလိမ်းပါတယ်။ တစ်ပတ်တစ်ခါတော့ Scrub လုပ်ပေးပါတယ်။ – သနပ်ခါး လိမ်းလေ့ရှိ မျက်နှာအသားအရေကိုတော့...
– တစ်ယောက်ကျန်းမာရေးကို တစ်ယောက်ဘယ်လို ဂရုစိုက်ပေးပါသလဲ။ အစ်မတို့နှစ်ယောက်စလုံးက အသက် ၃၀ ကျော် ဝန်းကျင်ပိုင်းရှိသွားပြီဖြစ်တဲ့အတွက် အလုပ်ကလည်း အရမ်းများတဲ့အချိန်ဖြစ်တယ်။ အဲဒီအတွက် အစာစားချိန်၊ အိပ်ချိန်မမှန်တာမျိုးရှိတော့ ပိုပြီးဂရုစိုက်ရတယ်၊ အဓိက ကိုဆန်းထွဋ်ကို အစ်မကပိုပြီး ဂရုစိုက်ပေးရတာ များတယ်၊ သူကအစ်မထက်ပိုပြီး အလုပ်များတယ်။...
တစ်နေ့တာ အသားအရေ ထိန်းသိမ်းမှုပုံစံ မနက်စောစောထပြီး လေ့ကျင့်ခန်းကို ၁၅မိနစ်လောက် လုပ်လိုက်တယ်။ ချွေးထွက်တော့ အသားအရေ အတွက်လည်း ကောင်းတာပေါ့။ ပြီးတော့ ရေများများ သောက်တယ်၊ မျက်နှာသစ်ပြီးတိုင်း တိုနာလိမ်းဖြစ် ပါတယ်။ ရွှေသမီး လုပ်နေကျ သဘာဝကုထုံး ညီမအသားအရေ လှပအောင်...
– မိုးယုရဲ့ တစ်နေ့တာအသားရေ ထိန်းသိမ်းမှုပုံစံ အသားအရေအတွက် တကူးတကကြီး ထိန်းသိမ်းတာမျိုး မလုပ်ဖြစ်ပါဘူး၊ မိတ်ကပ် လိမ်းထားတာတွေ သေချာဖျက်တယ်။ အသားအရေ သန့်ရှင်းအောင် ဂရုစိုက်တယ်။ တစ်ခါတလေ Lotion လိမ်းတယ်။ – အသားအရေအတွက် သဘာဝကုထုံး မသုံးဖြစ် မိုးယုက...
လက်ရှိ အနုပညာလှုပ်ရှားမှု . . . ညီမ အခု ဖိုတိုကာဗာတွေ ရိုက်ဖြစ်နေပါတယ်၊ ပြက္ခဒိန်တွေ ရိုက်ဖြစ်နေပါတယ်၊ ပြီးတော့ တီဗီကြော်ငြာတွေ ရိုက်ဖြစ်တယ်၊ ရုပ်ရှင်အစည်းအရုံး နှစ် ၁၀ဝ ပြည့်အတွက် MTV ရိုက်ဖြစ်ပါတယ်။ နောက်ဆုံးရိုက်ထားတဲ့ ကားလေးက...