———၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး) ၊——— အော်တစ်ဇင်အုပ်စုဝင်ရောဂါ (Autism Spectrum Disorder) လေးမျိုးရှိပါတယ်။ အဲဒီလေးမျိုးထဲမှာ အော်တစ်ဇင်ရောဂါ (Autstic Disorder) က ဖြစ်ပွားမှုနှုန်းများပြီး လူသိများတဲ့ရောဂါ ဖြစ်ပါတယ်။ အော်တစ်ဇင်ရောဂါက ကလေးအသက် ၂ နှစ်သားအရွယ် ပတ်ဝန်းကျင်မှာ...
၊ မိုးမင်းထွန်း ၊ ဗြိတိန်နိုင်ငံ၊ လီဗာပူးမြို့မှ မိခင်တစ်ယောက်က ကလေးကို ကြိုးတုပ်ကာ ပလက်ဖောင်းပေါ်တရွတ် တိုက်ဆွဲခေါ်သွားတဲ့ မြင်ကွင်းကို လမ်းသွားလမ်းလာ တစ်ယောက်က ဓာတ်ပုံရိုက်ယူကာ အွန်လိုင်းမှာတင် ခဲ့ပြီးနောက် ချက်ချင်းနာမည်ကြီးသွားခဲ့ပါတယ်။ လူများစွာက ဝေဖန်ခဲ့ကြပြီး ဖြတ်သွားဖြတ်လာတစ်ယောက်မှ ဝင်ရောက်မတားမြစ်တဲ့အပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။...
ဒေါ်နီနီအောင်(Day Care Center ၊ မြန်မာအော်တစ်ဇင်အသင်း) နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး ။ မြန်မာအော်တစ်ဇင်အသင်းက ဖွင့်လှစ်ထားတဲ့ နေ့ကျောင်း (Day Care Center) အကြောင်း သိပါရစေ။ ဖြေ ။ အစ်မတို့ အော်တစ်ဇင်ကျောင်းလေးကို ၂၀၁၃...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) “ခွမ်း . .ခွမ်း” ပန်းကန်ကွဲတဲ့ အသံတွေကြားလို့ မသင်းသင်းနွဲ့ မီးဖိုထဲ ပြေးကြည့်လိုက်တဲ့အခါ နှစ်နှစ်ခွဲအရွယ် သမီးလေး ဆုမွန်ကျော်က မင်္ဂလာလက်ဖွဲ့ရထားတဲ့ ပန်းကန်လုံးအလှလေးတစ်လုံးနဲ့ ပန်းကန်းပြားလေးတစ်ချပ်ကို လက်နောက်ပစ်ကာ ခွဲပြီးသွားပြီ။ မသင်းသင်းနွဲ့ မျက်စိထဲ...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား) ……ယခင်တစ်ပတ်မှအဆက် ဂျိမ်းနဲ့ သူ့မိခင် ဘက်တီတို့ဟာရက်ချိန်ပေးထားတဲ့အတိုင်း ဒေါက်တာဘရက်ဒီနဲ့ တွေ့ဆုံဖြစ်ပါတယ်။ သူတို့ပြောဆို ဆွေးနွေးတဲ့အချက်အလက်တွေကို ဒေါက်တာဘရက်ဒီက ဘွဲ့လွန်သင်တန်းကြီးကြပ် ကွပ်ကဲသူ(စာရေးသူ)ကို အောက်ပါအတိုင်းပြန်လည်ပြောပြပါတယ်။ “ဘက်တီ ပေးလိုက်တဲ့စာကို ဆရာဝန်တွေ ပညာပေးဆွေးနွေးပွဲမှာ ကျွန်တော်တင်ပြပါတယ်။ ဂျိမ်းဟာ...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား) စိတ်ကျန်းမာရေးဋ္ဌာနရှိ ဆရာဝန်တွေရဲ့အပတ်စဉ် ပညာပေးဆွေးနွေးပွဲမှာ ဘွဲ့လွန်သင်တန်းသား ဒေါက်တာဘရက်ဒီက လူနာတစ်ဦးအကြောင်းဆွေးနွေးပါတယ်။ဒီနေ့ကျွန်တော်တင်ပြဆွေးနွေးမယ့် လူနာကတော့ဂျိမ်းပါ။ အသက်ခြောက်နှစ်ရှိပါပြီ…..ဘာရောဂါအကြောင်းလဲ ဒေါက်တာဘရက်ဒီ…..ကျွန်တော်ထင်တာကတော့ဂျိမ်းဟာ အော်တစ်ဇင်ရောဂါ (Autism) ခံစားနေရတယ်လို့ ထင်ပါတယ်။ အပေါင်းအသင်းမလုပ်တတ်တဲ့ကလေး၊ တကိုယ်တည်း သီးခြားနေတတ်တဲ့ ကလေးလို့ပြောရမယ်…..ဂျိမ်းရဲ့ ရာဇဝင်ကိုပြောပြပါ…..ဂျိမ်းရဲ့မိခင်ဘက်တီ...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) “သားသမီးလေးဦးမှာ သူကတတိယသားပါ။ မွေးတုန်းက ၈၈ အရေးအခင်းမှာဆိုတော့ ကလေးမွေးရတဲ့အခြေအနေကလည်း နယ်အိမ်မှာပဲဆရာမနဲ့ မွေးရတယ်၊ မွေးရာပါစအိုမှာ အပေါက်မပါဘူး၊ အဲဒါကိုနောက်နေ့တွေမှာ ကလေးက နောက်ဖေးမသွားပါလား . . မသွားပါလားဆိုကာမှ စအိုအပေါက် မပါမှန်းသိတယ်၊...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) အမျိုးသမီးများအတွက် အသက် ၁၈-၂၄ နှစ် အရွယ်ကို သားသမီးမွေးဖွားရန် အကောင်းဆုံး အသက်အရွယ်ဟု ဆိုကြသည်။ အသက် ၃၅ နှစ်ကျော်လျှင်ပင် သားသမီးမွေးဖွားရန် မသင့်တော့ကြောင်း၊ အကြောင်းမှာ မွေးလာသောရင်သွေးငယ်၌ ဉာဏ်ရည်မမီသော ဒေါင်းရောဂါလက္ခဏာစု...