Healthy Life Ad
Health Tips

ကိုယ်ဝန်ရှိနေသော အစောပိုင်းလက္ခဏာရပ်များ

သင့်အနေနဲ့ ကိုယ်ဝန်ရှိနေကြောင်း စောစောစီးစီး သိလေလေ၊ ကိုယ်ဝန်ဆောင်ကျန်းမာရေး စောင့်ရှောက်မှုကို အမြန်ဆုံးခံယူနိုင်လေလေ ဖြစ်မှာပါ။ ဒါကြောင့် ကိုယ်ဝန်ရှိနေတဲ့ အစောပိုင်းလက္ခဏာရပ်တွေကတော့ –

ညောင်းညာခြင်း၊

ရင်သားတင်းခြင်း၊

စိတ်ခံစားမှုပိုင်း ပြောင်းလဲခြင်း၊ အထူးသဖြင့် ဝမ်းနည်းလွယ်လာခြင်း၊

ရာသီမလာတော့ခြင်း၊

ဖျားခြင်း၊

ပျို့ချင်အန်ချင်ဖြစ်ခြင်း စတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

ဒီလက္ခဏာရပ်တွေက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ယေဘုယျလက္ခဏာတွေဖြစ်ပြီး တချို့အမျိုးသမီးတွေမှာ ဘာလက္ခဏာမှ မပေါ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဒါကြောင့် သင့်ကိုယ်သင် ကိုယ်ဝန်ရှိနေပြီလို့ သံသယရှိနေရင် အိမ်မှာစစ်လို့ရတဲ့ ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်တံကိုသုံးပြီး စစ်ပါ။

ကိုယ်ဝန်ရှိနေကြောင်း ပေါ်ရင်တော့ ကိုယ်ဝန်ကိုအပ်နှံဖို့ ဆရာဝန်နဲ့ အမြန်ဆုံးရက်ချိန်းယူပါ။ အကြောင်းကတော့ ကိုယ်ဝန်အစောပိုင်းအချိန်ဟာ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါနေတာကြောင့် အမြန်ဆုံးစစ်ဆေးမှု ခံယူသင့်တာပဲ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top