Healthy Life Ad
Life Style

ကိုယ်အလေးချိန် လျော့ကျစေရန် စက်ဘီးစီးပါ

———၊ ဇွန် ၊———

နေခြည်နုနုထဲမှာ စက်ဘီးစီးပေးတာဟာ ကယ်လိုရီများစွာ လောင်ကျွမ်းစေပါတယ်။ သင်စီးတဲ့ စက်ဘီးစီးနှုန်းပေါ်မူတည်ပြီး ကယ်လိုရီလောင်ကျွမ်းနှုန်းက ကွာခြားသွားပါလိမ့်မယ်။

တစ်နာရီမှာ စက်ဘီးစီးနှုန်းဟာ ၁၀ မိုင်အောက်နည်းရင် ၂၇၂ ကယ်လိုရီ လောင်ကျွမ်းပါလိမ့်မယ်။

တစ်နာရီမှာ စက်ဘီးစီးနှုန်းဟာ ၁၀ မိုင်အောက်နည်းရင် ၂၇၂ ကယ်လိုရီ လောင်ကျွမ်းပါလိမ့်မယ်။

တစ်နာရီမှာ စက်ဘီးစီးနှုန်းဟာ ၁၀-၁၂ မိုင်ကြားရှိရင် ၄၀၈ ကယ်လိုရီ လောင်ကျွမ်းပါလိမ့်မယ်။

တစ်နာရီမှာ စက်ဘီးစီးနှုန်းဟာ ၁၂-၁၄ မိုင်ကြားဖြစ်ရင် ၅၄၄ ကယ်လိုရီ လောင်ကျွမ်းပါလိမ့်မယ်။

တစ်နာရီမှာ စက်ဘီးစီးနှုန်းဟာ ၁၄- ၁၆ မိုင်ကြားဖြစ်ရင် ၆၈၀ ကယ်လိုရီ လောင်ကျွမ်းပါလိမ့်မယ်။

တစ်နာရီမှာ စက်ဘီးစီးနှုန်းဟာ ၁၆-၁၉ မိုင်ကြားဖြစ်ရင် ၈၁၆ ကယ်လိုရီ လောင်ကျွမ်းပါလိမ့်မယ်။

တစ်နာရီမှာ စက်ဘီးစီးနှုန်းဟာ ၂၀ မိုင်ကျော်ရင် ၁၀၈၈ ကယ်လိုရီ လောင်ကျွမ်းပါလိမ့်မယ်။

သင်ဟာ ကိုယ်အလေးချိန် လျော့ကျချင်တာကြောင့် စက်ဘီးစီးတဲ့ လေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် မိနစ်၂၀-၃၀ လောက် စတင်လေ့ကျင့်ပေးပါ။ အစပိုင်းမှာ စက်ဘီးကို တစ်နာရီ ၁၀ မိုင်နှုန်းလောက်ပဲ စီးသင့်ပြီး တစ်ပတ်လောက်ကြာမှ စက်ဘီးစီးနှုန်းကို တိုးတိုးသွားသင့်ပါတယ်။ ဒါဆိုရင် သင့်ကိုယ်အလေးချိန်က မြန်မြန်လျော့ကျသွားပြီး ပိုမိုသန်စွမ်း ကြံ့ခိုင်လာပါလိမ့်မယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top