Healthy Life Ad
Health Tips

ပန်းဂေါ်ဖီစိမ်း၏ ကျန်းမာရေးအကျိုးကျေးဇူးများကို တိကျစွာ သိနားလည်စေရန်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ပန်းဂေါ်ဖီစိမ်းကို ကျန်းမာရေးနဲ့ ညီညွတ်လို့ စားသင့်တယ်ဆိုတာကို ကျွန်မတို့အားလုံးက သိနားလည်နေကြပေမယ့် ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် ဘယ်ပုံဘယ်နည်းနဲ့ ကျွန်မတို့ခန္ဓာကိုယ်ကို အကျိုးပြုနေသလဲဆိုတာကို တိတိကျကျ သိနားလည်မှုရှိစေဖို့ ပန်းဂေါ်ဖီစိမ်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) ပန်းဂေါ်ဖီစိမ်းမှာ လူတင်နဲ့ ဇီဇန်သင်းတို့လို အစွမ်းထက်အင်တီအောက်ဆီးဒင့်တွေ ပါဝင်နေတာကြောင့် မျက်စိကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ဟင်းနုနယ်ရွက်လိုပဲ အတွင်းတိမ်ရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။

(၂) ပန်းဂေါ်ဖီစိမ်းမှာ ကယ်လ်စီယမ်ပမာဏများစွာ ပါဝင်တဲ့အတွက် အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အရိုးထုထည်အားကောင်းအောင် တည်ဆောက်ပေးနိုင်ပါတယ်။

(၃) ဆီးချိုသွေးချိုရောဂါကြောင့် နှလုံးသွေးကြောတွေ ထိခိုက်မှုမဖြစ်အောင် ကူညီပေးပါတယ်။

(၄) ပြုတ်ထားတဲ့ ပန်းဂေါ်ဖီစိမ်းတစ်အောင်စဟာ လိမ္မော်သီးတစ်လုံးထက် ဗီတာမင်စီ ပိုမိုပါဝင်နေသလို နွားနို့တစ်ဖန်ခွက်ထက်လည်း ကယ်လ်စီယမ်ဓာတ် ပိုမိုပါဝင်နေပါတယ်။

(၅) အလတ်စားပန်းဂေါ်ဖီစိမ်းတစ်စိတ်မှာ အညိုရောင်ပေါင်မုန့်တစ်ချပ်မှာထက် အမျှင်ဓာတ် သုံးဆပိုမိုပါဝင်နေပါတယ်။ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် အစာအိမ်အူလမ်းကြောင်းစနစ်ကို ကျန်းမာနေစေပြီး သွေးတွင်းကိုလက်စထရောပမာဏကို လျော့ကျစေပါတယ်။

(၆) ပန်းဂေါ်ဖီစိမ်းမှာ နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိသလို ပိုတက်စီယမ်ဓာတ်ကြောင့် သွေးတိုးရောဂါမဖြစ်အောင်လည်း ကူညီနိုင်ပါတယ်။

(၇) ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ ဖောလစ်အက်စစ်ဟာ အမျိုးသမီးတွေကို ပုံမှန်တစ်သျှူးကြီးထွားမှုဖြစ်စေပြီး ပဋိသန္ဓေတားဆေးသောက်နေချိန်နဲ့ ကိုယ်ဝန်ဆောင်နေရချိန်တွေမှာ ဖြည့်စွက်ဆေးအဖြစ် မကြာခဏ အသုံးပြုနိုင်ပါတယ်။

(၈) ကင်ဆာဆန့်ကျင်ပေးတဲ့ အာနိသင်ကြီးကြီးမားမားရှိတာကြောင့် အဆုတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဆီးအိတ်ကင်ဆာနဲ့ ရင်သားကင်ဆာတွေမဖြစ်အောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။

(၉) ပန်းဂေါ်ဖီစိမ်းမှာ အစွမ်းထက် ဇီဝဓာတုပစ္စည်းဖြစ်တဲ့ အိုက်ဆိုသိုင်ယိုဆိုင်ယာနိတ် ပါဝင်တာကြောင့် ကျန်းမာနေတဲ့ဆဲလ်တွေရဲ ့ DNA မထိခိုက်ခင်မှာ အစွမ်းထက်ကင်ဆာဖြစ်စေတဲ့ အရာတွေကို ဓာတ်ပြယ်သွားစေပါတယ်။

သတိပြုရန်

ပန်းဂေါ်ဖီစိမ်းဟာ အူထဲကလေထွက်စေတဲ့ အရာဖြစ်ပြီး သိုင်းရွိုက်ဂလင်းရဲ ့ လုပ်ငန်းဆောင်တာကို ဟန့်တားပေးနိုင်တဲ့ Goitrogens ပါဝင်နေပါတယ်။ ဒါကြောင့် သိုင်းရွိုက်ရောဂါရှိနေသူတွေအနေနဲ့ ပန်းဂေါ်ဖီစိမ်းကို ဆင်ခြင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top