Healthy Life Ad
Q & A

ကလေးနှင့် အဆင်သင့်အစားအသောက်များ

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—–

အခုနောက်ပိုင်းမှာ ကလေးတွေကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အချိုရည်၊ Instant ဖော်မြူလာနဲ့ လုပ်ထားတဲ့ အစားအသောက်တွေ၊ အဆင်သင့်အစာ (Junk Food) တွေကို ကျွေးလာကြတာကို တွေ့ရတာကြောင့် ဒါတွေက ကလေးအသက် ၅ နှစ်အထက်မှသာ ကျွေးသင့်တယ်ဆိုတာ ပြောပြချင်ပါတယ်။

အအေးဘူး၊ အချိုရည်

ကလေးငယ်လေးတွေကို သကြားပါဝင်မှုများတဲ့ အအေးဘူးနဲ့ အချိုရည် လုံးဝမတိုက်သင့်ပါဘူး။ အနည်းဆုံး ကလေးအသက် ငါးနှစ်အထက်ရောက်မှ အချိုရည်ကို တစ်ခါတစ်ရံမှာ စတိုက်သင့်တာပါ။ အခုက နှစ်နှစ်အရွယ်လေးနဲ့ အချိုရည်တွေ တိုက်နေကြတာ တွေ့ရပါတယ်။ မလုပ်သင့်ပါဘူး။ ကလေးကိုကျွေးချင်ရင် သစ်သီးဖျော်ရည်ကိုပဲ တိုက်သင့်ပါတယ်။ သကြားများများကျွေးရင် ကလေးက တအားဆော့တတ်ပါတယ်။

အသင့်ဖျော်အစားအသောက်များ

နှစ်နှစ်အောက်ကလေးတွေကို Instant နည်းနဲ့လုပ်ထားတဲ့ အဆင်သင့်အစားအသောက်တွေကို လုံးဝမကျွေးသင့်ပါဘူး။ အသင့်ဖျော်သောက်နေတဲ့ အမှုန့်တွေဆို ကမ္ဘာက သတ်မှတ်တာ အသက်ငါးနှစ်အရွယ်မှ စတိုက်ပါလို့ သတ်မှတ်ထားတာပါ။ တကယ်တော့ ဒါတွေက Instant ဖြစ်လို့ ကလေးငယ်ရွယ်ချိန်မှာ မတိုက်ကျွေးသင့်သေးပါဘူး။ ကလေးရဲ ့ကျောက်ကပ်က ပိုအလုပ်လုပ်ရလို့ပါ။ ကြီးလာရင် နောက်ဆက်တွဲဆိုးကျိုးလေးတွေ ရှိလို့ မကျွေးသင့်တာပါ။

အဆင်သင့်အစားအသောက်များ

အခုနောက်ပိုင်း Junk Food လို့ခေါ်တဲ့ အဆင်သင့်အစားအသောက်တွေကိုလည်း ကလေးတွေကိုကျွေးတာ တွေ့ရပါတယ်။ ဒါတွေက အချိုမှုန့်တွေ၊ သကြားတွေ အများကြီးထည့်ထားတာ ဖြစ်ပါတယ်။ ကလေးက ဒါတွေစားပြီး ရေအလွန်ငတ်ပါတယ်။ အဲဒီအခါ ကလေးက ဒါတွေစားပြီး ရေသောက်လိုက်တဲ့အခါ ဗိုက်ပြည့်သွားပါတယ်။ ထမင်းမစားတော့ပါဘူး။ တကယ့်အာဟာရဓာတ်က ဒီအဆင်သင့်အစာတွေမှာ မပါပါဘူး။ ကလေးတစ်ယောက် တကယ့်အာဟာရဓာတ်ရရှိမယ့်အစာက ထမင်း၊ ဟင်း၊ အသား၊ အသီးအရွက်တွေ ဖြစ်ပါတယ်။ ကလေးက အဆင်သင့်အစာစားပြီး တကယ့်အာဟာရရမယ့် အစာကို မစားဖြစ်တော့ဘူး။ အာလူးကြော်ပဲစားမယ်ဆိုပြီး တကယ့်အာဟာရပါတဲ့ အစာကို မစားနိုင်တော့ဘူး။ ဒါမျိုးတွေကိုပဲ နေ့စဉ် စားသောက်နေတဲ့အခါ ကလေးတွေက နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးထိခိုက်တာတွေ ဖြစ်လာတတ်ပါတယ်။
ကလေးငယ်လေးတွေကို သကြားပါဝင်မှုများတဲ့ အအေးဘူးနဲ့ အချိုရည် လုံးဝမတိုက်သင့်ပါဘူး။ အနည်းဆုံး ကလေးအသက် ငါးနှစ်အထက်မှ အချိုရည်ကို တစ်ခါတစ်ရံမှာ စတိုက်သင့်တာပါ။ အခုက နှစ်နှစ်အရွယ်လေးနဲ့ အချိုရည်တွေ တိုက်နေကြတယ်။ မလုပ်သင့်ပါဘူး။ ကလေးကိုကျွေးချင်ရင် သစ်သီးဖျော်ရည်ကိုပဲ တိုက်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top