Healthy Life Ad
Health Tips

ကိုယ်နေဟန်ထား မှန်ကန်စေမည့် လေ့ကျင့်နည်း

———၊ ငွေကြယ်စင်ယံ ၊———

သင့်အနေနဲ့ ကိုယ်နေဟန်ထား မားမားမတ်မတ်နဲ့ စမတ်ကျကျနေတာက သင့်ကို ကြည့်ကောင်းစေရုံသာမက ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ကိုယ်နေဟန်ထားမှန်ကန်မှုမရှိရင် ခါးနာခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲခြင်း စတဲ့ ဝေဒနာအများစုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခါးနာတယ်ဆိုတာ ကိုယ်နေဟန်ထားမကောင်းခြင်းကြောင့် ဖြစ်တတ်တဲ့ အဓိက နောက်ဆက်တွဲဝေဒနာတစ်ရပ်ပါ။ အင်္ဂလန်နိုင်ငံမှာဆိုရင် အသက် ၁၆ နှစ်နဲ့ အထက်ရှိသူ ငါးဦးအနက် လေးဦးခန့်ဟာ ဘဝမှာ တစ်ချိန်မဟုတ်တစ်ချိန် ဆိုသလို ခါးနာတဲ့ဝေဒနာကို ခံစားရတတ်ကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ ဒါကြောင့် ခါးနာခြင်းနဲ့ တခြားဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲတဲ့ဝေဒနာတွေ မခံစားရစေဖို့ ကိုယ်နေဟန်ထားမှန်ကန်အောင် လုပ်သင့်တဲ့ လေ့ကျင့်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

alignnone size-medium wp-image-63513
(၁) Pilates လေ့ကျင့်နည်း

Pilates လေ့ကျင့်နည်းဟာ ဝမ်းဗိုက်ကြွက်သားတွေကို သန်စွမ်းစေပြီး ကိုယ်နေဟန်ထား စမတ်ကျစေကာ ခါးနာဝေဒနာကို သက်သာစေပါတယ်။ ထိုင်တဲ့အခါ ပခုံးတွေမတ်မနေဘဲ လျှောနေတာ၊ ခါးကိုင်းနေတာ၊ လမ်းလျှောက်တဲ့အခါ မားမားမတ်မတ်မရှိတာ စတဲ့ ကိုယ်နေဟန်အားလုံးဟာ ဒီလေ့ကျင့်ခန်းလုပ်ရုံနဲ့ အဆင်ပြေသွားတတ်ပါတယ်။

alignnone size-medium wp-image-63514
(၂) ယောဂကျင့်ခြင်း

ယောဂစကျင့်သူတွေအနေနဲ့ တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ လေ့ကျင့်သင့်ပါတယ်။ ယောဂကျင့်စဉ်အမျိုးမျိုးရှိပြီး ကျင့်စဉ်တိုင်းဟာ ခန္ဓာကိုယ်ရဲ ့တင်းအားကို လျော့ကျစေပါတယ်။ ဒါ့အပြင် ကြွက်သားနဲ့ အဆစ်တွေရဲ ့ ဟန်ချက်ညီမျှမှုကိုလည်း အားကောင်းစေပါတယ်။ ပုံမှန်ယောဂကျင့်ပေးရင် ကိုယ်နေဟန်ထားမမှန်ခြင်းကြောင့် ဖြစ်တတ်တဲ့ ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။ ယောဂကျင့်တာက ခန္ဓာကိုယ်တစ်ခုလုံးကို အညောင်းပြေစေပါတယ်။

ထိုင်ခုံမှာ စမတ်ကျကျ ထိုင်တတ်စေရန်

(၁) မတ်မတ်ရပ်ပါ။ တင်ပဆုံရိုးနဲ့ ကျောရိုးတွေ တဖြောင့်တည်းဖြစ်နေအောင် မားမားမတ်မတ်ရပ်ပါ။

alignnone size-medium wp-image-63515

(၂) ကျောနဲ့ တင်ပါးဖြောင့်နေပြီဆိုရင် ဒီအနေအထားအတိုင်း ထိုင်ချလိုက်ပါ။

(၃) သင့်ခြေဖဝါးတွေကို တင်ပါးအကျယ်အတိုင်း ခွဲထားပြီး ကြမ်းပြင်ပေါ်မှာ အပြားလိုက်ချထားပါ။ တင်ပါးနဲ့ ဒူးတွေကို ၉၀ ဒီဂရီကျအောင် ကွေးထားသင့်ပါတယ်။

(၄) ပခုံးတွေကို ထိုင်ခုံနောက်မှီပေါ် မှီချလိုက်တဲ့အခါ ရင်အုံကို ကျယ်သွားအောင် ဖြန့်ထားပါ။

(၅) ဒီအနေအထားအတိုင်းဆိုရင် ဦးခေါင်းကိုဘေးဘယ်ညာဘက်ကို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပါတယ်။

alignnone size-medium wp-image-63516

Most Popular

Healthy Life Ad
To Top