Healthy Life Ad
Life Style

ဘာကြောင့် … အကြောဆန့်သင့်တာလဲ

———၊ ငွေကြယ်စင်ယံ ၊———

လေ့လာမှုတွေအရ အကြောဆန့်ပေးတာက ကျန်းမာရေး၊ စိတ်ခံစားမှု၊ ဘဝရဲ့အရည်အသွေးနဲ့ ခန္ဓာကိုယ်ပျော့ပျောင်းသန်စွမ်းမှုတွေကို ကောင်းမွန်တိုးတက်စေတယ်လို့ သိရပါတယ်။ လတ်တလော လေ့လာမှုတစ်ခုအရ ဂျပန်သုတေသီတွေက အသက် ၂၀ နဲ့ ၈၃ နှစ်ကြား အမျိုးသမီးနဲ့ အမျိုးသား ၅၀ဝ ကျော်ကို ခြေဆင်းထိုင်ရင်း ခြေဖျားတွေကို လက်နဲ့ထိတဲ့ အကြောဆန့်လေ့ကျင့်ခန်းကို ပြုလုပ်ခိုင်းကြည့်ခဲ့ပါတယ်။ အဲဒီနောက် သူတို့ရဲ့ သွေးလွှတ်ကြောတွေကို သွေးလွှတ်ကြောတင်းမာမှု ရှိ၊ မရှိ စမ်းသပ်စစ်ဆေးကြည့်ခဲ့ပါတယ်။ သွေးလွှတ်ကြောမာတင်းတာက သွေးတိုးတာနဲ့ နှလုံးရောဂါတွေရဲ့ ရှေ့ပြေးအခြေအနေတစ်ရပ်ဖြစ်ပါတယ်။ အသက် ၄၀ ကျော်လာတဲ့အခါမှာ ကြွက်သားတွေ တောင့်တင်းတာနဲ့ သွေးလွှတ်ကြောတွေ မာတင်းတာက ဆက်သွယ်မှုရှိတာကြောင့် ခန္ဓာကိုယ်ပျော့ပျောင်းသန်စွမ်းမှု မရှိသူတွေမှာ ပျော့ပျောင်းသန်စွမ်းသူတွေထက် သွေးလွှတ်ကြောဟာ သိသိသာသာ မာတင်းနေတတ်ပါတယ်။ ကြွက်သားတွေ ပျော့ပျောင်းနေအောင် အကြောဆန့်တဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးမှရမှာပါ။

တခြားလေ့လာမှုတစ်ရပ်အရ ခန္ဓာကိုယ်ပျော့ပျောင်းသန်စွမ်းမှုမရှိတာက သွေးတွင်းသကြားဓာတ် မြင့်တက်တာနဲ့ ဆက်စက်မှုရှိတာကြောင့် ဆီးချိုသွေးချိုရောဂါဖြစ်နှုန်းကို မြင့်တက်စေပြီး နှလုံးရောဂါဖြစ်ဖို့ အားပေးပါတယ်။

ရလဒ်အရ အကြောဆန့်ပေးတာနဲ့ အကြောလျှော့ပေးတာဟာ သွေးလွှတ်ကြောတွေအပါအဝင် ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းတွေအားလုံးကို ပျော့ပျောင်းသန်စွမ်းစေပါတယ်လို့ လေ့လာသူတချို့က ကောက်ချက်ချထားပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top