အစာအိမ်အက်စစ်တွေက အစာကြေညက်ဖို့အတွက် အလွန်အရေးပါပေမယ့် အထွက်မများသင့်ပါဘူး။ ပူစပ်တဲ့ အစာတွေကို ရှောင်တာက အစာအိမ်အက်စစ် အထွက်မများအောင် ထိန်းချုပ်နိုင်တဲ့ အကောင်းဆုံးနည်းဖြစ်ပါတယ်။
အစာအိမ်အက်စစ် အထွက်မများစေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။
• အစာကို နည်းနည်းနဲ့ မကြာခဏ ပုံမှန်စားပေးပါ။
• ညဉ့်နက်တဲ့အချိန်မှာ အစာစားတာကိုရှောင်ပါ။ ခေါင်းကို အနည်းငယ်မြှင့်ပြီး အိပ်စက်ပါ။
• ပူဒီနာ(ပူစီနံ) လက်ဖက်ရည်ကြမ်း ရှောင်ပါ။
• ကိုယ်အလေးချိန်များနေတဲ့သူတွေမှာ ကိုယ်အလေးချိန် လျှော့ချတာက အစာအိမ်အက်စစ် အထွက်မများစေမယ့် ဖြေရှင်းနည်း တစ်ခုပဲဖြစ်ပါတယ်။
• အက်စ်ပရင်ဆေးနဲ့ အိုင်ဗျူပရိုဖန်ဆေး မှီဝဲတာကြောင့် အစာအိမ်အက်စစ် အထွက်များတာကို ပိုဆိုးစေနိုင်ပါတယ်။
• ဆေးလိပ်သောက်တာကြောင့် အစာအိမ်အက်စစ်အထွက်များစေတဲ့အတွက် ဆေးလိပ်မသောက်ပါနဲ့။