Healthy Life Ad
Health Tips

Alprazolam ၏ ဘေးထွက်ဆိုးကျိုးများ

———၊ ဒေါက်တာတင့်ဆွေ ၊———

Alprazolam ကို နေ့တိုင်းသောက်နေပါတယ်ဆရာ။ သူရဲ့ဘေးထွက်ဆိုးကျိုးကို သိပါရစေ။

Side effects of Alprazolam (Xanax, Niravam, Xanax XR) ဆေး၏ ဘေးထွက်ဆိုးကျိုးများ

မျက်စိ-ရေတိမ်ရှိနေသူ၊ မှိုဆေး Itraconazole or Ketoconazole တွေသောက်နေသူ၊ အရက်ကြောင့် အသဲမကောင်းသူ၊ ကျောက်ကပ်မကောင်းသူ၊ သတ်သေချင်စိတ်ရှိသူများ မပေးပါ။ ကိုယ်ဝန်အတွက် pregnancy category D သတ်မှတ်ထားလို့မသုံးရပါ။ ကလေးနို့တိုက်နေချိန်လဲ မပေးရပါ။ အသက် ၁၈ နှစ်အောက်လဲ မပေးပါ။

ဆရာဝန်ပေးတဲ့အတိုင်း အတိအကျသုံးပါ။ ဆေးကို လိုတာထက်ပိုသောက်ရင် သိပ်အိပ်ချင်မယ်။ သတိလစ်တာဖြစ်မယ်။

လက်အစိုနဲ့ဆေးကို မကိုင်ပါနဲ့။ တခါထဲမျိုမချရပါ။ ချိုချဉ်လို လျှာ-ပါးစောင်မှာ သူ့အလိုလိုပျော်သွားပါစေ။

စိတ်ရောဂါမတူရင် ဆေးအကျိုးမတူတာဖြစ်စေတယ်။ တချို ့ဆေးဆက်သောက်နေမှရတယ်။ ၁ နှစ်ဆက်ဆေးသောက်ရသူ ၃ ပုံ၁ ပုံက ဆေးဖြတ်လို့မရဘူး။ ဆောက်တည်ရာမရ လုပ်ချင်ရာလုပ်တာမျိုးကို သိသိသာသာ သက်သာစေတယ်။

စားချင်စိတ်ပြောင်းတယ်။ ဆာတတ်တယ်။ တည်ငြိမ်မှုနည်းတယ်။ စကားပြောနှေးတယ်။ သွားရည်များမယ်။ အာရုံစိုက်ရခက်မယ်။ ခေါင်းက ပေါ့နေသလို ခံစားရမယ်။ အိပ်ချင်မယ်။ အသက်ကြီးသူတွေမှာသာ ဒီလိုဖြစ်တတ်တယ်။

အဖြစ်နည်းတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ စိတ်တို၊ ၂၇့ ၂% လူဝ၊ ချွေးများ၊ အိပ်မပျော်၊ ကြွက်သားတွေလှုပ်၊ မှတ်ဉာဏ်လျော့။ အရက်နဲ့ရောရင် ဒါတွေပိုဖြစ်တယ်။ လိင်စိတ်ပြောင်းမယ်။ ၁၄့ ၄% မှာ လိင်စိတ်နည်းပြီး၊ ၇့ ၇% မှာကဲတယ်။ လိင်အင်္ဂါမသန်မာတာ၊ မပြီးစီးတာဖြစ်တယ်။

ရှားပါတဲ့အဖြစ်မျိုးတွေက ဝမ်းပျက်၊ ဝမ်းချုပ်၊ ပျို ့-အန်၊ ဆီးသွားရခက်၊ မျက်စိဝေ၀ါး၊ ဗိုက်နာ၊ သွေးဖိအားကျ။

Most Popular

Healthy Life Ad
To Top