Healthy Life Ad
Life Style

ဘဝတက်လမ်းပိုကောင်းလာစေဖို့ …

———၊ လရိပ်မေ ၊———

တစ်နေ့မှာ အချိန်အနည်းငယ်လောက်ပေးပြီး ဘဝတက်လမ်း တိုးတက်မြင့်မားလာအောင် ကြိုးစားသင့်ပါတယ်။

• သင့်အလုပ်လျှောက်လွှာကို လတ်တလောအောင်မြင်မှုတွေ ထပ်ဖြည့်ပေးပါ။ သင့်အလုပ်မှာ တာဝန်ယူရတဲ့အပိုင်းတွေမှာ ပိုကျွမ်းကျင်မှုရှိအောင် ထပ်မံလေ့လာပေးပါ။

• သင်တက်နိုင်တဲ့ နောက်ထပ်သင်တန်းတွေကိုတက်ပြီး သင့်အရည်အချင်းကို မြှင့်တင်ပေးပါ။

• သင့်အလုပ်အောင်မြင်သထက် အောင်မြင်စေဖို့ စစ်တမ်းကောက်ယူကာ အများလိုအပ်ချက် ပြည့်မီအောင်ကြိုးစားပါ။

• နောင် ၁၀ နှစ်အကြာမှာ ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကိုထားရှိပြီး တစ်နှစ်ကြာတိုင်း ရည်မှန်းချက်နဲ့ နီးကပ်နေပြီလားဆိုတာ ဆန်းစစ်လေ့လာပါ။

• သင့်နောင်ရေးအတွက် စိတ်အေးရအောင် အခုကတည်းက တစ်လမှာ ဝင်ငွေရဲ ့တစ်ရာခိုင်နှုန်းကို စုဆောင်းသွားပါ။

• တစ်နေ့ အချိန် ၁၀ မိနစ်ခန့် သင့်ဘဏ်စာအုပ်နဲ့ ငွေကြေးအခြေအနေကို ပြန်လည်သုံးသပ်ပေးပါ။

• အသုံးစရိတ်ကို နေ့စဉ်မှတ်ပြီး လတိုင်း မလိုအပ်ဘဲ သုံးနေမိတဲ့ ကုန်ကျစရိတ်တွေကို ပြန်လည်တွက်ချက်ကြည့်ပါ။ ဒီနည်းက ငွေကို ချွေတာတတ်စေပါတယ်။

• မိသားစုအတွက် အိမ်မှာပဲ ချက်ပြုတ်ပြင်ဆင်ပါ။ အထိမ်းအမှတ်နေ့တွေမှာပဲ အပြင်ထွက်စားပါ။

• အလုပ်သွားနိုင်ဖို့ ဈေးအသက်သာဆုံး နည်းလမ်းရှာပါ။

• သင့်အလုပ်စားပွဲကို ရှင်းလင်းပြီး ဒီထက်ပိုတိုးတက်လာအောင် ဘာလုပ်နိုင်မလဲဆိုတာ အမြဲတွေးတောပါ။

• သင့်အလုပ်နဲ့ပတ်သက်ပြီး “ဒီအလုပ်က ငါ့ကိုယ်ပိုင်အလုပ်ဆိုရင် ဒီထက်တိုးတက်အောင် ဘာလုပ်သင့်သလဲ” ဆိုတာ တွေးပြီးမှ အမြဲဆုံးဖြတ်ချက်ချပါ။ အလုပ်ရဲ ့ သစ္စာတရားအရ သင့်ကို ပြန်လည်အကျိုးပြုစေမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top