Healthy Life Ad
Life Style

ယခုထက်ပိုမိုကျန်းမာစေရန် လိုက်နာသင့်သည့် အခြေခံနည်းသုံးသွယ်

(၁) နှစ်သက်သောဝါသနာကို အကောင်အထည်ဖော်ပါ

နေ့စဉ်ရိုးစင်းတဲ့ ဘဝနေထိုင်မှုပုံစံထဲမှာ သင့်ရင်ခုန်သံတွေ မြန်ဆန်စေဖို့ ဝါသနာတစ်ခုခု၊ ပျော်ရွှင်စရာတစ်ခုခုကို ထည့်သွင်းထားပါ။ ဒါက အသက်ရှင်ရတာ ပိုကျေနပ်ပျော်ရွှင်စေပြီး ပိုမိုကျန်းမာစေတဲ့ နည်းဖြစ်ပါတယ်။

(၂) ပိုမိုလတ်ဆတ်သော အစာများကို တတ်နိုင်သမျှ အစိမ်းစားပါ

သင့်ကျန်းမာရေး ပိုကောင်းချင်တယ်ဆိုရင် တစ်နေ့တာစားသမျှ အစာအားလုံးရဲ ့ ထက်ဝက်ခန့်ဟာ အပင်ထွက်အစာတွေ ဖြစ်သင့်ပါတယ်။ အပင်ထွက်အစာတွေကို မြေကြီးကရတဲ့အတိုင်း လတ်လတ်ဆတ်ဆတ် အစိမ်းစားပေးတာ အကောင်းဆုံးပါ။

(၃) လမ်းများများလျှောက်ပါ

လူအများစု လွယ်လင့်တကူ လုပ်နိုင်တဲ့လမ်းလျှောက်တာက ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ပန်းခြံထဲမှာ စိတ်ပြေနပြေလမ်းလျှောက်တာမျိုးကို မဆိုလိုပါဘူး။ တက်တက်ကြွကြွနဲ့ သွက်သွက်လက်လက် လမ်းလျှောက်ပေးရမှာဖြစ်ပါတယ်။ ဒီလို ခပ်သွက်သွက်လမ်းလျှောက်ပေးတာကြောင့် ပိုမိုကျန်းမာပြီး အသက်ရှည်စေပါတယ်။

Most Popular

Healthy Life Ad
To Top