Healthy Life Ad
Health Tips

မိတ်ဆွေ . . တစ်ချိန်လုံး ပင်ပန်းနေပါသလား

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

တစ်နေကုန်အလုပ်လုပ်ပြီး ပင်ပန်းတာက ဖြစ်လေ့ဖြစ်ထရှိပေမယ့် တစ်ချိန်လုံးပင်ပန်းနေတာမျိုးကတော့ အခြေခံအကြောင်းရင်းတစ်ခုခုနဲ့ ဆက်စပ်နေနိုင်ပါတယ်။ တစ်ချိန်လုံး စွမ်းအင်တွေ ကုန်ဆုံးပြီး ပင်ပန်းနေရတာကို ဖြစ်စေတဲ့ အကြောင်းတွေကတော့ အောက်ပါအချက်တွေနဲ့ ဆက်စပ်နေတတ်ပါတယ်။

alignnone size-medium wp-image-61925
သွေးအားနည်းရောဂါ

သွေးနီဥတွေက ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ ဆဲလ်တွေအားလုံးဆီကို အောက်ဆီဂျင်ပို့ဆောင်ပေးပါတယ်။ အောက်ဆီဂျင်ဟာ ဆဲလ်တွေထဲက အစားအစာတွေ လောင်ကျွမ်းပြီး စွမ်းအင်ထုတ်ပေးနိုင်ဖို့ရာအတွက် လိုအပ်ပါတယ်။ သွေးအားနည်းတယ်ဆိုတာက သွေးနီဆဲလ်ပမဏ မလုံလောက်တဲ့ အခြေအနေပါ။ သံဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ချို့တဲ့တာ၊ သွေးဆုံးရှုံးမှုများတာ၊ အဆစ်ရောင်နာ၊ ကင်ဆာနဲ့ ကျောက်ကပ်ရောဂါတွေလို ရောဂါတစ်ခုခု ခံစားရတာ စတဲ့ အခြေအနေတွေကြောင့် သွေးအားနည်းရောဂါ ရတတ်ပါတယ်။ လစဉ်ရာသီသွေးဆင်းများတဲ့ အမျိုးသမီးတွေမှာလည်း သွေးအားနည်းရောဂါ ရတတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်နဲ့ မိခင်နို့ချိုတိုက်ကျွေးချိန်အတောအတွင်းမှာလည်း သံဓာတ်အပို လိုအပ်နေတတ်ပါတယ်။

alignnone size-medium wp-image-61926
ဆီးချိုသွေးချိုရောဂါ

အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါရှိနေသူတွေမှာ သွေးတွင်းသကြားဓာတ်များနေတတ်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်ဟာ စွမ်းအင်ရဖို့ ဂလူးကို့စ်ကို အပြည့်အဝသုံးစွဲနိုင်တာမျိုး မရှိပါဘူး။ ဒါကြောင့် အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါရှိသူတွေဟာ တစ်ချိန်လုံးပင်ပန်းနေရတတ်ပါတယ်။

alignnone size-medium wp-image-61927
သိုင်းရွိုက်ဟော်မုန်းထွက်ရှိမှု လျော့နည်းသောရောဂါ

သိုင်းရွိုက်ဟာ လည်ပင်းရဲ့အရှေ့ဘက်မှာ တည်ရှိတဲ့ သေးငယ်တဲ့ ဂလင်းတစ်ခုဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းက နေထွက်လာတဲ့ ဟော်မုန်းတွေဟာ လူတွေရဲ့ဇီဝရုပ်ဖြစ်ပျက်မှုစနစ်(Metabolism) ကို ထိန်းချုပ်ထားပါတယ်။ သိုင်းရွိုက်ဟော်မုန်းထွက်ရှိမှုလျော့နည်းတဲ့ ရောဂါရှိသူတွေမှာ သိုင်းရွိုက်ဟော်မုန်းချို့တဲ့တာကြောင့် တစ်ချိန်လုံး ပင်ပန်းနေရတတ်ပါတယ်။

alignnone size-medium wp-image-61928
အိပ်စက်မှုဆိုင်ရာ ပြဿနာများ

အိပ်နေတုန်း အသက်ရှူရပ်သွားတာနဲ့ အိပ်မပျော်တာ စတဲ့ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေကြောင့်လည်း တစ်ချိန်လုံး ပင်ပန်းရတတ်ပါတယ်။ခန္ဓာကိုယ်ဟာ သူ့အလိုလို အားပြန်ပြည့်ဖို့နဲ့ လန်းဆန်းစေဖို့အတွက် လုံလောက်တဲ့ အိပ်ချိန်ရှိဖို့လိုပါတယ်။ အိပ်နေတုန်း အသက်ရှူရပ်သွားတာကြောင့် အိပ်ရေးပျက်ခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

alignnone size-medium wp-image-61930
အခြားအကြောင်းရင်းများ

တစ်ချိန်လုံးပင်ပန်းရတဲ့ တခြားအကြောင်းရင်းတွေကတော့ အောက်ပါတို့နဲ့ ဆက်စပ်နေနိုင်ပါတယ်။

အဆစ်ယိုယွင်းရောင်ရမ်းနာ

နာတာရှည် ပင်ပန်းနွမ်းနယ်မှု

အရက်နဲ့ မူးယစ်ဆေးဝါးတွေကို ကြာရှည်သုံးစွဲတာ တချို့သော သွေးတိုးကျဆေး၊ ဆီးဆေးနဲ့ ဟစ္စတာမင်းတားဆေး စတာတွေကို မှီဝဲရတာတို့ဖြစ်ပါတယ်။

တချိန်လုံးပင်ပန်းနေလျှင်

ပင်ပန်းနေတာကို သက်သာအောင် ကုသနိုင်ဖို့အတွက် ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မှာ မူတည်နေပါတယ်။ လိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေကတော့-

(၁) အိပ်ပါ

အချိန်မှန်အိပ်ပြီး အချိန်မှန်ထတဲ့ အကျင့်ကို ထားရှိပေးပါ။ အိပ်ရာကို စောစောဝင်ပြီး နံနက်စောစော အိပ်ရာထပါ။ ညတိုင်း အိပ်ချိန် ခုနစ်နာရီလောက်တော့ ရှိသင့်ပါတယ်။

alignnone size-medium wp-image-61931
(၂) အစာကို ဂရုတစိုက်စားပါ

ပြုပြင်ထားတဲ့ အစားအသောက်တွေကို မစားပါနဲ့။ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေပါတဲ့အစာ၊ အဆီများတဲ့ အစာတွေကို ရှောင်ပြီး စွမ်းအားရစေမယ့် အာဟာရကိုသာ ရွေးချယ်မှီဝဲပါ။

(၃) လေ့ကျင့်ခန်းလုပ်ပါ

ပုံမှန်လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ကင်းစေပြီး ခန္ဓာကိုယ်အနှံ့က ဆဲလ်တွေဆီ အောက်ဆီဂျင်ရောက်ရှိမှု အားကောင်းစေကာ အစာခြေစနစ်ကို လှုံ့ဆော်ပေးနိုင်တာကြောင့် အိပ်ရေးဝစေပါတယ်။

(၄) ရေသောက်ပါ

ရေဓာတ်ခမ်းခြောက်တာကြောင့် နွမ်းနယ်တာမဖြစ်အောင် ရေကို တစ်နေ့သုံးလီတာလောက် သောက်ပေးပါ။

(၅) ကဖင်းဓာတ်ကို လျှော့ပါ

ကဖင်းဓာတ်ကို အလွန်အကျွံ မမှီဝဲပါနဲ့။ ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်ကို လန်းဆန်းစေတာမှန်ပေမယ့် ရေဓာတ်ခမ်းခြောက်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top