Healthy Life Ad
Health Tips

ခန္ဓာကိုယ်သွယ်လျစေမည့် သရေစာများ

အခုနောက်ပိုင်းမှာ အဆင်သင့်အစာတွေကို သဘောကျလာတဲ့အတွက် သကြားနဲ့ ပြည့်ဝဆီတွေပါတဲ့ အစာတွေကို သရေစာအဖြစ် စားဖြစ်နှုန်းများလာကာ ကိုယ်အလေးချိန်မြင့်တက်လာပါတော့တယ်။ ဒါကြောင့် ခန္ဓာကိုယ်သွယ်လျစေဖို့ စားသင့်တဲ့သရေစာတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ငါးစားပါ

သရေစာအဖြစ် ငါးနဲ့ပြုလုပ်ထားတဲ့ သရေစာတွေကိုစားပါ။ အထူးသဖြင့် တူနာငါးမှာ ပရိုတင်းဓာတ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တဲ့အတွက် အစာစားချင်စိတ်ကို ဟန့်တားပေးပြီး ဗိုက်ပြည့်စေပါတယ်။

(၂) အေးခဲထားသော ဟင်းသီးဟင်းရွက်များစားပါ

ဗိုက်ဆာတဲ့အခါ အေးခဲထားပြီး အစိမ်းလိုက်စားလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးသင့်ပါတယ်။ အဲဒီအစာတွေမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေလိုပဲ တူညီတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ကယ်လိုရီနည်းပါးပြီး အမျှင်ဓာတ်ပါဝင်မှုလည်းများတဲ့အတွက် စိတ်ကျေနပ်ပြီး ကြာကြာဗိုက်ပြည့်စေပါတယ်။

(၃) အခွံမာစေ့စားပါ

အခွံမာစေ့တွေမှာ ဗီတာမင်အီး၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တို့လို ဗီတာမင်နဲ့ သတ္တုဓာတ်တွေများစွာ ပါဝင်ပါတယ်။ နယူးဇီလန် လေ့လာမှုတစ်ခုအရ နေ့စဉ် အခွံမာစေ့စားသူတွေက စောစောသေဆုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုနည်းပြီး ခန္ဓာကိုယ်သွယ်လျကြောင်း သိရပါတယ်။ အခွံမာစေ့မှာ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ် သိသိသာသာ ပါဝင်ပြီး သကြားဓာတ်နည်းပါတယ်။

(၄) နွားနို့သောက်ပါ

နေ့စဉ် အဆီထုတ်ထားတဲ့ နွားနို့လေးဖန်ခွက်သောက်တဲ့ သူတွေက ပရိုတင်းဓာတ်ရရှိပြီး ဆာလောင်မှုကို ဟန့်တားပေးနိုင်ပါတယ်။ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်ဓာတ် ပါဝင်တဲ့အပြင် ပရိုတင်းဓာတ်လည်း များတာကြောင့် ကြာကြာဗိုက်ပြည့်စေပါတယ်။

(၅) သရေစာအဖြစ် ပြောင်းဖူးပြုတ်စားပါ

သရေစာစားချင်ရင် ပြောင်းဖူးပြုတ်စားပေးပါ။ ကြာကြာဗိုက်ပြည့်စေပါတယ်။

Most Popular

Healthy Life Ad
To Top