Healthy Life Ad
Health Tips

သင်၏ လေ့ကျင့်ခန်းလုပ်ဆောင်မှု ပိုမို အစွမ်းထက်စေရန်

———၊ ဇွန် ၊———

ပြေးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ အားကစားခန်းမမှာ လေ့ကျင့်ခန်းလုပ်တာ စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်နေစဉ်မှာ ကယ်လိုရီလောင်ကျွမ်းမှုများစေပြီး သက်လုံကောင်းကာ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းစေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

နံနက်စောစော လေ့ကျင့်ခန်းလုပ်ပါ

နံနက်စောစောအချိန်မှာ လေ့ကျင့်ခန်းလုပ်တာက ဇီဝရုပ်ဖြစ်ပျက်နှုန်းကို မြန်စေပြီး ကယ်လိုရီလောင်ကျွမ်းမှုကို ပိုမိုကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး အချိန် ၁၅ နာရီကျော်ကြာချိန်မှာ သိသာတဲ့ အကျိုးကျေးဇူးကို ရရှိပါလိမ့်မယ်။

ခံနိုင်ရည်ရှိစေရန် လေ့ကျင့်မှုအဆင့်ကို ဖြည်းဖြည်းချင်း တိုးသွားပါ

လက်နဲ့ ခြေထောက်တွေ သန်စွမ်းစေမယ့် အလေးမလေ့ကျင့်ခန်းတွေ လုပ်ဆောင်ရာမှာ စစချင်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းကို မလုပ်ပါနဲ့။ အလေးမတာ၊ ဒိုက်ထိုးတာ စတဲ့ လေ့ကျင့်ခန်းတွေကို ခံနိုင်ရည်ရှိလာအောင် တဖြည်းဖြည်းချင်းတိုးပြီး လုပ်ဆောင်သွားပါ။ နာကျင်မှုကင်းစေပြီး ပိုကောင်းတဲ့ရလဒ်ကို ရရှိစေပါတယ်။

သဘာဝအစာများကို စားပါ

ထမင်းနဲ့ သရေစာတွေအတွက် တတ်နိုသမျှ သဘာဝအစာကို ရွေးချယ်စားပါ။ ပြုပြင်ထားတဲ့ အဆင်သင့်အစာတွေမှာ အာဟာရတန်ဖိုးနည်းပြီး ဆားနဲ့ သကြားလို မလိုလားအပ်တဲ့ ကယ်လိုရီတွေ အများအပြား ပါဝင်နေတတ်လို့ပါ။

ရေဓာတ်ဖြည့်တင်းပါ

လေ့ကျင့်ခန်းလုပ်ပြီး ရေဓာတ်အလုံအလောက်မရတာကို ဗိုက်ဆာတယ်လို့ အထင်မှားတတ်ပါတယ်။ ဗိုက်ဆာတဲ့အခါ ဟမ်ဘာဂါ၊ ချိုတဲ့မုန့်လို ကယ်လိုရီများတဲ့အစာတွေကို စားပြီး ဖြည့်တင်းလိုက်ရင် အပိုကယ်လိုရီတွေကို ရရှိစေပါတယ်။

ကိုယ်အလေးချိန်ကျလိုလျှင် အယ်လ်ကိုဟောကို လျှော့သောက်ပါ

ဝိုင်၊ ဘီယာနဲ့တခြားအရက်တွေမှာပါတဲ့ကယ် လိုရီက ခန္ဓာကိုယ်မှာ အဆီအဖြစ် စုပုံသိုလှောင်သွားပါတယ်။ ဒါကြောင့် အရက်ကို မသောက်ဘဲနေရင် အကောင်းဆုံးပါ။ အရက်သောက်လေ့ရှိသူတို့အနေနဲ့ အရက်လျှော့သောက်တာက ကိုယ်အလေးချိန် လျော့ကျစေပါတယ်။

Most Popular

Healthy Life Ad
To Top