———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊——— နှုတ်ခမ်းတွေမှာ အာရုံကြောအမျှင် တစ်သန်းကျော်ရှိတာကြောင့် လက်ချောင်းထိပ်တွေထက်တောင် ထိသိခံစားမှုအား ပိုကောင်းပါတယ်။ နှုတ်ခမ်းသားဆိုတာ ကိုယ်တွင်းကျန်းမာရေးကို ထင်ဟပ်ပြသနေတဲ့ မှန်တစ်ချပ်ဖြစ်ပြီး အောက်ပါလက္ခဏာတွေရှိရင် သင့်မှာ ကျန်းမာရေးပြဿနာရှိနေပြီဆိုပြီး သတိထားသင့်ပါတယ်။ နှုတ်ခမ်းထောင့်တွင် အက်နေခြင်း တံတွေးတွေက နှုတ်ခမ်းထောင့်မှာ...
———၊ လရိပ်မေ ၊——— ခါးတုတ်နေလို့ အဝတ်အစားဝတ်ရတာ အဆင်မပြေဘူးလား။ စိတ်မပူပါနဲ့။ အဝတ်အစားပုံစံက စမတ်ကျနေရင် ခါးအလှပေါ်လွင်ပြီး သင့်ခန္ဓာကိုယ်ကို သွယ်လျအချိုးကျသွားစေပါလိမ့်မယ်။ ခါးအလှပေါ်လွင်အောင် ဝတ်ဆင်သင့်သည့် ဖက်ရှင် ၁။ V ပုံသဏ္ဍာန်အင်္ကျီ လည်ပင်းပေါက်က V ပုံသဏ္ဍာန်ရှိနေရင် သင့်ခါးကို...
၃၅ ရက်ကြာတိုင်းကြာတိုင်း အရေပြားက ဆဲလ်အသစ် အစားထိုးဖြစ်ပေါ်လာပါတယ်။ တစ်လကြာတိုင်း အသည်းက ဆဲလ်အသစ်အစားထိုး ဖြစ်ပေါ်လာပါတယ်။ သင့်ခန္ဓာကိုယ်က ဒီဆဲလ်သစ်တွေကို သင်စားသောက်လိုက်တဲ့ အစားအသောက်ကနေ ရယူတာဖြစ်ပါတယ်။ ဒါကြောင့် သင်စားသောက်သမျှအတိုင်း သင့်ပုံစံဖြစ်လာတာ မဆန်းပါဘူး။
သင့်အနေနဲ့ ညဘက်မှာ အိပ်ပျော်ဖို့ ဒါမှမဟုတ် ကောင်းကောင်းအနားရဖို့ အခက်အခဲရှိနေရင် ခပ်နွေးနွေးရေနဲ့ ရေချိုးလိုက်ပါ။ ခပ်နွေးနွေးရေနဲ့ ရေချိုးတာကြောင့် အာရုံကြောစနစ်ကို သက်သာတည်ငြိမ်စေပါတယ်။ ဒါ့အပြင် ကြွက်သားတွေကို အပန်းပြေစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာလက္ခဏာတွေကို သက်သာစေကာ အသားအရေအဖုအပိမ့် အနာအဆာတွေကို သက်သာစေပါတယ်။