Healthy Life Ad
Health Tips

အလွန်အမင်းကြောက်လန့်ရောဂါကို အောင်နိုင်ခြင်း

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊—–

ဦးနှောက်လျှပ်စစ်လှိုင်း

အလွန်အမင်း ကြောက်လန့်ရောဂါရှင် မစ္စက်ကေကို စာရေးသူရဲ ့ စိတ်ကျန်းမာရေးဆေးခန်းမှာ အပြင်လူနာအဖြစ် ဆက်လက်ကုသပေးပါတယ်။ မစ္စက်ကေရဲ ့ ခရစ်ယာန်နာမည်က ဂျူလီဖြစ်လို့ ရင်းရင်းနှီးနှီးဂျူလီလို့ပဲ ပြောဆိုဆက်ဆံရတယ်။ ဂျူလီရဲ ့ခင်ပွန်း မစ္စတာအေဒမ်ကေလည်း လိုက်ပါလာတယ်။

“အေဒမ်ပါ လာရောက်တွေ့ဆုံတာ ကောင်းပါတယ်။ ဂျူလီရဲ ့ရောဂါကို ကုသမှုမှာ အထောက်အကူရတာပေါ့”

“ကျွန်မရောဂါက အလွန်အမင်း ကြောက်လန့်ရောဂါ (Panic Disorder)ဆိုတာ သေချာသွားပြီလား”

“ပြီးခဲ့တဲ့အပတ်က အရေးပေါ်ဌာနမှ စမ်းသပ်စစ်ဆေးခဲ့လို့ သေချာသလောက်ရှိသွားပါပြီ”

အေဒမ်က စူးစမ်းမေးမြန်းပါတယ်။

“အလွန်အမင်း ကြောက်လန့်ရောဂါက ကုသလို့ ပျောက်ကင်းနိုင်သလား”

“သေသေချာချာ ကုသဖို့ ၄၀ ရာခိုင်နှုန်းက ရောဂါလုံးဝပျောက်ကင်းသွားနိုင်တယ်။ ၅၀ ရာခိုင်နှုန်းက ရောဂါလက္ခဏာ သိသိသာသာ လျော့နည်းပြီး နေ့စဉ်လုပ်ငန်းတွေကို ပုံမှန်ဆောင်ရွက်နိုင်တယ်။ ၁၀ ရာခိုင်နှုန်းသာ နာတာရှည်ရောဂါအဖြစ် ရောဂါသက်ကြာရှည်နေတာ တွေ့ရပါတယ်”

“ကျွန်မရောဂါအတွက် ကုသမှုတွေကို ပြောပြပါ”

“အလွန်အမင်း ကြောက်ရွံ ့ထိတ်လန့်တဲ့ အဖြစ်အပျက် (Panic Attack) ဖြစ်ပွားမှုလျော့နည်းအောင်၊ ဖြစ်ပွားရင်လည်း မပြင်းထန်အောင် ဆေးနဲ့ကုသပေးတာ ရှိပါတယ်။ စိတ်ငြိမ်ဆေးတစ်မျိုးဖြစ်တဲ့ Alprazolam (Xanax)နဲ့ စိတ်ကျရောဂါကုသဆေး တစ်မျိုးဖြစ်တဲ့ Paroxetine ဆေးကို အလွန်အမင်း ကြောက်ရွံ ့ထိတ်လန့်ရောဂါမှာ ကုသဖို့အတွက် အမေရိကန်နိုင်ငံ FDA က ခွင့်ပြုထားပါတယ်။ တခြား SSRI စိတ်ကျရောဂါကုသဆေးတွေနဲ့ စိတ်ငြိမ်ဆေး (ဥပမာ- Clonazepam) တွေလည်းရှိတယ်။ ဆေးသောက်လို့ ရောဂါသက်သာတယ်ဆိုရင် ၆ လမှ တစ်နှစ်အထိ ကြာရှည်သောက်သုံးလို့ရပါတယ်”

“ကြောက်ရွံ ့ထိတ်လန့်တဲ့အချိန်မှာ ခံစားရတဲ့ နှလုံးခုန်မြန်တာ၊ အသက်ရှူမြန်ပြီးမောပန်းတာ၊ ခေါင်းမူးချင်သလိုဖြစ်တာ စတဲ့ လက္ခဏာတွေကို ရည်ရွယ်ချက်နဲ့ တမင်သက်သက်ဖန်တီးရမယ်။ ဥပမာ-တစ်နေရာထဲမှာ ခုန်ဆွခုန်ဆွပြေးကြည့်။ မိနစ်ဝက်-တစ်မိနစ်အထိ လေ့ကျင့်ရင် နှလုံးခုန်မြန်တာတို့၊ အသက်ရှူမြန်တာတို့ကို ခံစားလာရလိမ့်မယ်။”

ဂျူလီက သူ့သဘောထားကို တင်ပြတယ်။

“ဖြစ်နိုင်ရင် ဆေးမသောက်ချင်ဘူး ဒေါက်တာအုန်း”

“စိတ်ကုထုံး ကုနည်းတွေ ရှိပါတယ်”

ဂျူလီနဲ့ အေဒမ်က ပြိုင်တူတောင်းဆိုပါတယ်။

“ရှင်းပြပါ . . .”

“စိတ်ကုထုံးကုနည်းကို နှစ်မျိုးခွဲခြားနိုင်တယ်။ (က) အလွန်အမင်း ကြောက်ရွံ ့ထိတ်လန့်တဲ့ အဖြစ်အပျက် (Panic Attack) ခံစားလာရရင် ဆောင်ရွက်ရမယ့် အပြုအမူနဲ့ (ခ) ရေရှည်အသုံးပြုနိုင်တဲ့ စိတ်ကုထုံးကုနည်းပရိယာယ် ဖြစ်ပါတယ်”

“အလွန်အမင်း ကြောက်ရွံ ့ထိတ်လန့်တာ ခံစားလာရရင် ကျွန်မဘာလုပ်ရမလဲ”

“ကနေဒါနိုင်ငံ စိုးရိမ်စိတ်လွန်ကဲရောဂါအဖွဲ့က ထုတ်ဝေပေးထားတဲ့ ပညာပေးစာလွှာတစ်ခု ရှိပါတယ်။ အဲဒီစာအုပ်လေးထဲမှာ လူနာကိုယ်တိုင် ကိုယ်ထူကိုယ်ထပြုမူဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကို ညွှန်ကြားထားပါတယ်။ (၁) ကြောက်ရွံ ့ထိတ်လန့်လို့ ဖြစ်ပွားလာတဲ့ လက္ခဏာတွေကို ပုံကြီးချဲ ့ပြီးမတွေးနဲ့။ “ငါသေများသွားမလား”၊ “နှလုံးလေဖြတ်သွားမလား”၊ “စိတ်ဖောက်ပြန်သွားမှာလား”စတဲ့ အတွေးတွေရဲ့ လွှမ်းမိုးမှုကို မခံယူနဲ့။ နှလုံးခုန်မြန်တာ၊ အသက်ရှူကြပ်လာတာ၊ မူးဝေချင်သလို ဖြစ်တာတွေက ခန္ဓာကိုယ်ရောဂါကြောင့်မဟုတ်ဘူး။ ကြောက်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဇီဝသဘာဝတုံ့ပြန်မှုတွေလို့ သတိပြုလိုက်ရမယ်”

အေဒမ်က ကြားဖြတ်မှတ်ချက်ချတယ်။

“အဲဒါမှန်တယ် ဒေါက်တာ။ ဂျူလီ Panic Attack ရလာရင် ဖျောင်းဖျလို့မရတော့ဘူး”

“ကြောက်စိတ်ကိုပြန်ပြီး ကြောက်လာတာပါ”

“အဲဒီတော့ . . .”

“အဲဒီအချိန်မှာ ဂျူလီပြုလုပ်နိုင်တဲ့ ကြောက်စိတ်ဖြေဖျောက်နည်းတွေ ရှိတယ်။ (၂) အသက်ပြင်းပြင်းနဲ့နှေးနှေးရှူရှိုက်ခြင်း (Calm Breathing) လေ့ကျင့်ခန်းလုပ်ရမယ်။ ကြောက်ရွံ့ထိတ်လန့်ရင် အသက်ရှူမြန်ပြီး အသက်ရှူတာ “တိမ်”တယ်။ ရင်ဘတ်အပေါ်ပိုင်းမှာသာ ရှူရှိုက်နေသလိုရှိမယ်။ အသက်နှေးနှေးနဲ့ ပြင်းပြင်းရှူရှိုက်ခြင်းကတော့ နှာခေါင်းကနေ ရင်ဘတ်အောက်ပိုင်းအထိ တဝကြီးရှူရှိုက်တာဖြစ်တယ်။ စိတ်အာရုံစိုက်ပြီး နှေးနှေးနဲ့ ပြင်းပြင်းအသက်ရှူရင် စိုးရိမ်စိတ်၊ ကြောက်စိတ်တွေ သက်သာသွားတာ တွေ့ရလိမ့်မယ်။ နှာခေါင်းကစပြီး ဝမ်းဗိုက်ပူဖောင်းလာတဲ့အထိ ၄ စက္ကန့်လောက်ကြာအောင် အသက်ရှူသွင်း၊ ၂ စက္ကန့်လောက် အသက်ရှူရပ်ထား။ ပြီးရင် ၄ စက္ကန့်လောက်ကြာအောင် တဖြည်းဖြည်း အသက်ရှူထုတ်။ တစ်စက္ကန့်-နှစ်စက္ကန့် အသက်ရှူရပ်ထား။ အဲဒီလိုနည်းနဲ့ တစ်မိနစ်အတွင်းမှာ ၆ ကြိမ်မှ ၈ ကြိမ်နှုန်းနဲ့ အသက်ရှူခြင်းဖြစ်ပါတယ်။

အလွန်အမင်း ကြောက်ရွံ ့ထိတ်လန့်တော့မလို ရှေးဦးလက္ခဏာတွေပေါ်လာရင် ကြွက်သားပြေလျော့နည်းကိုလည်း အသုံးပြုနိုင်တယ်။ ကြွက်သားပြေလျော့ခြင်းကို အာရုံပြုပြီး လေ့ကျင့်လိုက်ရင် ကြောက်စိတ်က သက်သာသွားနိုင်တယ်”

ဂျူလီက ဝန်ခံပြောကြားတယ်။

“အဲဒီလို အသက်ရှူနည်း၊ ကြွက်သားပြေလျော့နည်းတွေကို ကျွန်မမကျွမ်းကျင်ဘူး”

“အဲဒါ ပွဲမဝင်ခင်အပြင်မှာ လေ့ကျင့်ထားရမှာပါ။ ကျင့်သားရလာရင် လိုအပ်တဲ့အချိန်မှာ အလွယ်တကူ အသုံးပြုနိုင်လိမ့်မယ်။ လက်ဆွဲအိတ်ထဲမှာ အသင့်ဆောင်ထားတဲ့ ဆေးလုံးလိုပေါ့။

(၂) အလွန်အမင်းကြောက်လန့်ရောဂါကို အနိုင်ယူဖို့ ရေရှည်အသုံးပြုနိုင်တဲ့ နည်းပရိယာယ်တွေလည်း ရှိသေးတယ်”

“ရှင်းပြပါဒေါက်တာ”

“အလွန်အမင်း ကြောက်လန့်ရောဂါနဲ့ ပတ်သက်ရင် အမြင်မှန် (Realistic Thinking)ရှိဖို့ လိုအပ်ပါတယ်။ အလွန်အမင်းကြောက်လန့်ရောဂါရှင်ရဲ ့စိတ်ထဲမှာ ကြောက်နေတဲ့ အတွေးတွေရှိတယ်။ ဥပမာ-ငါမူးမေ့သွားလိမ့်မယ်။ နှလုံးလေဖြတ်ရောဂါဖြစ်လိမ့်မယ်။ ဒီလိုပဲ အမြဲဖြစ်နေမှာလား။ ငါဒီလိုဖြစ်ရင် လူရှေ ့သူရှေ ့မှာ ရှက်စရာကြီး။ ငါစိတ်ဖောက်ပြန်သွားမှာလား။ ရူးသွပ်ချင်လို့များလား။ နောက်တစ်ကြိမ် ဒီလိုဖြစ်ရင် ငါသေသွားမှာလား” စတဲ့ အတွေးတွေဖြစ်ပါတယ်။ အဲဒီလို ကြောက်စိတ်ကို အခြေခံတဲ့ အယူလွဲမှုက ရောဂါကြောင့်ကြစိတ်ကို ဖြစ်ပေါ်စေပါတယ်”

အေဒမ်က ကြားဖြတ်ထောက်ခံပြောပါတယ်။

“ကျွန်တော့်ကို ဂျူလီက အဲဒီလိုမေးခွန်းမျိုးတွေ ထပ်တလဲလဲ မေးမြန်းတတ်တယ်။ တတ်နိုင်သမျှ ကျွန်တော်ဖျောင်းဖျပေးရတယ်”

စာရေးသူက ဆက်လက်ဆွေးနွေးပါတယ်။

“အေဒမ်က ဂျူလီရဲ့ရောဂါကို နားလည်ပြီး ကူညီပံ့ပိုးမှုပေးနိုင်ရင်တအားပါပဲ။ မူမမှန်တဲ့ အတွေးတွေကို တိုက်ဖျက်ဖို့ ဆန့်ကျင်ဘက်အထောက်အထားတွေကို စဉ်းစားပြီးချေပပါ။ ဥပမာ-“ငါကြောက်ရွံ့ထိတ်လန့်နေတုန်းက နှလုံးလေဖြတ်မလား၊ သတိ မေ့မြောပြီး သေများသွားမလားလို့ စဉ်းစားမိတယ်။ ကြောက်ရွံ့ထိတ်လန့်တဲ့ အဖြစ်အပျက်တွေ ခံစားရတာ အကြိမ်ကြိမ်ရှိပြီ။ ငါဘာမှဖြစ်မသွားဘူး။ ဆေးစစ်ထားတဲ့ မှတ်တမ်းတွေကလည်း ငါ့မှာသေနိုင်တဲ့ ရောဂါမရှိဘူးလို့ ဖော်ပြထားတယ်” စသဖြင့်ပေါ့။ အဲဒီလိုစဉ်းစားပြီး မှတ်စုရေးထား။ ကြောက်ရွံ့ထိတ် လန့်သလိုဖြစ်ရင် အိတ်ထဲကထုတ်ပြီး ပြန်ဖတ်ကြည့်”

ဂျူလီက စောဒကတက်ပါတယ်။

“ကျွန်မတစ်ယောက်တည်း လေ့ကျင့်ဖို့ခက်မယ်ထင်ပါတယ်”

“အဲဒီလိုအတွေးအခေါ်ပြောင်းပြီး စဉ်းစားတတ်အောင် ကျွန်တော်တို့က ကူညီပေးမှာပါ။ “အတွေးပြောင်းကုထုံး”( Cognitive Therapy)လို့ ခေါ်ပါတယ်။ ဂျူလီသင်ကြားလေ့ကျင့်ရမယ့် ကုသနည်းတစ်ခုရှိသေးတယ်”

“ကျွန်မစိတ်ဝင်စားပါတယ်”

“ကြောက်ရွံ့ထိတ်လန့်ခြင်းကို ရင်ဆိုင်ခြင်း (Exposure Therapy)ဖြစ်ပါတယ်။ (က) ကြောက်ရွံ့ထိတ်လန့်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်လက္ခဏာတွေကို ရင်ဆိုင်တာက ပထမနည်းဖြစ်ပါတယ်”

“ကျွန်မဘာလုပ်ရမလဲ”

“ကြောက်ရွံ ့ထိတ်လန့်တဲ့အချိန်မှာ ခံစားရတဲ့ နှလုံးခုန်မြန်တာ၊ အသက်ရှူမြန်ပြီး မောပန်းတာ၊ ခေါင်းမူးချင်သလိုဖြစ်တာ စတဲ့ လက္ခဏာတွေကို ရည်ရွယ်ချက်နဲ့ တမင်သက်သက် ဖန်တီးရမယ်။ ဥပမာ-တစ်နေရာထဲမှာ ခုန်ဆွခုန်ဆွပြေးကြည့်။ မိနစ်ဝက်-တစ်မိနစ်အထိ လေ့ကျင့်ရင် နှလုံးခုန်မြန်တာတို့၊ အသက်ရှူမြန်တာတို့ကို ခံစားလာရလိမ့်မယ်။

ဂျူလီက အကြောက်လွန်ကဲရောဂါရှိသူဆိုတော့ အဲဒီလို လက္ခဏာတွေနဲ့အတူ ကြောက်စိတ်လည်း ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီလိုကြောက်စိတ် ဘယ်လောက်အဆင့်ရှိတယ်ဆိုတာ သတ်မှတ်လိုက်။ ဒါပေမဲ့ လေ့ကျင့်ခန်းကို ဆက်လက်လုပ်။ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းတွေ ကျဆင်းမသွားပေမယ့် ကြောက်စိတ်လျော့နည်းသွားတာကို တွေ့ရှိရလိမ့်မယ်။ ဒါကြောင့် “ကြောက်စိတ်-ခန္ဓာကိုယ်လက္ခဏာ-ပိုပြီးကြောက်စိတ်”ဆိုတဲ့ စက်ဝန်းကို ဖြတ်တောက်နိုင်လိမ့်မယ်”

(ခ) ဒုတိယအချက်ကတော့ အလွန်အမင်းကြောက်လန့်ရောဂါကြောင့် “အိမ်ကုပ်”မဖြစ်စေနဲ့။ ကြောက်ရွံ ့ထိတ်လန့်လာမှာ စိုးရိမ်လို့ ရှောင်ရှားနေတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ဖို့ ကြိုးစားလေ့ကျင့်ရမယ်”

အေဒမ်က မှတ်ချက်ချပါတယ်။

“အဲဒီလိုအပြုအမူတွေကို ကျွန်တော်သတိထားမိတယ် ဒေါက်တာအုန်း”

“ဒါကြောင့် အလိုအလျောက်ဖြစ်ပေါ်လာတဲ့ ကြောက်ရွံ့ထိတ်လန့်စိတ် (Panic Attack) ကနေပြီး တစ်စုံတစ်ခုကို အကြောက်လွန်ရောဂါ (Phobia) ဖြစ်မလာအောင် လေ့ကျင့်ရမယ်။ ဂျူလီရှောင်ရှားချင်တဲ့နေရာတွေကို သွားဖြစ်အောင် သွားကြည့်၊ တဖြည်းဖြည်းလေ့ကျင့်။ အစပိုင်းမှာ တစ်ယောက်တည်းမသွားချင်ရင် အေဒမ်ကို အဖော်ခေါ်သွားပေါ့”

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular

Healthy Life Ad
To Top