Healthy Life Ad
Q & A

လူကြီးရောဂါဆိုတာ

—–၊ ပါမောက္ခ ဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

Q. အရပ်ထဲမှာ ပြောပြောနေကြတဲ့ လူကြီးရောဂါဆိုတာ ဘာကိုခေါ်ပါသလဲ ဆရာ။ (အသက်သိပ်ကြီးတဲ့လူတွေ အိပ်ရာထဲလဲပြီဆိုရင် လူကြီးရောဂါလို ့ ပြောတတ်ကြလို့ပါ။)

A. လူကြီးရောဂါလို့ ဆိုရာမှာ နှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ ရောဂါတစ်ခုခု ဖြစ်သွားတာပါ။ သွေးတိုးရောဂါနဲ ့ ဆီးချိုရောဂါ..အစရှိတာတွေ ဖြစ်သွားတာပါ။ အဲဒါတွေကတော့ ရောဂါအမည်တပ်လို့ ရတဲ့အတွက် ရောဂါအမည်တပ်လိုက်ပါတယ်။

နောက်တစ်ခုကတော့ General Debility လို့ခေါ်ပါတယ်။ အစားအသောက်ကို မစားနိုင်၊ မသောက်နိုင် ဖြစ်လာတယ်။ အားတွေနည်းလာတယ်။ ရောဂါကလည်း ရှာလို့မရဘဲနဲ့ နောက်ဆုံး အိပ်ရာထဲလဲသွားပါတယ်။ တချို ့လူကြီးတွေမှာ စိတ်ဆင်းရဲစရာတွေ ရှိနေတတ်ပါတယ်။ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်း ( Stress, Depression) တွေ အနည်းနဲ့ အများဆိုသလို ရှိတတ်ပါတယ်။ ဥပမာ- သွားမကောင်းတော့ဘူး၊ အစားအသောက်တွေကို မစားချင်တော့ဘူး။ အဲဒီတော့ မစားနိုင်၊ မသောက်နိုင် ဖြစ်လာပြီး တဖြည်းဖြည်း အားနည်းလာတာကို ခေါ်ပါတယ်။

Most Popular

Healthy Life Ad
To Top