Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်ချိန် ဖောလိတ်ဓာတ်က ဘာကြောင့်အရေးကြီးတာလဲ …

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ၊—–

Q. ကျွန်မကိုယ်ဝန်ဆောင်တော့ ဖောလိတ်ဓာတ်ပါတာစားဆိုပြီး ပြောကြလွန်းလို့ပါ။ ဖောလိတ်ဓာတ်က ဘာကြောင့် အရေးကြီးရတာလဲရှင့်။

A. ကိုယ်ဝန်ဆောင်ချိန်မှာ အရေးအကြီးဆုံးကတော့ ဖောလိတ်ပါ။ စားတဲ့အစားတွေမှာ ဖောလိတ်ဓာတ်ပါဖို့ အရေးကြီးပါတယ်။ အစားအစာဆိုရင်တော့ ဖောလိတ်ဓာတ်ပေါ့။ ဆေးအနေနဲ့ သောက်မယ်ဆိုရင်တော့ ဖောလစ်အက်စစ်ပါ။

ဖောလိတ်ဆိုတာ့ ဗီတာမင်ဘီအမျိုးအစား တစ်ခုပါပဲ။ ဖောလိတ်ဓာတ် ပြည့်ပြည့်ဝ၀ရရှိရင် ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုရင် ကလေးရဲ ့ဦးနှောက်နဲ့ Spinal Cord တစ်လျှောက်မှာဖြစ်တဲ့ Neural Tube Defects ဆိုတဲ့ ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ မွေးတဲ့အချိန်မှာ Spinal Column က မပိတ်ဘဲ Spine က အရှေ့ကိုကျွံသွားတာပါ။ တချို့ကလေးတွေက Spine မှာဖြစ်ပြီး တချို့ကတော့လည် ကုပ်မှာဖြစ်ပါတယ်။ အဓိကကတော့ Spine တလျှောက်မှာဖြစ်တာဖြစ်ပါတယ်။ အမျိုးအစားကတော့ အများကြီးပါပဲ။ ကလေးက မွေးမွေးချင်း ဒီရောဂါဖြစ်နေရင် နှစ်ရက်၊ သုံးရက်အတွင်းမှာပဲ ခွဲစိတ်ရပါမယ်။ အများအားဖြင့်တော့ အသက်ဆုံးရှုံးတာများပါတယ်။ ဒီတော့ ဒီရောဂါမဖြစ်အောင် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဖောလိတ်က ၆၀ဝ-၈၀ဝ မီလီဂရမ်အထိ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top