Healthy Life Ad
Life Style

စိတ်ကြည်လင်သွားစေမည့် စက္ကန့် ၆၀ လေ့ကျင့်ခန်း

———၊ လရိပ်မေ ၊———

စိတ်ထဲမှာ တင်းကျပ်နေတာတွေ များနေပါသလား . . .

သက်ပြင်းကို အခါခါ ချမိနေပါသလား . . .

ဒီလိုဖိစီးမှုများတာကြောင့် ပိုပြီး ပင်ပန်းနွမ်းနယ်ရတတ်ပါတယ်။ အဲဒီလိုမဖြစ်ဘဲ တစ်မိနစ်တောင် မပြည့်သေးတဲ့အချိန်တိုအတွင်းမှာ စိတ်အပန်းပြေသွားစေဖို့ လုပ်ဆောင်သင့်တဲ့ နည်းလမ်းငါးသွယ်ကို အကြံပြုလိုက်ပါတယ်။

alignnone size-medium wp-image-62265
(၁) မျက်နှာကြက်ကိုကြည့်ပြီး ၆၀ မှ နောက်ပြန်ရေတွက်ခြင်း

အပေါ်ကိုမော့ပြီး ငေးကြည့်တာက ခန္ဓာကိုယ်ရဲ Parasympathetic Nervous System ကို လှုံ့ဆော်ပေးနိုင်တာကြောင့် သွေးဖိအားလျော့ကျကာ အသက်ရှူနှုန်းပိုကောင်းသွားပါတယ်။ ၆၀- ၅၉-၅၈ စတာကနေ တစ်အထိ နောက်ပြန်ရေတွက်သွားတာက စိတ်အနှောင့်အယှက် ဖြစ်နေတာတွေကို လွင့်ပြယ်သွားစေပါတယ်။

alignnone size-medium wp-image-62266
(၂) မှတ်စုစာအုပ်ထဲမှာ သင့်ပူပင်သောကများ ချရေးခြင်း

စာရွက်တစ်ရွက်ထဲမှာ သင်ပူပင်သောကရောက်ရတဲ့ ပြဿနာတွေကို ချရေးလိုက်တာက စိတ်ပေါ့ပါးသွားစေတဲ့အပြင် ဘာကိုကြိုးစားရမယ်ဆိုတာကိုလည်း အကြံဉာဏ်ရောက်စေပါတယ်။

alignnone size-medium wp-image-62267
(၃) နှာခေါင်း၊ ပါးစပ်မှတစ်ဆင့် ၁၀ ကြိမ် အသက်ရှူခြင်း

အသက်ဝ၀ရှူသွင်းတာက နှလုံးခုန်နှုန်းကို နှေးစေပြီး ခန္ဓာကိုယ်ကို ငြိမ်းအေးစေပါတယ်။ အသက်ရှူသွင်းနေစဉ်မှာ သင့်ရင်ဘတ်က ဖောင်းလာလိုက်၊ ပြန်ကျသွားလိုက်ဖြစ်တာကို အာရုံစိုက်နေတာက အာရုံစူးစိုက်မှုကောင်းပြီး စိတ်ညစ်နေတာတွေ လွင့်ပါးသွားပါလိမ့်မယ်။

alignnone size-medium wp-image-62268
(၄) တိမ်များမျောလွင့်နေသည်ဟု စိတ်ထဲခံစားကြည့်ခြင်း

နေ့စဉ် ပူပင်သောကနဲ့ စိတ်ဖိစီးမှုတွေကနေ ယာယီလွတ်မြောက်သွားစေဖို့ မျက်စိမှိတ်ပြီး ကောင်းကင်မှာ တိမ်စိုင်တိမ်လိပ်တွေ ရွေ ့လျားနေတယ်လို့ ခံစားကြည့်လိုက်ရင် စိတ်တွေငြိမ်းချမ်းလာပါလိမ့်မယ်။

alignnone size-medium wp-image-62269
(၅) ခေါင်းမှခြေဖျားအထိ ကြွက်သားများကို ဖြေလျှော့ပေးခြင်

ကြွက်သားတွေကို ဖြေလျှော့ပေးတာကြောင့် စိတ်ဖိစီးမှုကို တိုက်ရိုက်မဟုတ်တဲ့နည်းလမ်းနဲ့ ပြေလျော့သွားစေပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်မှ နာကျင်မှုနဲ့ သက်သောင့်သက်သာမရှိမှုတို့ လျော့ပါးသွားပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top