Healthy Life Ad
Health Tips

ဆီးသွားတဲ့အခါ မသက်မသာ ခံစားနေရသလား

———၊ ဇွန် ၊———

သင့်အနေနဲ့ ဆီးသွားတဲ့အခါ ပုံမှန်မဟုတ်တဲ့ မသက်မသာဝေဒနာတွေကို ခံစားနေရတာက ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ မျိုးပွားအင်္ဂါတဝိုက် ထိခိုက်ဒဏ်ရာရခြင်း၊ ဆီးလမ်းကြောင်းကျောက်တည်ခြင်း စတဲ့ အကြောင်းတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးသွားတဲ့အခါ မသက်မသာဖြစ်စေတဲ့ အဓိကအကြောင်းရင်းကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့်ပါ။

ခံစားရတတ်သော လက္ခဏာများ

• ဆီးသွားတဲ့အခါ ပူစပ်ပူလောင်ဖြစ်ခြင်း ဒါမှမဟုတ် ဆီးကျဉ်ခြင်း၊

• မကြာခဏ ဆီးသွားလိုခြင်း၊

• ဆီးအနံ့မကောင်းခြင်း၊ ဆီးထဲသွေးပါခြင်းနဲ့ ဆီးအရောင်ပြောင်းလဲခြင်း၊

• ဖျားခြင်း ဒါမှမဟုတ် ချမ်းတုန်ခြင်း၊

• အစာစားချင်စိတ်နည်းခြင်း ဒါမှမဟုတ် အလုပ်လုပ်ချင်စိတ်နည်းခြင်း၊

• ပျို့ချင်အန်ချင်ဖြစ်ခြင်းနဲ့ ပျို့အန်ခြင်း၊

• ခါးအောက်ပိုင်း နာကျင်ခြင်းနဲ့ ဗိုက်နာခြင်း၊

• အိုးနဲ့ရှူးသွားတတ်အောင် လေ့ကျင့်ပေးထားတဲ့ ကလေးတွေမှာ ဘောင်းဘီထဲ မကြာခဏသေးစိုနေခြင်း။

ဘာလုပ်သင့်သလဲ

• ကလေးဟာ ဆီးသွားတိုင်းငိုကြွေးနေရင် ဒါမှမဟုတ် ဆီးမသွားနိုင်ရင် ဆရာဝန်နဲ့ပြပါ။

• ဆရာဝန်ရဲ ့ ညွှန်ကြားချက်အတိုင်း သေချာလိုက်နာပါ။

• ရေများများသောက်ဖို့ လိုအပ်သလို ဆီးလမ်းကြောင်းပိုးသေစေဖို့ သစ်သီးဖျော်ရည်သောက်ပေးပါ။

• လိင်မှတစ်ဆင့် ကူးစက်တ်တဲ့ ရောဂါတွေ ရှိ၊ မရှိ စစ်ဆေးဖို့လိုပါတယ်။

ကာကွယ်မှု

• မျိုးပွားအင်္ဂါတဝိုက်မှာ အနံ့မွှေးတဲ့ဆပ်ပြာ ဒါမှမဟုတ် အမြှုပ်ထတဲ့ ဆပ်ပြာမျိုးကို မသုံးသင့်ပါ။ ပျော့ပျောင်းတဲ့ ဆပ်ပြာ ဒါမှမဟုတ် ကြက်သီးနွေးရေနဲ့သာ ဆေးကြောသင့်ပါတယ်။

• စိုထိုင်းထိုင်းဖြစ်နေတဲ့၊ စိုစွတ်နေတဲ့ ဘောင်းဘီနဲ့ ကလေးသုံးကပ်ခွာဘောင်းဘီတို့ကို ချက်ချင်းလဲပါ။

• ကလေးတွေကို ဆီးသွားချင်စိတ်ပေါ်တိုင်း ဆီးအောင့်မထားဖို့ သတိပေးပါ။

• မိန်းကလေးတွေအနေနဲ့ ဆီး၊ ဝမ်းသွားပြီးတဲ့အခါတိုင်း အရှေ ့ဘက်မှ အနောက်ဘက်သို့ သုတ်ဖို့လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top