Healthy Life Ad
Health Tips

အိပ်ရာမဝင်ခင် နနွင်းမှုန့်ခတ်ထားတဲ့ နွားနို့သောက်ပေးရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲသွားနိုင်သလဲ . . .

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

နွားနို့အကြမ်းပန်းကန်လုံးတစ်ခွက်ထဲ နနွင်းမှုန့် လက်ဖက်စားဇွန်းတစ်ဝက်လောက် ထည့်မွှေပေးလိုက်ပါ။ အဲဒီနွားနို့ကို ညအိပ်ရာမဝင်ခင်သောက်ပေးရင် ခန္ဓာကိုယ်မှာ ကောင်းကျိုးများစွာ ရရှိစေပါတယ်။ နေ့စဉ်သောက်ပေးရင် ကိုယ်ခံအားစနစ်ကို သန်စွမ်းစေပြီး အသည်းကနေ ခန္ဓာကိုယ်ကို သန့်စင်စေပါတယ်။ ကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။

alignnone size-medium wp-image-61602
(၁) အသည်းကို အဆိပ်အတောက် ပြေစေပါတယ်

နနွင်းမှုန့်က အသည်းအတွက် ကောင်းကျိုးတွေရှိပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ နနွင်းမှုန့်က သန့်စင်ဆေးအဖြစ် စွမ်းဆောင်ပေးပြီး အသည်းမှာ အဆီဖုံးတာကို ကာကွယ်ပေးပါတယ်။ နနွင်းမှုန့်ခတ်ထားတဲ့ နွားနို့က အသည်းရဲ ့ အစားအသောက်နဲ့ ဓာတုပစ္စည်းချေဖျက်မှုကို အားကောင်းစေပါတယ်။ ဒီနည်းနဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးပါတယ်။

alignnone size-medium wp-image-61603
(၂) သင့်ခန္ဓာကိုယ်က ဘက်တီးရီးယားတွေကို ကောင်းကောင်းတွန်းလှန်ပေးပါတယ်

နနွင်းမှုန့်ခတ်ထားတဲ့ နွားနို့မှာ ပဋိဇီဝပိုးသတ်အစွမ်းရှိပါတယ်။ နနွင်းမှုန့်မှာရှိတဲ့ ပဋိဇီဝပိုးသတ်အစွမ်းက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ဖန်းဂတ်စ်မှိုတွေကို တွန်းလှန်ပေးပြီး အအေးမိတာနဲ့ လည်ချောင်းနာတာတို့ကို ကောင်းမွန်စွာ ကုသနိုင်စွမ်း ရှိစေပါတယ်။

alignnone size-medium wp-image-61604
(၃) ကိုယ်တွင်းရောင်ရမ်းမှုကို လျော့ပါးစေပါတယ်

နနွင်းမှုန့်ရဲ ့ အဓိကပါဝင်ပစ္စည်းက ကာကူမင်ဓာတ်ဖြစ်ပြီး အဆစ်ရောင်နာ၊ အူရောင်ရမ်းတဲ့ရောဂါ၊ ပန်ကရိယရောင်ရမ်းခြင်း စတဲ့ ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေတွေလို အထွေထွေရောင်ရမ်းမှုတွေကို ကုသနိုင်စွမ်း ရှိပါတယ်။ နနွင်းမှုန့်ခတ်ထားတဲ့ နွားနို့တစ်ဖန်ခွက် သောက်ပေးတာကြောင့် ကာကူမင်ဓာတ်က အင်ဇိုင်းတချို ့ကို ပိတ်ပင်ဟန့်တားပေးပြီး ကိုယ်တွင်းရောင်ရမ်းမှု လျော့ကျစေပါတယ်။

alignnone size-medium wp-image-61605
(၄) အဆီစတင်လျော့ကျစေပါတယ်

နနွင်းမှုန့်က သင့်ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေရုံသာမက အဆီတွေကို မြန်မြန်ချေဖျက်ပေးနိုင်ပါတယ်။ နနွင်းမှုန့်နို့ကို ပုံမှန်သောက်ပေးတာကြောင့် ကိုယ်တွင်းအဆီစုဆောင်းမှု မဖြစ်အောင် ကာကွယ်ပေးကာ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။

alignnone size-medium wp-image-61606
(၅) ကင်ဆာကို တွန်းလှန်ပေးပါတယ်

နနွင်းမှုန့်မှာ ပြင်းထန်တဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်။ လေ့လာမှုအရ နနွင်းမှုန့်ဟာ သင့်ကိုယ်တွင်းဖရီးရယ်ဒီကယ်ထွက်ရှိမှုကို လျော့ကျစေတယ်လို့ သိရပါတယ်။ ဖရီးရယ်ဒီကယ်တွေက ကင်ဆာလို နာတာရှည်နာမကျန်းမှုကို ဖြစ်စေနိုင်တာကြောင့် နနွင်းနွားနို့က ကင်ဆာမဖြစ်အောင် ကာကွယ်ပေးရုံသာမက ကင်ဆာကို တွန်းလှန်ပေးနိုင်ပါတယ်။ နနွင်းမှုန့်စားတဲ့အခါ အကျိတ်ကြီးထွားမှုကို ရပ်တန့်ပေးတာကြောင့် ကင်ဆာဆဲလ်တွေကို တွန်းလှန်ပေးတယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။

alignnone size-medium wp-image-61607
(၆) နှလုံးသန်စွမ်းကျန်းမာစေပါတယ်

နနွင်းက ကိုယ်တွင်းမှာ ဆိုက်တိုကိုင်းထွက်ရှိမှုကို ပိတ်ပင်ဟန့်တားပေးပါတယ်။ ဆိုက်တိုကိုင်းက ရောင်ရမ်းမှု၊ နှလုံးသွေးကြောရောဂါတွေနဲ့ ဆက်စပ်နေတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ နနွင်းနို့ကို ညတိုင်းသောက်တာကြောင့် နှလုံးကျန်းမာရေးပြဿနာ ဖြစ်နှုန်းကို လျော့ကျစေနိုင်ပါတယ်။

alignnone size-medium wp-image-61608
(၇) ကိုယ်ခံအားစနစ် ကောင်းမွန်စေပါတယ်

နနွင်းမှာပါတဲ့ ကာကူမင်ဓာတ်က အစွမ်းထက်အာနိသင်ရှိပြီး တီဆဲလ်၊ ဘီဆဲလ်တို့လို ကိုယ်ခံအားကောင်းစေတဲ့ ဓာတ်တွေကို လှုံ့ဆော်ပေးပါတယ်။ ဒီနည်းနဲ့ ကိုယ်ခံအားစနစ်မြင့်တက်ပြီး ပြင်ပပစ္စည်းတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

alignnone size-medium wp-image-61609
(၈) ဦးနှောက်က ပိုကျန်းမာပြီး ပိုတက်ကြွလန်းဆန်းစေပါတယ်

နနွင်းနို့သောက်တာကြောင့် ဦးနှောက်ထဲမှာ ဆက်သွယ်မှုဖြစ်စေတဲ့ ဓာတ်တစ်မျိုး BDNF အဆင့် မြင့်တက်စေပြီး အယ်လ်ဇိုင်းမားရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။

alignnone size-medium wp-image-61610
(၉) အရိုးတွေ ပိုသန်မာလာပါမယ်

နနွင်းက အရိုးထုထည်ဆုံးရှုံးမှုမဖြစ်အောင် ၅၀ ရာခိုင်နှုန်း ကာကွယ်ပေးပါတယ်။ နနွင်းနို့ထဲမှာပါတဲ့ ဗီတာမင်ဒီက အရိုးတွေကို ထိရောက်တဲ့ အစွမ်းရှိစေပါတယ်။

Most Popular

Healthy Life Ad
To Top