Healthy Life Ad
Health Tips

ရေခဲသေတ္တာထဲရှိ အသားအရေနှင့် ဆံကေသာအကျိုးပြုပစ္စည်းများ

———၊ လရိပ်မေ ၊———

အသားအရေနဲ့ ဆံကေသာကို ဓာတုပစ္စည်းမပါတဲ့ သဘာဝပစ္စည်းတွေနဲ့ သဘာဝကျကျလှပအောင် ထိန်းသိမ်းနိုင်ဖို့ရာအတွက် ရေခဲသေတ္တာထဲက အသုံးအဆောင်လေးတွေ ထုတ်သုံးလိုက်ရုံပါပဲ။

ဒိန်ချဉ် – ဘာအတွက်ကောင်းသလဲ

မျက်နှာသန့်စင်ဖို့နဲ့ အသားအရေချောမွေ့အပြစ်ကင်းစေဖို့အတွက် ဒိန်ချဉ်အလွတ်နဲ့ပျားရည်ကိုရောပြီး မျက်နှာပေါင်းတင်ပေးပါ။ အချိန် ၁၅-၂၀ မိနစ်ကြာမှ ရေနဲ့ဆေးချလိုက်ပါ။

အစားထိုးသုံးနိုင်တာက- အသားအရေကို သန့်စင်တဲ့အနေနဲ့ သုံးနိုင်သလို အသားအရေကို အားဖြည့်တဲ့အနေနဲ့လည်း သုံးနိုင်ပါတယ်။

ဂျုံမှုန့်အကြမ်း – ဘာအတွက်ကောင်းသလဲ

ဂျုံမှုန့်အကြမ်းကို မွှေစက်ထဲမှာ အမှုန့်တွေဖြစ်တဲ့အထိကြိတ်ချေပြီး ချိုးရေထဲမှာထည့်ကာ ရေချိုးရင်း ပွတ်တိုက်ပေးပါ။ နှင်းခူနဲ့ အရေပြားခြောက်သွေ ့ယားယံတဲ့ဝေဒနာ သက်သာစေနိုင်ပါတယ်။

အစားထိုးသုံးနိုင်တာက- အယားပျောက်စေတဲ့ခရင်မ်အစား သုံးနိုင်ပါတယ်။

ထောပတ်သီး – ဘာအတွက်ကောင်းသလဲ

ဆံပင်သားသန်စွမ်းပြီး ချောမွေ့စေဖို့အတွက် ထောပတ်သီးနဲ့ မရောနိစ် (Mayonnaise) တို့ သမမျှတတဲ့အထိ ရောမွှေပြီး ဆံပင်သားအနှံ့ သုတ်လိမ်း ပေးပါ။

အစားထိုးသုံးနိုင်တာက- ဆံပင် ကွန် ဒီရှင်နာအစား သုံးနိုင်ပါတယ်။ ဒါပေမဲ့ သင်က ဓာတ်မတည့်မှု ဖြစ်လွယ်ရင် အ ရင်ဆုံး စမ်းသပ်ပြီးမှ သုံးပါ။

သံလွင်ဆီ – ဘာအတွက်ကောင်းသလဲ

ဆံပင်သား ကြမ်းတမ်းကြေမွနေရင် သံလွင်ဆီကို လက်ဖဝါးထဲထည့်ပြီး ဆံပင်အနှံ့လိမ်းပေးပါ။ အသားအရေ ပျော့ပျောင်းစေဖို့လည်း အရေပြားထဲစိမ့်ဝင်အောင် လိမ်းပေးနိုင်ပါတယ်။

အစားထိုးသုံးနိုင်တာက- ဆံပင်ကွန်ဒီရှင်နာ၊ ခန္ဓာကိုယ်လိမ်းဆီ၊ လက်လိမ်းလိုးရှင်း စတာတွေနေရာမှာ အစားထိုးသုံးပေးနိုင်ပါတယ်။

သွားတိုက်ဆေး – ဘာအတွက်ကောင်းသလဲ

သွားတိုက်ဆေးအစက်အနည်းငယ်သုံးတာက တိရစ္ဆာန်ကိုက်တာကြောင့် အရေပြားယားယံတာနဲ့ နီမြန်းတာတို့ အပါအဝင် အရေပြားပြဿနာအများစုကို သက်သာစေပါတယ်။ လက်သည်း၊ ခြေသည်းတွေပေါ်ကို သွားတိုက်ဆေးအနည်းငယ်ချပြီး ပွတ်တိုက်ပေးရင်လည်း လက်သည်း၊ ခြေသည်းတွေကို တောက်ပြောင်သန်စွမ်းစေပါတယ်။

အစားထိုးသုံးနိုင်တာက- ကလမင်းလိုးရှင်းအစားသုံးနိုင်ပေမယ့် ပြင်းထန်ဆိုးဝါးတဲ့ ဝက်ခြံဖုတွေကိုတော့ မသုံးသင့်ပါဘူး။

Most Popular

Healthy Life Ad
To Top