Healthy Life Ad
Life Style

ရာသီဥတုမည်းမှောင်ချိန်မှာတောင် ထိုင်းမှိုင်းလေးလံခြင်းကင်းပြီး ပျော်ရွှင်မှုတိုးစေမည့်နည်းများ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ရာသီဥတုမှောင်ပြီး ထိုင်းမှိုင်းချိန်မှာ ပျော်ရွှင်မှုတိုးစေမယ့် နည်းလမ်းတွေကို လိုက်နာရုံနဲ့ သင့်ခန္ဓာကိုယ်မှာ စွမ်းအင်တွေ တိုးနေပါလိမ့်မယ်။

သာယာစွာနိုးထပါ

နံနက်ခင်းတိုင်း မှောင်ရီသမ်းတဲ့အချိန်မှာ နိုးထတာက စိတ်လန်းဆန်းဖို့မလွယ်ပါဘူး။ နံနက်တိုင်း ညင်ညင်သာသာ နိုးထနိုင်ဖို့ ပင်လယ်ရေကျသံလို ငြိမ့်ညောင်းတဲ့ နိုးစက်သံနဲ့ နိုးထလိုက်ပါ။ စိတ်ရောကိုယ်ပါ အလွယ်တကူ လန်းဆန်းနေပါလိမ့်မယ်။

alignnone size-medium wp-image-62035
အလင်းရောင်ကိုကြည့်ပါ

ယူကေမှာ လူငါးဦးအနက် တစ်ဦးဟာ ရာသီဥတုကြောင့် ထိုင်းမှိုင်းတဲ့ဝေဒနာ ခံစားနေရပါတယ်။ နေရောင်ခြည်မရှိတာကြောင့် ခန္ဓာကိုယ်ရဲ ့ဇီဝနရီ ထိခိုက်ကာ တစ်နေ့တာအတွင်း ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ညဘက်မှာ ကောင်းကောင်းအိပ်မပျော်တာကြောင့် ပူပင်သောကများတာနဲ့ အစာကို အလွန်အမင်းစားတာတို့ ဖြစ်တတ်ပါတယ်။ ထိုင်းမှိုင်းလေးလံမှု ကင်းစေဖို့ ပြတင်းပေါက်ဘေးမှာထိုင်ပါ၊ ရာသီဥတုသာယာတဲ့ နေ့ရက်တွေမှာ အပြင်ထွက်ပြီး လမ်းလျှောက်ပါ။

ဝမ်းနည်းဖွယ်ရာ သီချင်းများနားထောင်ပါ

ဝမ်းနည်းဖွယ်ရာကောင်းတဲ့ သီချင်းတွေကို နားဆင်တာက စိတ်ခံစားမှုမြင့်တက်စေနိုင်တဲ့ အကောင်းဆုံးနည်းဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဝမ်းနည်းဖွယ်ရာကောင်းတဲ့ သီချင်းတွေက အထီးကျန်တဲ့စိတ်နဲ့ မကောင်းတဲ့စိတ်ခံစားမှုတွေကို ထိန်းညှိပေးပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။


လက်ဖက်ရည်သောက်ချိန် အနားပေးပါ

အလုပ်စားပွဲက အနားယူပြီး လက်ဖက်ရည်သောက်ပါ။ လက်ဖက်ရည်သောက်ချိန်မှာ အနားယူတာကြောင့် စိတ်ခံစားမှု၊ ဖန်တီးတီထွင်နိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတို့ ကောင်းမွန်မှုရှိကြောင်း ဒတ်ချ်သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ လက်ဖက်ရည်မှာ အမိုင်နိုအက်စစ် သီယာနင်းဓာတ် ပါဝင်တာကြောင့် စိတ်အပန်းပြေစေပါတယ်။ လေ့လာမှုအရ တစ်နေ့ လက်ဖက်ရည်လေးကြိမ် သောက်သူတွေဟာ စိတ်ဖိစီးမှုဟော်မုန်း ကော်တီစော သိသိသာသာ လျော့ကျမှုရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ဦးခေါင်းပေါ် မတ်တပ်ရပ်ပါ

ခြေထောက်နှစ်ချောင်းကို မိုးပေါ်ထောင်ပြီး ဦးခေါင်းပေါ်မတ်တပ်ရပ်တဲ့ ယောဂကျင့်စဉ်ဟာ ဦးနှောက်ထဲကို သွေးရောက်ရှိစေပြီး စွမ်းအင်တိုးကာ အာရုံစူးစိုက်မှု ကောင်းစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုဆိုင်ရာ ကော်တီစောအထွက်နှုန်း လျော့ကျစေတဲ့အတွက် ရေတိုမှာ စိတ်ဖိစီးမှုလျော့ကျစေပြီး ရေရှည်မှာ စိတ်ကျဝေဒနာမဖြစ်အောင် ဟန့်တားနိုင်ပါတယ်။


အရောင်တောက်ပသော ရာဘာကွင်းဝတ်ပါ

လက်ကောက်ဝတ်မှာ အရောင်တောက်တောက် ရာဘာကွင်းကို ဝတ်ဆင်တာကြောင့် ထိုင်းမှိုင်းလေးလံကာ မသက်မသာဖြစ်တဲ့ ဝေဒနာကို လျော့ကျစေပါတယ်။

တစ်နေ့ ခြေလှမ်းတစ်သောင်း လှမ်းပါ

လေ့ကျင့်ခန်းဟာ စိတ်ဓာတ်ကျတာ ကင်းစေပြီး စိတ်ခံစားမှုကောင်းစေတဲ့ နည်းပါ။ တစ်နေ့မှာ ခြေလှမ်းတစ်သောင်းခန့် လျှောက်လှမ်းတာကြောင့် ကယ်လိုရီလောင်ကျွမ်းစေပြီး ကျန်းမာသွက်လက်စေပါတယ်။

မတ်တပ်ရပ်ပါ

အထိုင်များတာက ဆေးလိပ်သောက်သလို ဆိုးကျိုးရှိပါတယ်။ နာရီပေါင်းများစွာ ထိုင်တာကြောင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဝလွန်ရောဂါနဲ့ စောစောသေဆုံးနိုင်ခြေတို့ကို မြင့်တက်စေပါတယ်။ ဒါကြောင့် ဖြစ်နိုင်သမျှ မတ်တပ်ထရပ်ပါ။ မတ်တပ်ရပ်တာကြောင့် အာရုံစူးစိုက်မှု၊ စိတ်ခံစားမှု၊ စွမ်းအင်အဆင့်နဲ့ ကိုယ်နေဟန်ထားတို့ကို အားကောင်းစေပါတယ်။

ချောကလက်စားပါ

စိတ်ခံစားမှု မကောင်းတဲ့အခါ ချောကလက်စားလိုက်ပါ။ ကိုကိုးမှာ အင်တီအောက်ဆီးဒင့်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့်(သွပ်)ဓာတ်၊ ကြေးနီ၊ ဗီတာမင် စီနဲ့ တခြား အာဟာရဓာတ်တွေ ပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ ထရစ်ပတိုဖန်လည်း ပါဝင်တာကြောင့် စိတ်ခံစားမှုကောင်းစေပါတယ်။

တစ်မိနစ်တာ လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ဖို့ အားကစားခန်းမသွားရမယ်ဆိုတဲ့စိတ်နဲ့ တွန့်ဆုတ်မနေပါနဲ့။ တစ်မိနစ်လောက် အချိန်ပေးပြီး ပြေးလိုက်ပါ။ အလိုအလျောက် လေ့ကျင့်ခန်းလုပ်ချင်စိတ် ဖြစ်ပေါ်လာပါလိမ့်မယ်။

အသက်ဝ၀ ရှူပါ

အသက်ဝ၀ ရှူသွင်းတာကြောင့် သင့်ကို ပိုပျော်ရွှင်စေ၊ ပိုပြီး တီထွင်ဖန်တီးနိုင်စေကာ ပူပင်သောက လျော့နည်းစေပါတယ်။ အဆစ်ရောင်ရမ်းနာ သက်သာစေပြီး အယ်လ်ဇိုင်းမားရောဂါဖြစ်နှုန်း လျော့ကျစေကာ အအေးမိဝေဒနာ သက်သာပါလိမ့်မယ်။ အေးအေးဆေးဆေးထိုင်ပြီး အသက်ဝ၀ ရှူသွင်း/ ရှူထုတ်လုပ်တာကြောင့် စိတ်ဖိစီးမှုလျော့ကျပြီး အဆိုးမြင်အတွေးတွေလည်း ကင်းစင်သွားစေပါတယ်။


အခြားသူကို ကျေးဇူးတင်ကြောင်း စာရေးပါ
တခြားသူကို ကျေးဇူးတင်ကြောင်း စာရေးတဲ့သူတွေဟာ ရက်သတ္တပတ်ပေါင်းများစွာ ပျော်ရွှင်မှုရှိစေတယ်လို့ စိတ်ပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။
(Ref;DM)

Most Popular

Healthy Life Ad
To Top