Healthy Life Ad
Health Tips

အိမ်ထောင်မှုသုခ ပြည့်ဝရေးအတွက် အမျိုးသားတို့ လုပ်သင့်သော လေ့ကျင့်ခန်းငါးမျိုး

ပုံမှန်လေ့ကျင့်ခန်း လုပ်တယ်ဆိုတာ အမျိုးသားတွေအတွက် အိမ်ထောင်မှုသုခပြည့်ဝစေတဲ့ အကောင်းဆုံး ဆေးတစ်လက်ပါ။ တစ်ပတ်မှာ သုံးကြိမ်-လေးကြိမ်လောက် လေ့ကျင့်ခန်းလုပ်တာကြောင့် သက်လုံကောင်းစေပြီး သန်စွမ်းကြံ့ခိုင်စေပါတယ်။

alignnone size-medium wp-image-63256
လေ့ကျင့်ခန်း (၁) အလေးမခြင်း

အလေးမလေ့ကျင့်ခန်းလုပ်တာကြောင့် အမျိုးသားတွေမှာ အိမ်ထောင်မှုသုခ ပြည့်ဝစေပါတယ်။ အကြောင်းကတော့ အလေးမတာကြောင့် အမျိုးသားတွေမှာ တက်စတိုစတီရုန်းကျားဟော်မုန်း ထွက်နှုန်းများလာစေလို့ပဲ ဖြစ်ပါတယ်။ လေ့လာမှုတချို ့အရ အလေးမတာလို အချိန်တို ပြင်းအားများများနဲ့ လုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်းတွေဟာ တက်စတိုစတီရုန်းအဆင့်ကို မြင့်တက်စေတယ်လို့ သိရပါတယ်။ ထိုင်ထလေ့ကျင့်ခန်း၊ အိပ်ထမတင်လေ့ကျင့်ခန်း၊ ဒိုက်ထိုးတဲ့လေ့ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ရင်လည်း ကြွက်သားတွေကို သန်စွမ်းစေပြီး ပခုံး၊ ရင်အုပ်နဲ့ ဝမ်းဗိုက်ကျစ်လျစ်ကာ အိမ်ထောင်မှုသုခကို ပြည့်ဝစေပါတယ်။ အလေးမတာကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်း သန်စွမ်းကျန်းမာတာက ချစ်တင်းနှီးနှောစဉ်အတွင်း သက်လုံကောင်းမွန်စေပါတယ်။

alignnone size-medium wp-image-63257
လေ့ကျင့်ခန်း (၂) ကီးဂျဲလ်လေ့ကျင့်ခန်း

ကီးဂျဲလ် (ုနါနူ) လေ့ကျင့်ခန်း လုပ်ဆောင်တာကြောင့် အမျိုးသားတွေမှာ မျိုးဆက်ပွားအင်္ဂါတွေကို ကျန်းမာစေတဲ့အပြင် တင်ပဆုံကြွက်သားတွေကိုပါ သန်စွမ်းစေပါတယ်။ ဒီကြွက်သားတွေက အိမ်ထောင်မှုသုခကိုလည်း ပြည့်ဝစေပါတယ်။ ပြုလုပ်နည်းကတော့ ဆီးသွားနေစဉ် ဆီးကိုရပ်လိုက်၊ ပြန်သွားလိုက် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ကီးဂျဲလ်လေ့ကျင့်ခန်းကို နေရာမရွေး၊ အချိန်မရွေး လုပ်ဆောင်နိုင်ပါတယ်။

alignnone size-medium wp-image-63258
လေ့ကျင့်ခန်း (၃) ယောဂကျင့်ခြင်း

ယောဂကျင့်တာကြောင့် သင့်ခန္ဓာကိုယ်ကို လိုသလို ပျော့ပျောင်းစေနိုင်ပါတယ်။ စွမ်းအင်တိုးမြင့်ကာ သက်လုံကောင်းမွန်တဲ့ ယောဂကျင့်စဉ်ကြောင့် အိမ်ထောင်မှုသုခ ပြည့်ဝစေပါတယ်။ ယောဂကျင့်ဖို့ အချိန်မပေးနိုင်ရင် ရေချိုးခါနီးမှာ ကျန်းမာရေးဂျာနယ်တွေမှာ ဖော်ပြထားတဲ့ ယောဂကျင့်စဉ်တွေကို အချိန်အနည်းငယ်ပေးပြီး လုပ်ဆောင်ပေးသင့်ပါတယ်။

alignnone size-medium wp-image-63259
လေ့ကျင့်ခန်း (၄) ရေကူးခြင်း

ရေကူးတဲ့ အမျိုးသား၊ အမျိုးသမီး ၁၆၀ ခန့်ကို လေ့လာတဲ့ ဟားဗတ်လေ့လာမှုတစ်ခုအရ အသက် ၆၀ အရွယ် ရေကူးသူတွေဟာ အသက် ၄၀ အရွယ်တွေလောက် အိမ်ထောင်မှုသုခ ပြည့်ဝနေတယ်လို့ သိရပါတယ်။ ခပ်ကြာကြာ ရေကူးတာကြောင့် သက်လုံကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေနိုင်ပါတယ်။ ပန်းသေပန်းညှိုးရောဂါရှိတဲ့ အဝလွန်သူအမျိုးသား ၁၀ ရာခိုင်နှုန်းကို လေ့လာမှုအရ ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်းခန့် လျော့ကျသွားရုံနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှု သိသိသာသာ ပြန်လည်ကောင်းမွန်လာတာကို တွေ့ရပါတယ်။ဒါကြောင့် ရေကူးတဲ့ လေ့ကျင့်ခန်း လုပ်ဆောင်ပြီး ကိုယ်အလေးချိန် ထိန်းသင့်ပါတယ်။

လေ့ကျင့်ခန်း (၅) ခပ်သွက်သွက် လမ်းလျှောက်ခြင်း

အသက် ၅၀ ကျော် အမျိုးသားသုံးသောင်းတစ်ထောင်ကို လေ့လာမှုအရ အေရိုးဗစ်လေ့ကျင့်ခန်း လုပ်တာကြောင့် ပန်းသေပန်းညှိုးရောဂါဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ဟားဗတ်လေ့လာသူတွေက ဆိုပါတယ်။ တခြားလေ့လာမှုအရ တစ်နေ့အနည်းဆုံး ကယ်လိုရီ ၂၀ဝ လောင်ကျွမ်းစေတဲ့ ခပ်မြန်မြန်လမ်းလျှောက်တာကို ပြုလုပ်တဲ့ အမျိုးသားတွေအနေနဲ့ ပန်းသေပန်းညှိုးဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေတယ်လို့ သိရပါတယ်။ ခပ်သွက်သွက်လမ်းလျှောက်တာက သွေးလှည့်ပတ်မှုနဲ့ သွေးစီးဆင်းမှုကို ကောင်းမွန်စေတဲ့အတွက် ပန်းသေပန်းညှိုးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခပ်မြန်မြန်လမ်းလျှောက်တာ၊ ပြေးတာနဲ့ တခြားအေရိုးဗစ်လေ့ကျင့်ခန်းလုပ်တာတွေကြောင့် နှလုံးရောဂါထနိုင်ခြေကို ကာကွယ်ပေးသလို အိမ်ထောင်မှုသုခကို ပြည့်ဝစေပါတယ်။

Most Popular

Healthy Life Ad
To Top