Healthy Life Ad
Health Tips

အူမကြီးကို သန့်စင်ပေးနိုင်သော အစားအစာ ၁၀ မျိုး

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

နေ့စဉ်စားသောက်တဲ့ အစားအသောက်တွေမှာ ကောင်းတာရော မကောင်းတာရော ပါနိုင်တဲ့အတွက် အူမကြီးကို ဘယ်လိုအစားအသောက်တွေက သန့်စင်ပေးနိုင်သလဲဆိုတာ သိဖို့လိုအပ်နေပါပြီ။

၁။ သံပရိုသီး

အချဉ်ဓာတ်ပါတဲ့ သံပရိုသီးလို အသီးတွေက အစာခြေစနစ်ကို သန့်စင်ပေးဖို့ အကောင်းဆုံးအသီးဖြစ်ပါတယ်။ မနက်တိုင်း တစ်နေ့ကို သံပရိုသီးဖျော်ရည်တစ်ခွက် သောက်သုံးတာက သင့်အစာခြေစနစ်အတွင်းက အဆိပ်အတောက်တွေကို ချေဖျက်ပေးပြီး သန့်ရှင်းပေးနိုင်ပါတယ်။

၂။ ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်ကဲ့သို့ အရွက်စိမ်းတွေကလဲ သင့်ရဲ့အူမကြီးကို သန့်စင်ပေးရုံသာမက အစာခြေလမ်းကြောင်းမှာဖြစ်တတ်တဲ့ ရောဂါဝေဒနာ အမျိုးမျိုးကိုလည်း ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

၃။ မုန်လာရွက်

မုန်လာရွက်က အသည်းကို သန့်စင်ပေးနိုင်စွမ်း ရှိပါတယ်။ အစာခြေစနစ်ကိုလည်း ကူညီထောက်ပံ့ပေးပြီး အူမကြီးကိုလည်း သန့်စင်ပေးနိုင်ပါတယ်။

၄။ အသီးဖျော်ရည်များ

အသီးဖျော်ရည်တွေမှာပါတဲ့ အမျှင်ဓာတ်၊ အင်ဇိုင်းဓာတ်တွေနဲ့ သန့်ရှင်းတဲ့ ဓာတ်ဆားတွေက အူမကြီးကို သန့်စင်ပေးနိုင်တဲ့အတွက် သင့်တစ်နေ့တာ အစားအသောက်ထဲမှာ မဖြစ်မနေ ပါဝင်သင့်တဲ့ အစားအသောက်တစ်မျိုးပဲ ဖြစ်ပါတယ်။

၅။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အသည်းကို ကျန်းမာစေနိုင်ပြီး အရသာရှိတဲ့ ဟင်းကောင်းတစ်ခွက်ဖြစ်အောင်လည်း ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင့် သင့်ရဲ့အူမကြီးကို သန့်စင်ပေးရာမှာလည်း များစွာအကျိုးရှိပါတယ်။

၆။ ငါး

တခြားအသားတွေနဲ့ မတူတဲ့ ငါးရဲ့အသားတွေမှာ အိုမီဂါ-၃ ဖက်တီးအက်စစ်တွေအပြင် အူမကြီးကို သန့်စင်ပေးနိုင်ပြီး အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ မရှိမဖြစ်လိုအပ်တဲ့ အဆီတွေ များစွာပါဝင်ပါတယ်။

၇။ ထောပတ်သီး

ထောပတ်သီးမှာပါတဲ့ အိုမီဂါ-၃ ဖက်တီးအက်စစ်နဲ့ တခြားအဆီတွေက အူနံရံတွေမှာ ချောဆီလို ဖြစ်နေစေပါတယ်။ အဲဒီအဆီတွေက အဆိပ်အတောက်ဖြစ်စေနိုင်မယ့် အရာတွေကို အူနံရံအတွင်း စိမ့်မဝင်အောင်တားဆီးပေးပြီး အပြင်ကိုစွန့်ထုတ်ဖို့ ကူညီပေးပါတယ်။

၈။ အစေ့အဆန်များ

အစေ့အဆန်တွေနဲ့ လုပ်ထားတဲ့ အစားအသောက်တွေဖြစ်တဲ့ ပေါင်မုန့်၊ ခေါက်ဆွဲနဲ့ ဂျုံမှုန့်တွေမှာ အမျှင်ဓာတ်များစွာပါဝင်ပြီး ကယ်လိုရီနဲ့ ကိုလက်စထရောအနည်းငယ်သာ ပါဝင်ပါတယ်။ ဒါကြောင့် အူမကြီးကို သန့်စင်ပေးနိုင်ပြီး အစာခြေဖျက်မှုကို များစွာကူညီထောက်ပံ့ပေးနိုင်ပါတယ်။

၉။ ပဲနီလေး၊ ပဲကြီး

ပဲနီလေး၊ ပဲကြီး အစရှိတဲ့ ပဲတွေက အစာခြေခြင်းကို ကူညီထောက်ပံ့တဲ့အပြင် အူမကြီးကိုလည်း သန့်စင်ပေးနိုင်တဲ့အတွက် တစ်နေ့တာ အစားအသောက်ထဲမှာ မရှိမဖြစ်ပါဝင်သင့်ပါတယ်။

၁၀။ လက်ဖက်စိမ်းလက်ဖက်ရည်

အသည်းအတွင်းက အဆိပ်အတောက်တွေကို လျော့ကျစေတဲ့ လက်ဖက်စိမ်းလက်ဖက်ရည်က အဆီကိုလည်း ကျစေနိုင်တဲ့အတွက် သောက်သုံးပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top