Healthy Life Ad
Health Tips

သက်ရှည်ကျန်းမာခြင်းဆိုင်ရာ အမေးအဖြေများ

———၊ ဇွန် ၊———

ကျန်းမာရေးလည်းကောင်းပြီး အသက်ရှည်ရှည်နေနိုင်ဖို့ရာအတွက် ရောဂါဘယကင်းနေဖို့ လိုသလို နောက်ထပ်ရောဂါမရအောင် ကာကွယ်သင့်တာတွေကို နှလုံးခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာOZ က ဖြေကြားပေးထားတာပါ။

သက်ရှည်ကျန်းမာဖို့အတွက် အရေးပါပေမယ့် လူတွေက ဘယ်အကြံဉာဏ်ကို အလေးမထားဘူးလဲ။

ကြွက်သားထုထည်ကို တည်ဆောက်ပေးပါဆိုတဲ့ အကြံဉာဏ်ပါပဲ။ အားအင်ချည့်နဲ့တာက ကျန်းမာရေးအတွက် ရန်သူပါပဲ။ အားအင်ချည့်နဲ့တာကို သိသိချင်း ကြွက်သားတွေ သန်စွမ်းကျန်းမာအောင် လေ့ကျင့်သင့်ပါတယ်။ အသက် ၅၀ ကျော်တဲ့အချိန်မှာ သင့်ကျောကုန်းတွေက စတင်ကိုင်းလာနိုင်တာကြောင့် အသက် ၄၀ လောက်ကတည်းက အလေးမလေ့ကျင့်ခန်း ယူသင့်ပါတယ်။ အလေးမလေ့ကျင့်ခန်းဟာ အဆီတွေကို လောင်ကျွမ်းစေပြီး ကြွက်သားတွေကို တည်ဆောက်ပေးနိုင်ပါတယ်။ ကြွက်သားတွေ သန်စွမ်းဖို့ နေ့စဉ်ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကိုတော့ လုပ်ပေးဖို့ လိုပါတယ်။ ယောဂကျင့်တာနဲ့ ထိုက်ချိကစားတာကလည်း သန်စွမ်းစေဖို့အတွက် ကောင်းမွန်တဲ့လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။

သက်ရှည်ကျန်းမာရေးနဲ့ ပတ်သက်ပြီး လိုက်နာဖို့ရာ မလွယ်ကူတဲ့နည်းလမ်းက ဘာများဖြစ်တတ်ပါသလဲ။

တရားထိုင်တာလို့ပဲ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်အတွက်တော့ ခက်ခဲတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း စိတ်ကိုတည်ငြိမ်အောင် ကြိုးစားကြည့်ပါတယ်။ ဒါပေမဲ့ စိတ်ကိုစူးစိုက်လို့ မရပါဘူး။ ဒါကြောင့် တရားထိုင်တဲ့ ယောဂကျင့်စဉ်ကျင့်ပြီး စိတ်တည်ငြိမ်အောင် နံနက်တိုင်း ထိန်းရပါတယ်။

လူတွေနုပျိုနေအောင် လုပ်သင့်တဲ့ အရေးကြီးဆုံးအချက်နှစ်ချက်ကို ပြောပြပေးပါ။

လူတွေ နုပျိုကျန်းမာနေစေမယ့် အရေးကြီးဆုံးအချက်က လမ်းလျှောက်ပေးဖို့ပဲ ဖြစ်ပါတယ်။ ငါးမိနစ်အတွင်း တစ်မိုင်ရဲ့လေးပုံတစ်ပုံလောက်ကို မလျှောက်နိုင်ဘူးဆိုရင် သင့်ကျန်းမာရေးအခြေအနေက သိပ်မကောင်းလှပါဘူး။ ဒုတိယအရေးပါဆုံး အချက်အနေနဲ့ တစ်ယောက်တည်းအထီးကျန်မနေဘဲနဲ့ အပေါင်းအသင်း လူ့အဖွဲ့အစည်းတွေနဲ့ သိုက်သိုက်ဝန်းဝန်းနေဖို့ပဲ ဖြစ်ပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top