Healthy Life Ad
Health Tips

စိတ်ကျန်းမာရေး ကောင်းမွန်စေမည့် နည်းလမ်းကောင်းများ

———၊ စူး(ဆေးဝါးတက္ကသိုလ်) ၊———

နေ့စဉ်ဘဝမှာ စိတ်ကျန်းမာရေးကောင်းနေမှ ဘာလုပ်လုပ် အဆင်ပြေမှာပါ။ စိတ်ကျန်းမာရေး ကောင်းနေဖို့ရာအတွက် နည်းလမ်းကောင်းလေးတွေ မျှဝေလိုက်ပါတယ်။

(၁) အိပ်ရေးဝ၀ အိပ်စက်အနားယူရပါမယ်။

(၂) ကိုယ့်စိတ်ခံစားချက်ကို အလေးထားရပါမယ်။

(၃) သဘာဝနဲ့ ထိတွေ့ရပါမယ်။

(၄) ကိုယ်ပျော်တဲ့ဝါသနာကို လုပ်ဆောင်ရပါမယ်။

(၅) မကြာခဏ ရယ်မောပေးရပါမယ်။

(၆) ကိုယ့်ကိုယ်ကိုယ် လက်ခံပါ၊ ကိုယ်ရဲ ့အားသာချက်တွေနဲ့အတူ အပြစ်အနာအဆာတွေကိုရောပေါ့။

(၇) အဆင်မပြေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်သာ ပြောင်းလဲဖို့ ကြိုးစားကြည့်ပါ၊ တစ်ပါးသူကိုပြောင်းလဲဖို့ မကြိုးစားပါနဲ့။

(၈) လိုအပ်တဲ့အခါ အကူအညီတောင်းပါ။

(၉) အီလက်ထရောနစ်ပစ္စည်း သုံးစွဲချိန်ကို လျှော့ချပါ။

(၁၀) မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ ့ဆုံနေထိုင်ပါ။

(၁၁) ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစား တန်ဖိုးထားပါ။

(၁၂) ကိုယ်နဲ့ပတ်သက်ပြီး ခွင့်လွှတ်သင့်တာ ခွင့်လွှတ်လိုက်ပါ။

(၁၃) အသက်ပြင်းပြင်းရှူသွင်း/ ရှူထုတ်တဲ့နည်းကိုလုပ်ပါ။

(၁၄) တစ်ယောက်တည်း နေချိန်ပေးပါ။

(၁၅) ပြုံးပါ။

Most Popular

Healthy Life Ad
To Top