———၊ ကိုထက် ၊——— ပန်းသေပန်းညှိုးရောဂါဖြစ်တာက အမျိုးသားတွေရဲ ့ ဘဝအရည်အသွေးကို ဆိုးဆိုးရွားရွား ထိခိုက်ပြီး အလုပ်လုပ်နိုင်စွမ်းကို သိသိသာသာ ကျဆင်းစေတယ်လို့ ဆေးလက်တွေ့ဂျာနယ်က ပြုလုပ်တဲ့လေ့လာမှုအရ သိရပါတယ်။ ပန်းသေပန်းညှိုးရောဂါဆိုတာ လိင်ဆက်ဆံမှုအတွက် လုံလောက်တဲ့ လိင်တံထောင်မတ်နိုင်စွမ်းအား နည်းခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ လေ့လာသူတွေက...
—၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊— Q. ဆီးချိုရှိသူ အိမ်သားတစ်ဦးကို မိသားစုဝင်တွေက သီးသန့်ထမင်း/ ဟင်းချက်ကျွေးတာ၊ မိသားစုထမင်းဝိုင်းမှာမဟုတ်ဘဲ သီးသန့်စားခိုင်းတာတွေ လုပ်တာရှိကြပါတယ်။ အဲဒီလိုလုပ်ရင်းနဲ့ တချို့ဝေဒနာရှင်တွေက စိတ်အားငယ်၊ စိတ်ဓာတ်ကျသွားတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို...
သွားနဲ့ခံတွင်းကျန်းမာရေးအတွက် တစ်နေ့နှစ်ကြိမ် သွားတိုက်တာနဲ့ သွားကြားပွတ်ကြိုးသုံးတာတွေအပြင် လျှာကို တိုက်ခြစ်ပေးဖို့လည်း လိုပါတယ်။ ဒါမှသာ ခံတွင်းကျန်းမာရေးက အကောင်းဆုံးဖြစ်နေမှာ ဖြစ်ပါတယ်။ သွားတိုက်တဲ့အခါတိုင်း လျှာခြစ်တံကိုသုံးပြီး လျှာကိုသန့်စင်ပေးတာက လျှာမျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေနဲ့ တခြားစားကြွင်းစားကျန်တွေကို ကင်းစင်စေပါတယ်။ အဲဒီဘက်တီးရီးယားတွေနဲ့ တခြားမသန့်စင်တဲ့ အရာတွေဟာ လျှာမျက်နှာပြင်ပေါ်မှာ...
———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——— ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းက ကူးစက်မှုအများဆုံးဖြစ်ပွားနေသည့် ရန်ကုန်မြို့တော်တွင် နေထိုင်သူများကို Covid -19 ကာကွယ်ရေးပညာပေး W ၃ လုံး လှုပ်ရှားမှု စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၉ ရက်နေ့က ပြောကြားခဲ့သည်။ ရက်သတ္တပတ် ခြောက်ပတ်ကြာကာလကြာမြင့်မည့်...
———၊ ငွေကြယ်စင်ယံ ၊——— အသား၊ ငါးတွေ မစားတဲ့ သက်သတ်လွတ်စားသူတွေအတွက် ရည်ရွယ်ပေမယ့် လူတိုင်းလိုက်နာနိုင်တဲ့ နည်းလမ်းပါ။ အောက်ပါနည်းလမ်းတွေအတိုင်း လိုက်နာစားသောက်မယ်ဆိုရင် အာဟာရပြည့်ဝပြီး စွမ်းအင်ရှိနေပါလိမ့်မယ်။ • ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်နဲ့ မုန်ညင်းစိမ်း စတဲ့ အစိမ်းရင့်ရောင်အရွက်တွေကို တစ်ပတ်မှာ အနည်းဆုံး...
—–၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေအထူးကု ဆရာဝန်ကြီး) ၊—– Q. ဆီးချိုရှိသူတွေမှာ ထိုင်ရာမထ လေ့ကျင့်ခန်းလုပ်တာက ရောဂါထိန်းချုပ်မှုမှာ သင့်တော်ပါသလားဆရာ။ A. သီအိုရီအရ လှုပ်နေရင် ထိရောက်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ လေ့ကျင့်ခန်းလုပ်ရင် အကြမ်းဖျင်းအားဖြင့် သုံးချက်နဲ့တော့ ပြည့်စုံရပါတယ်။ (၁)...
—၊ ပါမောက္ခဦးမောင်မောင်ခိုင် (နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊— Q. ဘယ်လိုအခြေအနေတွေကြောင့် နားပြည်ယိုတတ်ပါသလဲ ဆရာ။ A. နားပြည်ယိုရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ အပြင်နားကြောင့် နားပြည်ယိုတာရှိသလို အလယ်နားကြောင့် နားပြည်ယိုတာလည်း ရှိပါတယ်။ အပြင်နားကြောင့်...
———၊ လရိပ်မေ ၊——— အသားဖြူစင်ဝင်းပဖို့ရာအတွက် မီးဖိုချောင်ထဲက သဘာဝပစ္စည်းတွေသုံးပြီး မျက်နှာကို ပေါင်းတင်ပေးနိုင်ပါတယ်။ နည်းလမ်း (၁) နွားနို့၊ သံပုရာရည်ဖြင့် ပေါင်းတင်နည်း ဂျုံမှုန့် ထမင်းစားဇွန်းတစ်ဇွန်း၊ နွားနို့ထမင်းစားဇွန်းနှစ်ဇွန်းနဲ့ သံပုရာရည် အစက်နှစ်စက်တို့ကိုရောပြီး မျက်နှာကိုလိမ်းပါ။ အချိန် ၁၅ မိနစ်ကြာမှ...
———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——— အစားအသောက်တွေကို အရသာခံပြီး မစားသောက်နိုင်လောက်အောင် အလုပ်တွေများနေသလား။ အစားအသောက်ကို လေရှူသွင်းသလို မျိုချမိနေပြီလား။ ဒီလိုလုပ်တဲ့ နည်းလမ်းတွေက အစာမကြေဖြစ်စေတာကြောင့် အစာကြေစေမယ့် နည်းလမ်းတွေကို အကြံပြုလိုက်ရပါတယ်။ (၁) အစာကို ကြိတ်ဝါးပါ ထမင်းအလုတ်သေးသေးလေးကိုပဲစားပါ။ အစာတစ်လုတ်နဲ့...
———၊ ဒေါက်တာတင့်ဆွေ ၊——— ချင်းတွင်းမြစ်ထဲကို အနောက်ဖက်ကနေစီးဝင်တဲ့ ယမားကနှစ်ခုရှိတယ်။ ယမားဆိုတာက နွေဆိုရင် ရေမရှိတဲ့ချောင်းပေါ့။ လူကြီးသူမတွေက ရေမရှိတဲ့ချောင်း၊ နှာခေါင်းနှစ် ဘာဖြစ်စေ-ညာဖြစ်စေ ပြောလေ့ရှိတာပေါ့။ အဲမိုးများရွာလိုက်ရင် တခေါ်လောက်သာကျယ်တဲ့ ယမားကို ကန့်လန့်ဖြတ်မကူးလေနဲ့။ ဘယ်လောက်သန်တဲ့ နွားဖြစ်ဖြစ်၊ ဘယ်လောက်မြန်တဲ့ လူဖြစ်ဖြစ်...