Healthy Life Ad
Health Tips

အမျိုးသားတို့ ခံတွင်းကျန်းမာပြီး သွားဖြူစင်စေမည့် နည်းလမ်း ၁၀

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

အမျိုးသားတွေဟာ သွားနဲ့ခံတွင်း ကျန်းမာရေးကို အလေးမထားတဲ့အတွက် သွားပိုးစားတာ၊ သွားဖုံးနာတာ အစရှိတဲ့ သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေ အဖြစ်များတတ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေ ခံတွင်းကျန်းမာပြီး သွားဖြူစင်စေမယ့် နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

alignnone size-medium wp-image-63809
(၁) သွားဖြူစေမည့် အစာများ ရွေးချယ်ပါ

ဝိုင်နီ၊ အရောင်ရင့်တဲ့ အချိုရည်၊ ဆေးလိပ် စတာတွေကို သောက်တာကြောင့် သွားဖြူစင်မှုကို ထိခိုက်စေနိုင်ပါတယ်။ သင့်ပါးစပ်ထဲကိုထည့်မယ့် အစားအသောက်တွေက အရောင်ရင့်နေရင် သင့်သွားမှာ အစွန်းအထင်းတွေ ထင်နိုင်ခြေရှိပါတယ်။ သွားကို စွန်းထင်းစေတဲ့ အစာတွေကိုရှောင်ပါ။ မရှောင်နိုင်လို့ စားသောက်မိရင် ချက်ချင်းသွားတိုက်ပေးပါ။ သွားမတိုက်နိုင်ရင် သွားဖြူစင်စေမယ့် ပန်းသီးတစ်လုံးကိုစားပေးပါ။

(၂) သွားတိုက်တံကို စစ်ဆေးပါ

ဒါမှမဟုတ် နှစ်လ-သုံးလတစ်ခါ သွားတိုက်တံကို အသစ်လဲပါ။ သွားတိုက်တံကို သင့်သွားဖုံးပေါ်မှာ ၄၅ ဒီဂရီစောင်းပြီး တင်ကာ စက်ဝိုင်းပုံအတိုင်းလှည့် လည်ပွတ်တိုက်ပေးပါ။

alignnone size-medium wp-image-63810
(၃) လျှာကိုတိုက်ပါ

နံနက်တိုင်း လျှာခြစ်တံ ဒါမှမဟုတ် သွားတိုက်တံ အနုစားကိုသုံးပြီး သင့်လျှာပေါ်ကို ပွတ်တိုက်ပေးပါ။ လျှာကို တိုက်တာကြောင့် သွားချေးဖတ်တွေ ကင်းစင်စေတဲ့အပြင် ခံတွင်းနံ့သင်းပျံ့စေပါတယ်။ ခံတွင်းအနံ့ဆိုးထွက်စေတဲ့ အကြောင်းရင်းတစ်ခုက လျှာပေါ်မှာ ဘက်တီးရီးယားတွေ ကပ်ငြိတာကြောင့် ဖြစ်တဲ့အတွက် လျှာခြစ်တံနဲ့ နေ့တိုင်းတိုက်ပေးသင့်တာ ဖြစ်ပါတယ်။

(၄) သွားသန့်ရှင်းစေမည့် အစာများ စားပါ

စားတဲ့အစာက သွားတွေကို စွန်းထင်းညစ်ပတ်စေမှုမရှိဘဲ သွားတွေကို သန့်စင်အောင်လုပ်ပေးနိုင်ရင် အကောင်းဆုံးပါ။ အဲဒီလို အစွမ်းသတ္တိရရှိစေဖို့ ပန်းသီးကို ကြိတ်ဝါးပေးပါ။ မုန်လာဥနီ၊ တရုတ်နံနံ စတာတွေကို စားပေးရင်လည်း သွားတွေသန့်ရှင်းစေပါတယ်။

(၅) ရှလကာရည်နှင့် အာလုတ်ကျင်းပါ

မနက်ခင်းမှာ ရှလကာရည်နဲ့ အာလုတ်ကျင်းပေးပါ။ ပြီးရင် ခါတိုင်းလို သွားတိုက်လိုက်ပါ။ ရှလကာရည်က သွားအစွန်းအထင်းတွေကို ကင်းစေပြီး သွားဖြူစင်ကာ ခံတွင်းနဲ့ သွားဖုံးထဲက ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေပါတယ်။

alignnone size-medium wp-image-63814
(၆) တစ်ပတ်တစ်ကြိမ် ဆော်ဒါမှုန့်ဖြင့် သွားတိုက်ပါ

ဆော်ဒါမှုန့်နဲ့ သွားတိုက်တာကြောင့် သွားအစွန်းအထင်းတွေကင်းစေပြီး သွားဖြူစေပါတယ်။ ဆားကိုလည်း သွားတိုက်ဆေးအစားသုံးပြီး တိုက်နိုင်ပါတယ်။

(၇) ခံတွင်းနံ့ကို ဆန်းစစ်ကြည့်ပါ

ခံတွင်းနံ့သင်းပျံ ့မှုရှိရဲ့လားဆိုတာ သိအောင် သင့်လက်ဖဝါးပေါ်မှာ လျှာနဲ့လျက်ကြည့်ပြီး စိုနေတုန်း နမ်းကြည့်လိုက်ပါ။ အနံ့ထွက်နေရင် သကြားမပါတဲ့ ပူရှိန်းစားသင့်နေပါပြီ။ ဒါမှမဟုတ် အယ်လ်ကိုဟောမပါတဲ့ ခံတွင်းသန့်စင်ဆေးရည် သုံးလိုက်ပါ။ ခံတွင်းသန့်စင်ဆေးရည်ထဲမှာ အယ်လ်ကိုဟောပါရင် ခံတွင်းထဲက တစ်သျှူးတွေကို ခြောက်စေပြီး ဘက်တီးရီးယားပိုး ဝင်လွယ်နိုင်ခြေ များပါတယ်။

alignnone size-medium wp-image-63820
(၈) သွားကြားထိုးကြိုး သုံးပါ

မှန်ကြည့်ပြီး သွားကြားထိုးကြိုးသုံးတာ မဟုတ်ဘဲ ကားထဲ၊ အလုပ်စားပွဲရှေ ့နဲ့ အိပ်ရာထဲမှာပါ သွားကြားထိုးကြိုး သုံးတတ်အောင် ကျင့်ထားပါ။

(၉) အိပ်ရာမဝင်မီ သွားတိုက်ပါ

အိပ်ရာမဝင်ခင် သွားတိုက်တာက မနက်အိပ်ရာထချိန် သွားတိုက်တာထက် ပိုအရေးပါနေပါတယ်။ တကယ်လို့ သွားမတိုက်ဘဲ အိပ်ရာဝင်ရင် တံတွေးတွေက တစ်ညလုံးခြောက်ပြီး ဘက်တီးရီးယားတွေ ပွားများကာ မနက်မှာ ခံတွင်းနံ့ နံစော်နေပါလိမ့်မယ်။ သွားပိုးစားနိုင်ခြေလည်း များပါတယ်။

(၁၀) ဆေးလိပ်၊ ဆေးရွက်ကြီးကို ရှောင်ပါ

ဆေးလိပ်နဲ့ ဆေးရွက်ကြီးပါတဲ့ ကွမ်းယာတွေက ခံတွင်းကင်ဆာဖြစ်စေနိုင်ပြီး သွားတွေကို ထိခိုက်စေတဲ့အတွက် ရှောင်သင့်ပါတယ်။

alignnone size-medium wp-image-63813

(Ref;RD)

Most Popular

Healthy Life Ad
To Top