Healthy Life Ad
Life Style

သင့်ကို ကိုယ်အလေးချိန် လျော့ကျစေနိုင်သည့် အိပ်ရာဝင်ချိန်အလေ့အကျင့်များ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ညဘက်မှာ သင့်ခန္ဓာကိုယ်က ကယ်လိုရီ ၃၀ဝ နဲ့ ၄၀ဝ ကြား လောင်ကျွမ်းပါတယ်။ ဒီပမာဏက တစ်နာရီပြေးလို့ ကုန်ဆုံးသွားတဲ့ စွမ်းအင်ပမာဏနဲ့ ညီမျှပါတယ်။ ညဘက်မှာ အိပ်ရေးဝ၀ အိပ်မောကျတယ်ဆိုရင် ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ ကိုယ်အလေးချိန် လျော့ကျစေဖို့ အောက်ပါအိပ်ရာဝင်ချိန် အလေ့အကျင့်တွေကို မျှဝေပေးလိုက်ပါတယ်။


(၁) အိပ်ခန်းကို အေးမြအောင်ထားပါ

အိပ်ခန်းအပူချိန်ကို ညဘက်မှာ ၁၈ ဒီဂရီစင်တီဂရိတ်လောက်ထားပေးရင် သင့်ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ အေးမြတဲ့ အိပ်ခန်းပတ်ဝန်းကျင်က ဝစေတဲ့ ဆဲလ်တွေကို လှုံ့ဆော်ပေးပြီး ကိုယ်ခန္ဓာအပူချိန်ကို ထိန်းညှိပေးပါတယ်။ အေးမြတဲ့အခန်းထဲ အိပ်တာပဲဖြစ်ဖြစ်၊ အဝတ်အစားချွတ်ပြီး အိပ်တာပဲဖြစ်ဖြစ် စွမ်းအင်လောင်ကျွမ်းမှု များစေပါတယ်။ ဒီနည်းက ကိုယ်အလေးချိန် သွယ်လျစေတဲ့ အချက်ပါ။


(၂) စပျစ်သီးဖျော်ရည် သောက်ပေးပါ

စပျစ်သီးဖျော်ရည်မှာ ရက်စ်ဗာရထရောဆိုတဲ့ ဓာတ်တစ်မျိုးပါတာကြောင့် ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ ဒီဓာတ်က မကောင်းတဲ့အဆီတွေကို စွမ်းအင်သိုလှောင်တဲ့ အဆီအဖြစ် ကူးပြောင်းပေးပါတယ်။ အိပ်မောကျတဲ့အခါ သင့်ခန္ဓာကိုယ်က နွေးထွေးနေအောင် စွမ်းအင်သိုလှောင်တဲ့ အဆီတွေကို သုံးရပါတယ်။ ဒါကြောင့် ညအိပ်ရာမဝင်ခင် စပျစ်သီးဖျော်ရည်တစ်ခွက် သောက်တာကြောင့် အဆီပိုတွေကို ကင်းစင်စေပါတယ်။ မလိုအပ်တဲ့ သကြားရယူမှုကို ရှောင်လွှဲဖို့ စပျစ်သီးဖျော်ရည် လတ်လတ်ဆတ်ဆတ် သောက်သုံးပါ။

(၃) နေ့တိုင်း အိပ်ရာဝင်ချိန်/ထချိန် တူညီပါစေ

ပုံမှန်မဟုတ်တဲ့ အိပ်စက်ချိန်ဇယားက ကိုယ်အလေးချိန်အလွန်အမင်း မြင့်တက်စေနိုင်ပါတယ်။ အိပ်ချိန်/ထချိန်ပုံမှန်မဟုတ်ရင် မယ်လတိုနင်ထွက်ရှိမှုကို ဟန့်တားပေးပြီး အိပ်ချိန်ကို ထိခိုက်စေပါတယ်။ ရလဒ်အနေနဲ့ မနက်ခင်းမှာ နုံးချည့်မှုဖြစ်စေပြီး စွမ်းအင်အဆင့်မြင့်တက်စေပါတယ်။ ဒီလိုမဖြစ်စေဖို့ နေ့စဉ်နေ့တိုင်း တူညီတဲ့အိပ်ချိန်/ထချိန်ရှိရပါမယ်။


(၄) ညဘက်တွင် အီလက်ထရောနစ်ပစ္စည်း များမသုံးဘဲ စာအုပ်ဖတ်ပါ

ညဘက်အိပ်ခါနီးရင် ဖုန်း၊ iPad စတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို မသုံးသင့်ပါဘူး။ အဲဒီကထွက်တဲ့ အလင်းရောင်က ကောင်းကောင်းအိပ်မပျော်စေလို့ပါ။ စမတ်ဖုန်းကထွက်တဲ့ အပြာရောင်အလင်း တန်းက မယ်လတိုနင်ထွက်ရှိမှုကို နှောင့်နှေးကြန့်ကြာစေပါတယ်။ ဒါ ကြောင့် အိပ်မောကျဖို့အချိန်ယူရသလို နိုးလာရင်လည်း ပင်ပန်းနေတတ်ပါတယ်။ ညအိပ်ရာမဝင်ခင် အချိန် ၂ နာရီအလိုမှာ အီလက်ထရောနစ် ပစ္စည်းတွေကို ရှောင်ဖို့ ကြိုးစားပြီး night mode ပြောင်းပေးပါ။ အဲဒီအစား စာအုပ်ဖတ်ပေးရင် မယ်လတိုနင်ထွက်ရှိပြီး အိပ်မောကျစေပါတယ်။


(၆) လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုကို တွန်းလှန်ပေးပြီး ဇီဝကမ္မဖြစ်ပျက်မှုကို အားကောင်းစေပါတယ်။ ရေကူးတာ၊ အလေးမတာတို့ လုပ်ပေးရင် ညဘက်မှာ အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။

(၅) ပရိုတင်းပါသည့် သရေစာစားပါ

ပရိုတင်းပါတဲ့ ဒိန်ချဉ်၊ ဒိန်ခဲ၊ အဆီနည်းအသား၊ မြေပဲထောပတ် စတာတွေကို ညဘက်မှာ စားပေးပါ။ ကိုယ်တွင်းဇီဝကမ္မ ဖြစ်ပျက်နှုန်းကောင်းစေပြီး ကြွက်သားတွေကို ကြီးထွားစေပါတယ်။


(၇) ဆေးဖက်ဝင်ရေနွေးကြမ်းသောက်ပါ

ဆေးဖက်ဝင်ရေနွေးကြမ်း သောက်တာက ညဘက်မှာ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ သဘာဝဆေးဖက်ဝင် ရေနွေးကြမ်းက သင့်ကျန်းမာရေးကို နည်းအမျိုးမျိုးနဲ့ ကောင်းမွန်စေပြီး သင့်ကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။ သစ်ကြံပိုးခေါက်မှုန့်ခတ်ထားတဲ့ ရေနွေးကြမ်းက ရောင်ရမ်းမှုကို တွန်းလှန်ပေးပြီး မနက်ခင်းလေပွခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပူစီနံ(ပူဒီနာ)ခတ်ထားတဲ့ ရေနွေးကြမ်းက အစာစားချင်စိတ် လျော့ကျစေပြီး သရေစာမစားဖြစ်အောင် ကာကွယ်ပေးပါတယ်။

Most Popular

Healthy Life Ad
To Top