Healthy Life Ad
Q & A

ဖြည့်စွက်စာနဲ့ ဓာတ်မတည့်မှု ရှိ၊ မရှိ

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ၊—–

Q. ကလေးတစ်ယောက်ကို ဖြည့်စွက်စာစကျွေးချိန်မှာ ကလေးက အဲဒီအစာနဲ့ ဓာတ်မတည့်မှုရှိလား၊ မရှိဘူးလားဆိုတာကို ဘယ်လိုနည်းနဲ့ သိနိုင်ပါသလဲရှင့်။

A. အစာအသစ်တစ်မျိုးကျွေးတိုင်း သုံးရက်စောင့်ကြည့်ရပါတယ်။ ဒါက သဘာဝပါပဲ။ ပုံမှန်အားဖြင့် ဖြည့်စွက်စာမှာ Cereal စကျွေးတယ်။ Cereal စကျွေးလို့ မတည့်ဘူးဆိုရင် ပါးစပ်နားမှာ အနီစက်လေးတွေ ပေါ်တတ်တယ်။ ပြီးတော့မှ တစ်ကိုယ်လုံးကို ရောက်သွားတယ်။ ကလေးက ယားတာ၊ မယားတာ သိပ်မသိသေးဘူး။ အနီစက်လေးကိုကြည့်ပြီး တည့်/မတည့် ခွဲရပါတယ်။ နောက်ပိုင်း ဆန်ပြုတ်ကျွေးလိုက်တယ်။ ကလေးတွေကို အစာထည့်လိုက်ချိန်မှာ ချောင်းဆိုးပြတတ်တယ်။ အဲဒီအချိန်မှာ ရေလေးနည်းနည်းတိုက်ပေးပါ။ တစ်ခါ-နှစ်ခါဆို အဆင်ပြေသွားပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကျွေးတိုင်းချောင်းဆိုးရင် မတည့်တာတစ်ခုခု ရှိနေပါပြီ။ ကလေးတွေကို ကြက်ဥနဲ့ တည့်/မတည့်ကိုလည်း စမ်းရပါတယ်။ ကလေးရဲ ့ ပါးစပ်တဝိုက်မှာ အနီစက်ထွက်လာရင်တော့ မတည့်ဘူးဆိုတာ သိနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top