Healthy Life Ad
Health Tips

သင့်နှုတ်ခမ်းက ပြောပြနေသည့် သင့်ကျန်းမာရေး

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

နှုတ်ခမ်းတွေမှာ အာရုံကြောအမျှင် တစ်သန်းကျော်ရှိတာကြောင့် လက်ချောင်းထိပ်တွေထက်တောင် ထိသိခံစားမှုအား ပိုကောင်းပါတယ်။ နှုတ်ခမ်းသားဆိုတာ ကိုယ်တွင်းကျန်းမာရေးကို ထင်ဟပ်ပြသနေတဲ့ မှန်တစ်ချပ်ဖြစ်ပြီး အောက်ပါလက္ခဏာတွေရှိရင် သင့်မှာ ကျန်းမာရေးပြဿနာရှိနေပြီဆိုပြီး သတိထားသင့်ပါတယ်။

alignnone size-medium wp-image-63567
နှုတ်ခမ်းထောင့်တွင် အက်နေခြင်း

တံတွေးတွေက နှုတ်ခမ်းထောင့်မှာ စုပုံနေတဲ့အခါ အရေပြားခြောက်သွေ့ပြီး အက်ကွဲတာကို ဖြစ်စေနိုင်ပါတယ်။ သင့်နှုတ်ခမ်းကို မကြာခဏ လျှာနဲ့သပ်ပေးရင်လည်း ထောင့်မှာကျန်ခဲ့တဲ့ စိုထိုင်းဆက ကူးစက်ပိုးဝင်တဲ့အခြေအနေကို ဖြစ်စေနိုင်ပါတယ်။ ကူးစက်ပိုးဝင်တာဟာ နှုတ်ခမ်းထောင့် အက်ရာထင်စေတဲ့ အဖြစ်များဆုံး အကြောင်းရင်းပါ။ မကြာခဏဖြစ်နေရင်တော့ ဆရာဝန်ဆီ သွားပြသင့်ပါတယ်။

alignnone size-medium wp-image-63568
နှုတ်ခမ်းခြောက်ပြီး အက်ကွဲနေခြင်း

နှုတ်ခမ်းသားခြောက်သွေ့တာက တစ်ကိုယ်လုံးစိုထိုင်းဆ ဆုံးရှုံးစေတဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများတာနဲ့ ရာသီဥတုအခြေအနေကြောင့် ဖြစ်နိုင်ပါတယ်။ နှုတ်ခမ်းခြောက်ပြီး အက်ကွဲနေချိန်မှာ ရေများများသောက်ပြီး အစိုဓာတ်ထိန်းခရင်မ် လိမ်းသင့်ပါတယ်။ နှုတ်ခမ်းခြောက်ရတဲ့ အကြောင်းရင်းက ဓာတ်မတည့်မှုကြောင့် ဖြစ်နိုင်ပါတယ်။

alignnone size-medium wp-image-63569
နှုတ်ခမ်းသားအရောင် ပြောင်းခြင်း

နှုတ်ခမ်းကပြာနေရင် သွေးထဲအောက်ဆီဂျင်နည်းတဲ့ လက္ခဏာပါ။ လက်ချောင်းနဲ့ခြေချောင်းတွေမှာလည်း တူညီတဲ့ လက္ခဏာပြတတ်ပါ တယ်။ နှုတ်ခမ်းသား ဖြူဖျော့နေရင် သွေးအားနည်းရောဂါလက္ခဏာဖြစ် နိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်နည်းတာ၊ သွေးလှည့်ပတ်မှုဆိုင်ရာ ပြဿနာရှိတာ၊ ဗီတာမင်ချို့တဲ့တာတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။

alignnone size-medium wp-image-63570
နှုတ်ခမ်းပေါ် အလုံးအဖုပေါက်ခြင်း

နှုတ်ခမ်းသားပေါ် အလုံးအဖုပေါက်တာက အလွန်နာကျင်ပြီး မသက်မသာ ဖြစ်စေနိုင်ပါတယ်။ အများအားဖြင့် နာကျင်မှုမရှိသလို ကုသစရာမလိုဘဲ ပျောက်သွားနိုင်ပါတယ်။ အစာနဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်တတ်ပါတယ်။ ရေယုန်လို ဗိုင်းရပ်စ်ကူးစက်ပိုးဝင်တာကြောင့် မကြာခဏ ဖြစ်တတ်ပါတယ်။

alignnone size-medium wp-image-63571
နှုတ်ခမ်းပတ်လည်တွင် အနီကွင်းဖြစ်ခြင်း

နှုတ်ခမ်းပတ်လည်မှာ အနီကွင်းဖြစ်ရတဲ့ အဓိကအကြောင်းရင်း တစ်ခုက အရေပြားရောင်ရမ်းတဲ့ ဝေဒနာကြောင့်ပါ။ နှုတ်ခမ်းကို လျှာနဲ့ထပ်ခါထပ်ခါ လျှက်တာက နှုတ်ခမ်းတဝိုက် သဘာဝအဆီကို ခြောက်သွေ့စေပြီး နှုတ်ခမ်းယားယံတတ်ပါတယ်။ အစိုဓာတ်ထိန်းခရင်မ်လိမ်းတဲ့ နည်းကို လုပ်ဆောင်ပေးပါ။

alignnone size-medium wp-image-63572
အပေါ်နှုတ်ခမ်းပေါ် အရေးကြောင်းထင်ခြင်း

အပေါ်နှုတ်ခမ်းမှာ အရေးကြောင်းထင်တာကို သတိပြုမိရင် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာအကြောင်းပြချက်တွေ ရှိတာဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများလွန်းတာ၊ ဆေးလိပ်သောက်လွန်းတာ၊ အရည်တွေကို ပိုက်နဲ့သောက်တာတွေလို မကောင်းတဲ့အကျင့်တွေကို ဆင်ခြင်ရပါမယ်။

alignnone size-medium wp-image-63573
(၇) နှုတ်ခမ်းသား ရောင်ရမ်းခြင်း

နှုတ်ခမ်းသားရောင်ရမ်းတာက ဓာတ်မတည့်တုံ့ပြန်တဲ့ လက္ခဏာတစ်ရပ်ပါ။ နှုတ်ခမ်းနီဆိုးပြီး နှုတ်ခမ်းက ပိုကြီးလာတယ်ဆိုရင် အဲဒီနှုတ်ခမ်းနီကို ဆက်မဆိုးသင့်တော့ပါဘူး။

alignnone size-medium wp-image-63574
နှုတ်ခမ်းပေါ် အမည်းစက်များထင်ခြင်း

နှုတ်ခမ်းသားပေါ်မှာ အမည်းစက်တွေထင်နေရင် လျစ်လျူရှုမထားသင့်ပါဘူး။ အကောင်းဆုံးနည်းလမ်းက ဆရာဝန်သွားပြသင့်တာပဲ ဖြစ်ပါတယ်။

ရောင်ခြယ်ပစ္စည်း အလွန်အမင်းထွက်ရှိတာကြောင့် ဖြစ်တတ်ပါတယ်။ ဒါဆိုရင် နှုတ်ခမ်းသားမှာသာမက ပါးပြင်၊ နှာခေါင်းနဲ့ နဖူးပေါ်မှာလည်း အမည်းစက်ထင်တတ်ပါတယ်။

နေရောင်ခြည်ကျရောက်တာကြောင့်လည်း နှုတ်ခမ်းသားပေါ် အမည်းစက်ထင်တတ်ပါတယ်။ အမည်းစက်တွေ သိပ်များလာရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

တစ်ခါတလေ သင်စားလိုက်တဲ့အစားအသောက်ကနေ သံဓာတ်အများအပြား စုပ်ယူရရှိလို့လည်း နှုတ်ခမ်းပေါ် အမည်းစက်ထင်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top