Healthy Life Ad
Health Tips

ဦးခေါင်းအား နှိပ်နယ်ခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးသုံးသွယ်

———၊ ငွေကြယ်စင်ယံ ၊——–

ဦးခေါင်းကို နှိပ်နယ်ပေးတာဟာ ဦးခေါင်းကို အပန်းပြေစေပြီး ဆံပင်သားကို သန်စွမ်းစေပါတယ်။ ဒါကြောင့် အလှပြင်ဆိုင်မှာသွားပြီး ခေါင်းလျှော်ကာ ဦးခေါင်းကို အနှိပ်ခံတာ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် ခေါင်းလျှော်ရင်း ဦးခေါင်းကို နှိပ်တာတို့ကြောင့် အောက်ပါအကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

(၁) စိတ်ဖိစီးမှု လျော့ကျခြင်း

ဦးခေါင်းကို နှိပ်ပေးတာကြောင့် စိတ်ဖိစီးမှု လျော့ကျတဲ့အပြင် ဆံပင်မကျွတ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုဟာ ဆံပင်ကျွတ်စေနိုင်တဲ့ အဓိကတရားခံဖြစ်တာကြောင့် အိမ်နဲ့ အလုပ်ကြောင့်ရလာတဲ့ စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချသင့်ပါတယ်။ မတော်တဆထိခိုက်မှုဖြစ်တာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်ဖြစ်တာ စတဲ့ အလွန်အမင်းဖိစီးမှုတွေ ခံစားရတာကြောင့် ဆံပင်ကျွတ်တဲ့အခြေအနေ (Telogen Effluvium)ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုလျော့ပါးအောင် ဆံပင်သားကို ဆံပင်လိမ်းဆီလိမ်းပြီး နှိပ်နယ်ပေးပါ။ တစ်ဆက်တည်းမှာပဲ ဦးခေါင်းကိုသာမက လည်ပင်းနဲ့ ကျောဘက်နေရာတွေမှာပါ တင်းအားလျော့သွားအောင် နှိပ်နယ်ပေးပါ။ ဒါဟာ ခန္ဓာကိုယ်တင်းအားကို လျော့ပါးစေရုံသာမက စိတ်ခံစားမှုပါ သက်သာပြီး ကောင်းကောင်းအိပ်မောကျကာ ဆံပင်တွေသန်စွမ်း ကျန်းမာနေမှာ ဖြစ်ပါတယ်။

(၂) သွေးလှည့်ပတ်မှု ကောင်းစေခြင်း

စိတ်ဖိစီးမှုနဲ့ ချွေးထွက်များတာဟာ ဦးရေပြားကိုထိခိုက်စေပြီး ဆံပင်ကျွတ်စေတဲ့ အချက်တွေပါပဲ။ ဦးခေါင်းကို နှိပ်နယ်ပြီး ခေါင်းလျှော်ပေးတာက စိတ်ဖိစီးမှုနဲ့ ချွေးထွက်များတာကို လျော့ပါးစေတာကြောင့် သွေးလှည့်ပတ်မှုကောင်းကာ ဆံပင်သားသန်စွမ်းကျန်းမာစေပါတယ်။ သင့်အနေနဲ့ မှန်ကန်တဲ့ နှိပ်နည်းကိုသာသုံးမယ်ဆိုရင် ဦးခေါင်းနှိပ်ပေးတာကြောင့် သွေးလှည့်ပတ်မှုကောင်းကာ ဆံပင်အရင်းအမြစ်နေရာတွေကိုပါ သန်စွမ်းစေပါတယ်။

(၃) ဆံပင်သားတွင် အာဟာရပြည့်ဝခြင်း

ဦးရေပြားကို မနှိပ်ခင်မှာ သင့်တော်တဲ့ ဆံပင်အဆီလိမ်းပြီး နှိပ်ပေးတာကြောင့် ဆံပင်သားခြောက်သွေ့မှုကင်းဝေးကာ ဗောက်ထတာမျိုးမဖြစ်စေပါဘူး။ ဆံပင်လိမ်းဆီဟာ ဆံပင်သားအတွက် လိုအပ်တဲ့ အာဟာရကို ရရှိစေပြီး ဆံပင်သား ကြမ်းတမ်းကြွှပ်ဆတ်မှုကို ကင်းဝေးစေပါတယ်။

Most Popular

Healthy Life Ad
To Top