Healthy Life Ad
Health Tips

ခါးနောက်ကျောသန်မာစေမည့် နည်း ၃ သွယ်

(၁) ခန္ဓာကိုယ်ကို မတ်မတ်ထားပါ

ခါးတွေကိုကုန်းထားတာ၊ လျှောထားတာမျိုးမဖြစ်စေဘဲ မတ်မတ်နေပါ။ ညောင်းညာတဲ့အခါ လက်ကိုဆန့်တန်းပြီး လက်ဖဝါးတွေနဲ့ ကျောပြင်ကို ထိတွေ့ပေးပါ။

(၂) ယောဂကျင့်ပါ

ယောဂကျင့်စဉ်အများစုဟာ ခန္ဓာကိုယ်အလယ်ပိုင်းက ကြွက်သားတွေကို သန်စွမ်းစေပြီး ဟန်ချက်ညီမျှစေပါတယ်။

(၃) နှလုံးသန်စွမ်းစေသော လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းကို စနစ်တကျလုပ်တဲ့သူတွေဟာ ခါးနောက်ကျောနာကျင်မှုပြဿနာ လျော့ပါးစေပါတယ်။ နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းတွေဟာ ညောင်းညာနေတဲ့ ကြွက်သားတွေအတွက် အာဟာရထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တာ၊ ရွရွပြေးတာ၊ စက်ဘီးစီးတာ စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top