Healthy Life Ad
Health Tips

အိပ်ရာစောစောဝင်တာက သင့်ကျန်းမာရေးကို ဘာကြောင့်ပိုကောင်းစေတာလဲ . . .

———၊ ငွေကြယ်စင်ယံ ၊———

သင့်ကျန်းမာရေးအတွက် တစ်ညမှာ အိပ်ချိန် ခုနစ်-ရှစ်နာရီလောက် အိပ်စက်သင့်တယ်ဆိုတာ သိပြီးဖြစ်မှာပါ။ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးကို ပိုပြီးအာနိသင်ရအောင် ညစဉ် စောစောအိပ်ရာဝင်ပေးပါက ကိုယ်အလေးချိန်လျော့ကျစေတာ၊ နှလုံးကျန်းမာရေးကောင်းစေတာ၊ အလုပ်ထဲမှာ စွမ်းအားကောင်းစေတာနဲ့ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

(၁) ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်

အချိန်နောက်ကျမှ အိပ်လေ့ရှိတဲ့သူတွေဟာ ညစာကိုလည်း နောက်ကျမှ စားလေ့ရှိပါတယ်။ ဒါ့အပြင် ညလယ်စာကို စားလေ့ရှိသူတွေဟာ နောက်တစ်နေ့မှာ နံနက်စာကို စားလေ့မရှိတတ်ပါဘူး။ ဒါကြောင့် အလုပ်လုပ်တဲ့အခါမှာ စွမ်းအင်ပိုနည်းပြီး နေ့လယ်စာနဲ့ ညစာတွေမှာ အစာကို ပိုစားဖြစ်လေ့ရှိပါတယ်။

(၂) ကောင်းကောင်းအိပ်မောကျစေပါတယ်

လေ့လာမှုတွေအရ ညဘက်မှာ ညဉ့်နက်တဲ့အထိ မအိပ်ဘဲနေတဲ့သူတွေဟာ အိပ်မပျော်နိုင်တာမျိုး၊ အိပ်လို့မရတာမျိုး ဖြစ်တတ်ပါတယ်။ စောစောအိပ်ရာဝင်တဲ့သူတွေကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတတ်ပါတယ်။

(၃) နှလုံးကို ကျန်းမာစေပါတယ်

ဂျပန်နိုင်ငံက မီဆာအိုကျန်းမာရေးဆေးခန်းရဲ့ လေ့လာမှုအရ သန်းခေါင်ကျော်မှ အိပ်ရာဝင်လေ့ရှိသူတွေဟာ စောစောအိပ်ရာဝင်သူတွေနဲ့ယှဉ်ရင် နှလုံးရောဂါရဲ ့ အစောပိုင်းသတိပေးလက္ခဏာတွေဖြစ်တဲ့ သွေးလွှတ်ကြောတင်းမာတာကို သိသိသာသာ ပိုခံစားရစေတယ်လို့ သိရပါတယ်။

(၄) နံနက်ခင်းမှာ အလုပ်ကောင်းကောင်းလုပ်နိုင်စေပါတယ်

ညက အိပ်ရေးဝထားတာကြောင့် နံနက်ခင်းရောက်တဲ့အခါမှာ လန်းလန်းဆန်းဆန်းနိုးထပြီး စွမ်းအင်အဆင့်မြင့်တက်ကာ လုပ်ငန်းခွင်မှာ အရည်အချင်းတွေ မြင့်တက်လာပါတယ်။

(၅) စွမ်းအင်ကို ပိုမိုရရှိစေပါတယ်

ညဆိုင်းအလုပ်လုပ်သူတွေဟာ နေ့ခင်းဘက်မှာ အိပ်စက်တဲ့အခါ တကယ်အိပ်မောကျတဲ့အဆင့်ကို ရရှိစေဖို့ နှစ်နာရီ-သုံးနာရီလောက်ပိုပြီး တစ်ရေးအိပ်ရတတ်ကြောင်း သိရပါတယ်။ ညဘက်မှာ စောစောအိပ်သူတွေကတော့ တစ်ညမှာ ခုနစ်နာရီလောက် အိပ်ရုံနဲ့ နောက်တစ်နေ့မှာ စွမ်းအင်အပြည့် ဖြစ်နေတတ်ပါတယ်။

(၆) အရက်ကို နည်းနည်းပဲ သောက်ဖြစ်စေပါတယ်

အရက်သောက်တတ်သူတွေမှာ အိပ်ရာကို စောစောဝင်တတ်တဲ့အကျင့် ရှိသူတွေဟာ အရက်ကို နည်းနည်းပဲသောက်ဖြစ်ပါတယ်။ အရက်ဟာ အစပိုင်းမှာ အိပ်ငိုက်စေပေမယ့် ညဦးပိုင်းမှာ ခန္ဓာကိုယ်က အရက်ကို ချေဖျက်နေရတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့အဆင့်ကို လျော့ကျစေပါတယ်။

(၇) ကြံ့ခိုင်သန်စွမ်းစေပါတယ်

သင်က အိပ်ရေးဝ၀အိပ်ဖြစ်တယ်ဆိုရင် ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းအောင် အတင်းလုပ်ယူနေစရာမလိုပါဘူး။ စတန်းဖို့တက္ကသိုလ်ရဲ ့ လေ့လာမှုတစ်ရပ်အရ အားကစားသမားတွေမှာ ညစဉ် ၁၀ နာရီအိပ်စက်သူတွေကို ခြောက်ပတ်ကြာတဲ့အခါ စစ်ဆေးကြည့်လိုက်ရာ သူတို့ရဲ ့စွမ်းဆောင်နိုင်မှုအဆင့်ဟာ သိသိသာသာ မြင့်တက်လာတာ တွေ့ရပါတယ်။

Most Popular

Healthy Life Ad
To Top