Healthy Life Ad
Health Tips

ကျန်းမာကြည့်ကောင်းအောင် ဘယ်လို နေထိုင်သင့်သလဲ

———၊ လရိပ်မေ ၊———

ဘဝမှာ ပျော်ရွှင်မှု၊ ကျေနပ်မှု၊ ချစ်ခြင်းမေတ္တာ၊ လေ့လာသင်ယူနိုင်စွမ်း၊ ဉာဏ်ပညာအစရှိတဲ့ အရာတွေကို ပိုင်ဆိုင်တာက ကျန်းမာရေး၊ အောင်မြင်မှု၊ အလုပ်တွင်ကျယ်မှု စတာတွေနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။ ဒါကြောင့် ကျန်းမာကြည့်ကောင်းတဲ့ ဘဝပိုင်ဆိုင်ဖို့အတွက် လူတိုင်းလိုက်နာသင့်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ရေချိုးရင်း စိတ်ကိုဆေးကြောပါ

နံနက်ခင်းမှာ အလုပ်သွားဖို့နဲ့ အပြင်ထွက်ဖို့ အလုပ်ရှုပ်နေရင်တောင် ခန္ဓာကိုယ်သန်စင်စေဖို့ ရေချိုးရင်း စိတ်ကြည်လင် အေးချမ်းစေဖို့ တရားမှတ်သင့်ပါတယ်။ တရားမှတ်တာကြောင့် စိတ်တည်ငြိမ်အေးချမ်းစေတဲ့အပြင် အလုပ်မှာ ဆုံးဖြတ်ချက်ကို ကောင်းကောင်းချမှတ်နိုင်စေပါတယ်။

(၂) တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ

နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်တဲ့ အလေ့အထကို စွဲမြဲအောင်လုပ်ဆောင်ပါ။ သွားတိုက်ရင်း “ကျန်းမာခြင်းနဲ့ အောင်မြင်မှုကို ရရှိနေပြီ”ဆိုပြီး ရွတ်ဆိုပေးပါ။

(၃) တက်ကြွစွာ နေထိုင်ပါ

ကားဆီကို လမ်းလျှောက်တဲ့အခါ၊ အလုပ်ထဲမှာ သွားလာတဲ့အခါ အမြဲတမ်း တက်တက်ကြွကြွ ရှိနေပါစေ။

(၄) သေချာ ဝတ်စားဆင်ယင်ပါ

သင့်အဝတ်ဗီရိုထဲမှာ အရေးကြီးတဲ့ အစည်းအဝေးအတွက်၊ ပုံမှန်အလုပ်သွားရာမှာ ဝတ်ဆင်ဖို့အတွက်၊ ပွဲလမ်းသဘင် အခမ်းအနားတွေအတွက် စသဖြင့် ခွဲခြားထားရှိပါ။ ဒါဆိုရင် သူ့နေရာနဲ့သူ စမတ်ကျကြည့်ကောင်းနေပါလိမ့်မယ်။

(၅) ကြိုတင်ကာကွယ်ပါ

ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေကို လိုက်နာပေးပါ။ ကာကွယ်ဆေးထိုးပါ၊ အစာစားတိုင်း ကျန်းမာရေးနဲ့ ညီညွတ်တာကို ရွေးစားပါ။ အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးကို ရှောင်ကြဉ်ပါ။ လိုအပ်ရင် အားဆေးမှီဝဲပါ။

(၆) အိပ်ရေးဝ၀ အိပ်စက်ပါ

အိပ်ရေးပျက်တဲ့အထိ အလုပ်လုပ်ထားသူ၊ အပျော်ကြူးထားသူတွေရဲ ့ အသွင်အပြင်က နွမ်းနယ်ထိုင်းမှိုင်းနေတတ်ပါတယ်။ ဒါကြောင့် ညတိုင်း အိပ်ရေးဝ၀ အိပ်စက်အနားယူပေးပါ။ ကောင်းမွန်တဲ့ အတွေးအခေါ်၊ စိတ်ခံစားချက်တွေနဲ့အတူ နိုးထနိုင်ပါလိမ့်မယ်။

(Ref;wikihow)

Most Popular

Healthy Life Ad
To Top