Healthy Life Ad
Q & A

အသားပပ်တာ သက်သာအောင် ဘယ်လိုလုပ်ရပါ့ . .

—–၊ ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) ၊—–

Q. ရာသီဥတုနည်းနည်းအေးတာနဲ့ အသားခြောက်ပြီး အသားပပ်စပြုနေပါပြီ။ ဘယ်လိုသက်သာအောင် လုပ်သင့်ပါသလဲ။

A. အသားပပ်တဲ့သူတွေက ရေဓာတ်ဖြည့်ပေးတဲ့ အရေပြားထိန်း Moisturizer ကိုသုံးသင့်ပါတယ်။ ရေချိုးပြီး ငါးမိနစ်အတွင်း Moisturizer ကို လိမ်းသင့်ပါတယ်။ နေ့ဘက်မှာ နေရောင်ကာခရင်မ်လိမ်းဖို့လည်း မမေ့သင့်ပါဘူး။ အသားပပ်တဲ့ အရေပြားရှိရင် အနံ့မပါတဲ့ ဆပ်ပြာပျော့ပျော့သုံးသင့်ပါတယ်။ ရေချိုးတဲ့အခါ အချိန်ငါးမိနစ်လောက်ပဲ ပေးသင့်ပါတယ်။ ရေချိုးချိန်ကြာရင်၊ ဆပ်ပြာပြင်းပြင်းတိုက်ရင် အရေပြားကို ပိုခြောက်သွေ့နိုင်ပါတယ်။ အရေပြားကို အဆီလွှာက ဖုံးထားတာဖြစ်လို့ ငါးအဆီတွေ၊ တိုဟူး၊ မြေပဲ၊ ပဲ၊ ပဲနို့ စတာတွေကို စားသောက်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top