Healthy Life Ad
Life Style

အောင်မြင်မှုအတွက် စည်းမျဉ်း ၁၀

———၊ လရိပ်မေ ၊———

၁။ မနက်တိုင်း အကောင်းမြင်တဲ့စကား ဒါမှမဟုတ် အပြုသဘောဆောင်ပြီး တက်ကြွတဲ့စကားတွေကို နားထောင်ပေးပါ။

၂။ မနက်တိုင်း ကိုယ့်ဘဝအတွက် ကျေးဇူးတင်စရာကောင်းတဲ့ အချက်တွေကို စဉ်းစားပြီး ကျေးဇူးတင်ပေးပါ။

၃။ နေ့စဉ်နေ့တိုင်း သင့်ပန်းတိုင်ကို အာရုံစိုက်ပေးပါ။ ကျွန်တော်တို့တွေးတဲ့အတိုင်း ဖြစ်လာတတ်လို့ပါ။

၄။ အကောင်းမြင်စိတ်နဲ့ ဖြစ်နိုင်တယ်ဆိုပြီး တွေးပါ။ ရလဒ်ကောင်းတွေ ရရှိအောင်မြင်လာနိုင်ပါတယ်။

၅။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ အဆိုးမြင်သဘောထားတွေကို လျစ်လျူရှုပေးပါ။

၆။ အောင်မြင်ပြီး အတွေးအခေါ်ကောင်းသူတွေနဲ ့ ပေါင်းသင်းပါ။ သင့်ဝင်ငွေက သင့်အကောင်းဆုံးမိတ်ဆွေ ၅ ဦးရဲ့ ပျမ်းမျှဝင်ငွေအတိုင်း ဖြစ်လာပါလိမ့်မယ်။

၇။ နေ့တိုင်း စာအုပ်ဖတ်ခြင်း၊ ဗဟုသုတဖြစ်ဖွယ်တွေကို နားဆင်ခြင်းတို့လုပ်ပြီးမှ အိပ်ရာဝင်ပါ။

၈။ တစ်ချိန်မှာ အမူအကျင့်ကောင်းတစ်ခုကို တည်ဆောက်ပါ။ အဲဒီအကျင့်တည်မြဲဖို့ ၆၆ ရက် အချိန်ယူလိုက်ရင် စွဲမြဲသွားပါပြီ။

၉။ စိတ်မရှည်တာက အားနည်းချက်တစ်ရပ်ပါပဲ။ အလုပ်လုပ်တဲ့အခါ ရည်မှန်းချက်ပန်းတိုင်မရောက်မချင်း စိတ်ရှည်ရှည်ထားပေးပါ။

၁၀။ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံပါ။ ကျွမ်းကျင်တဲ့ နယ်ပယ်မှာ အလုပ်လုပ်တဲ့အခါ ကိုယ့်ကျွမ်းကျင်မှု အရည်အသွေးကို တိုးမြှင့်သွားပါ။

Most Popular

Healthy Life Ad
To Top