———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———- ကျွန်မတို့က လက်ရှိအသက်ထက် ပိုနုပျိုလိုကြတယ်။ အရွယ်တင်နုပျိုတယ်ဆိုတာ မျိုးရိုးကလည်း အရေးပါသလို စားသောက်တဲ့ အစားအသောက်တွေကလည်း လွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် သင့်အသက်ကို လက်ရှိထက် ၁၀ နှစ်ငယ်တယ်လို့ အမြဲထင်ရလောက်အောင် နုပျိုဖို့ ဘာတွေစားပေးသင့်သလဲဆိုတာ လေ့လာကြည့်ရအောင်။...
———၊ ဇွန် ၊——— သင်စားတဲ့အတိုင်း သင်ဖြစ်တယ်ဆိုတဲ့ စကားလိုပဲ သင်စားတဲ့ အစာတွေကြောင့် ပိန်တာ၊ ဝတာ စတဲ့ပြောင်းလဲမှုတွေ ဖြစ်တတ်သလို နုပျိုတာ၊ အိုမင်းတာတွေလည်း ဖြစ်တတ်ပါတယ်။ အစားအသောက်က ကျန်းမာရေးနဲ့မညီညွတ်ရင် အသားအရေရဲ ့ အိုမင်းမှုဖြစ်စဉ်ကို တိုးစေတာကြောင့် ရှောင်သင့်ပါတယ်။...
———၊ ကိုထက် ၊——— မဲလ်ဘုန်းရှိ လာထရော့ဘ်တက္ကသိုလ်မှ စိတ်ပညာရှင် ပါမောက္ခတစ်ဦးက ဆဲလ်ဖီဓာတ်ပုံရိုက်သူအ များစုဟာ သူတို့ဘယ်ဘက်မျက်နှာအခြမ်းကို ပုံတင်ပြသရတာ သဘောကျကြောင်း တွေ ့ရှိထားပါတယ်။ သူက အင်စတာဂရမ်ရှိ ဆဲလ်ဖီပုံ ၂၀ဝဝ ကျော်ကို ဆန်းစစ်ခဲ့ပြီး လူတွေရဲ ့မျက်နှာတစ်ဖက်ခြမ်းက...
———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊——— သဘာဝဆေး (၁) ခရမ်းချဉ်သီး မျက်ခွံတွေပေါ်ကို ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးစိတ်နှစ်စိတ်ကို ကပ်ပေးတာက အေးမြမှုကို ချက်ချင်းရရှိစေပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုအရ အေးမြမှုဟာ သွေးကြောတွေကို ကျဉ်းစေတာကြောင့် ရောင်ရမ်းမှုက ယာယီလျော့ကျသွားတယ်လို့ သိရပါတယ်။ ကောင်းကျိုး...
———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊——— အရွယ်ရောက်ချိန်မှာပေါက်တဲ့ ဝက်ခြံက တော်တော်နဲ့ မပျောက်ဘူးဆိုတာမျိုး သင်ကြားဖူးမှာပါ။ ဝက်ခြံနဲ့ပတ်သက်တဲ့ ဒီလိုအယူအဆတွေက အမှန်လား၊ ထင်မြင်ချက်သက်သက်ပဲလားဆိုတာ သိစေဖို့ အရေပြားအထူးကု ဆရာဝန်တွေရဲ ့ အကြံပြုပြောဆိုချက်တွေကို ရေးသားလိုက်ရပါတယ်။ အယူအဆ (၁) အရွယ်ရောက်ချိန်ပေါက်တဲ့...
———၊ လရိပ်မေ ၊——— (၁) အောင်မြင်လိုတဲ့ စိတ်ခွန်အားထားရှိခြင်း ရုပ်ပိုင်းဆိုင်ရာ မပြောင်းလဲခင် စိတ်ကအရင် ပြောင်းလဲတာကြောင့် စိတ်ဆိုတာ အရာရာအောင်မြင်ဖို့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ (၂) ရာသီဥတုအခြေအနေကို လျစ်လျူရှုခြင်း ရာသီဥတုက ကျွန်မတို့ကို စိတ်တက်ကြွအောင် နှိုးဆော်ပေးသလို...
———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊——— အမျိုးသမီးတစ်ဦးက ကြက်ဥဝယ်ဖို့ ဈေးမေးခဲ့တယ်။ “ကြက်ဥတစ်လုံး ဘယ်လောက်လဲ” ဈေးသည်အဘိုးကြီးက ပြန်ဖြေပါတယ်။ “ကြက်ဥတစ်လုံး ၂၀ဝ ကျပ်ပါ” “ကြက်ဥ ၆ လုံး တစ်ထောင်နဲ့ရမလားအဘိုး၊ မရရင် မယူတော့ဘူး” အဘိုးကပြန်ဖြေတယ်။ “အဲဒီဈေးက...
———၊ လရိပ်မေ ၊——— အိပ်ရာစောစောထတဲ့ သူတွေဟာ ညဉ့်နက်တဲ့အထိ အလုပ်လုပ်ပြီး နေ့မြင့်မှ အိပ်ရာထသူတွေထက် ပိုမိုပျော်ရွှင်ကာ သွယ်လျကျန်းမာကြကြောင်း လေ့လာမှုအတော်များများအရ သိရပါတယ်။ နံနက်စောစောထတဲ့သူတွေက အလုပ်မှာ ပိုမိုစွမ်းဆောင်နိုင်စွမ်းရှိပြီး အလုပ်တွင်ကျယ်တာကြောင့် ယေဘုယျအားဖြင့် ဝင်ငွေပိုကောင်းကြကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ ကျောင်းသား၊...
———၊လရိပ်မေ ၊——— ဝိတ်ချတဲ့အခါမှာ ရင်သားတွဲကျတာက ဖြစ်လေ့ဖြစ်ထရှိပေမယ့် အမျိုးသမီးအများစုက ရင်သားတွဲကျတာကြောင့် စိတ်ထဲမှာ မသက်မသာ ဖြစ်ရတတ်ပါတယ်။ ဝိတ်ကျပြီးချိန်မှာ လေ့ကျင့်ခန်း၊ ကျန်းမာရေးနဲ့အညီ စားသောက်ခြင်းနဲ့ တခြားလိုက်နာစရာလေးတွေကို လိုက်နာလိုက်ရင် ရင်သားတင်းရင်းပြီး ပုံကျလှပလာမှာပါ။ (၁) ရင်ဘတ်ကြွက်သားကိုသာမက တစ်ကိုယ်လုံးကို လေ့ကျင့်ခန်းလုပ်ပါ...
(၁) အပြစ်ကင်းစင်လိုခြင်း ကိုယ့်ကိုယ်ကိုယ် အောင်မြင်အောင် ကြိုးစားနေချိန်မှာ စင်းလုံးချောဖြစ်ဖို့ မမျှော်မှန်းသင့်ပါဘူး။ ဒီလိုအပြစ်ကင်းဖို့ မျှော်လင့်တာက အလုပ်မတွင်စေတဲ့ အကျင့်တစ်ခုပါ။ (၂) ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားသူတွေအပေါ် ဝေဖန်ပြစ်တင်လိုခြင်း ဘာပဲလုပ်လုပ် မကောင်းတဲ့အရည်အချင်းတွေ ပေါ်မှာချည်း အာရုံစိုက်မနေပါနဲ့။ ဝေဖန်ပြစ်တင်တတ်တဲ့စိတ်က အလုပ်မတွင်စေပါဘူး။ (၃)...