Healthy Life Ad
Health Tips

၀မ်းချုပ်နေလျှင် အမြန်ဆုံး ဝမ်းသွားစေမည့် နည်းလမ်းများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

အလုပ်များတဲ့အတွက် တချို့လူတွေက ပုံမှန်ဝမ်းသွားတဲ့အကျင့်ကို မကျင့်ကြတော့ပါဘူး။ အဲဒီအခါ နောက်ပိုင်းမှာ ဝမ်းချုပ်တဲ့ဝေဒနာ ခံစားလာရတတ်ပါတယ်။ ဝမ်းချုပ်တဲ့ ဝေဒနာကင်းစင်စေဖို့ အမြန်ဆုံး ဝမ်းသွားစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

alignnone size-medium wp-image-63399
(၁) ပျားသံပရာရည်သောက်ပါ

ရေနွေးကြမ်းထဲ ပျားရည်၊ သံပရာရည်ထည့်ပြီး သောက်ပေးပါ။ ပျားရည်မှာ ဝမ်းပျော့စေတဲ့ အစွမ်းရှိသလို သံပရာရေနွေးရဲ ့ အချဉ်အရသာကိုလည်း လျော့ကျစေပါတယ်။ သံပရာသီးက အစာခြေလမ်းကြောင်းစနစ်ကို လှုံ့ဆော်ပေးတဲ့အစွမ်းလည်းရှိပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။

alignnone size-medium wp-image-63400
(၂) ရေများများသောက်ပါ

အမျိုးသားတွေက တစ်နေ့မှာ အရည် ၃ ဒသမ ၇ လီတာနဲ့ အမျိုးသမီးတွေက တစ်နေ့မှာ အရည် ၂ ဒသမ ၇ လီတာ သောက်သင့်ပါတယ်။ ဝမ်းချုပ်တာက ရေနဲ့ အရည် အလုံအလောက်မသောက်တာကြောင့် ဖြစ်တတ်ပါတယ်။ ရေနဲ့ သစ်သီးဖျော်ရည်တွေက ဝမ်းချုပ်တာကို တွန်းလှန်ပေးနိုင်တဲ့ အကောင်းဆုံးအရည်တွေပါ။ ပန်းသီးဖျော်ရည်နဲ့ သစ်တော်သီးဖျော်ရည်တွေက သဘာဝအပျော့စား ဝမ်းနုတ်ဆေးလည်း ဖြစ်ပါတယ်။

alignnone size-medium wp-image-63401
(၃) အမျှင်ဓာတ်ပါသော အစားအစာစားပါ

အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေက သဘာဝ၀မ်းပျော့ဆေးအစွမ်း ရှိပါတယ်။ တစ်နေ့တာ အစားအသောက်ထဲမှာ အမျှင်ဓာတ်အနည်းဆုံး ၂၀-၃၅ ဂရမ်ပါသင့်ပြီး အမျှင်ဓာတ်များများပါတဲ့ ပန်းသီး၊ သဖန်းသီး၊ ပဲ၊ အစေ့အဆန်၊ အခွံမာသီး စတာတွေကို စားပေးသင့်ပါတယ်။

alignnone size-medium wp-image-63402
(၄) ဆီးသီးစားပါ

ဆီးသီးမှာ အမျှင်ဓာတ်များများ ပါရုံမက ဆော်ဘီတောလို ဝမ်းပျော့စေတဲ့ သကြားဓာတ်ပါတဲ့အတွက် ဝမ်းချုပ်တာကို သက်သာစေပါတယ်။ ဆီးသီး ၁၀ဝ ဂရမ်မှာ ဆော်ဘီတာ ၁၄ ဒသမ ၇ ဂရမ်ပါဝင်ပါတယ်။

alignnone size-medium wp-image-63403
(၅) ဒိန်ချဉ်သောက်ပါ

ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယား ပါဝင်တာကြောင့် ဝမ်းပျော့ပျော့သွားစေသလို ဝမ်းမှန်စေပါတယ်။

Most Popular

Healthy Life Ad
To Top