Healthy Life Ad
Health Tips

သက်ရှည်ကျန်းမာစေရန် လိုက်နာသင့်သော ရိုးစင်းလွယ်ကူသည့် နည်းများ

———၊ ငွေကြယ်စင်ယံ ၊———

ကျန်းမာရေးကို အလေးထား ဂရုစိုက်တာကြောင့် သက်ရှည်ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒါကြောင့် သက်ရှည်ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ရာ လူတိုင်း နေ့စဉ်လိုက်နာသင့်တဲ့ အလွယ်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စတဲ့ သဘာဝအပင်ထွက် အစာတွေကို များများစားပါ။

(၂) ရေကူးကန်ထဲမှာ အခါအားလျှော်စွာ ရေကူးပါ။ စိတ်ရောကိုယ်ပါ ခွန်အားရရှိစေပါတယ်။

(၃) သဘာဝပတ်ဝန်းကျင်ကို ကြည့်ရှုလေ့လာရတဲ့ ဘဝကို ပျော်မွေ့ပါ။ တောင်တက်တာမျိုး၊ နေဝင်တာကို ကြည့်တာမျိုးနဲ့ အချိန်ကုန်ပါစေ။

(၄) နံနက်စောစော အိပ်ရာထပြီး လမ်းလျှောက်ပါ။

(၅) အစားအသောက်တွေကို သင့်တင့်လျှော်ညီစွာ စားသောက်ပါ၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပါ။

(၆) ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို ရှောင်ပါ။

Tips!

ဘဝမှာ ဝါသနာပါတဲ့ အလုပ်ကို လုပ်ဆောင်ပြီး ပျော်ပျော်ရွှင်ရွှင်၊ ရယ်ရယ်မောမော နေထိုင်တာကလည်း သက်ရှည်ကျန်းမာစေတဲ့ တွန်းအားတစ်ခုပဲ ဖြစ်ပါတယ်။

သတိပြုရန်

• အထီးကျန်တဲ့ ဘဝမျိုးမှာ မနေထိုင်သင့်ပါ။

• လုပ်စရာရှိတဲ့ အလုပ်အကိုင်နဲ့ တာဝန်ဝတ္တရားတွေကို ဖြည့်တင်းလုပ်ဆောင်ပါ။

• စိတ်ခွန်အားမြင့်တက်စေတယ်ဆိုတဲ့ ဆေးဝါးတွေနဲ့ ဆေးညွှန်းစာလိုတဲ့ ဆေးတွေကို ဆရာဝန်မညွှန်ကြားဘဲ မိမိသဘောနဲ့ မိမိမသောက်ပါနဲ့။

Most Popular

Healthy Life Ad
To Top