Healthy Life Ad
Health Tips

လေပွခြင်း သက်သာစေမည့် အစာသုံးမျိုး

———၊ ငွေကြယ်စင်ယံ ၊———

(၁) ဒိန်ချဉ်

ဒိန်ချဉ်မှာပါဝင်တဲ့ အကျိုးပြုဘက်တီးရီးယားတွေက လေထတာကို လျော့ကျစေပါတယ်။

(၂) ဟင်းခတ်အမွှေးအကြိုင်

ကရဝေးရွက်နဲ့ ချင်း(ဂျင်း)တို့လို ဟင်းခတ်အမွှေးအကြိုင်တွေက ပဲနဲ့ ဂေါ်ဖီထုပ်လို အစာကြေခဲတဲ့ သကြားဓာတ်ကို ဖြိုခွဲပေးနိုင်ပါတယ်။ ဒါကြောင့် လေထတာနဲ့ လေပွတာကင်းစေဖို့ ဟင်းလျာတွေထဲမှာ ဟင်းခတ်အမွှေးအကြိုင် ထည့်ချက်ပေးပါ။

(၃) စမုန်နက်

စမုန်နက်မှာပါဝင်တဲ့ အမျှင်ဓာတ်တွေက အစာကြေညက်စေတဲ့အတွက် မကြာခဏ လေပွ၊ လေထဖြစ်တတ်သူတွေအနေနဲ့ စမုန်နက်သုံးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top