Healthy Life Ad
Health Tips

ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ စိတ်ထိုင်းမှိုင်းပြီး စိတ်ဓာတ်ကျတာကို ရှောင်လွှဲနိုင်ဖို့ . . .

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ဆောင်းရာသီမှာဖြစ်တတ်တဲ့ စိတ်ထိုင်းမှိုင်းပြီး စိတ်ဓာတ်ကျတာကို ရှောင်လွှဲနိုင်ဖို့ ဘာတွေလုပ်သင့်သလဲဆိုတော့ . . .။

♦ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပါ

ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ခံစားမှုကောင်းစေတဲ့ဓာတ်တွေ အထွက်တိုးစေပြီး စိတ်ကြည်လင်လန်းဆန်းစေပါတယ်။

♦ နေခြည်နုနုကို ခံယူပါ

နေရောင်ခြည်ကျတဲ့အချိန်မှာ အိမ်အပြင်ကို ၁၅ မိနစ်လောက် ထွက်ပေးပါ။

♦ ရေနွေးကြမ်းပူပူသောက်ပါ

လက်ဖက်စိမ်းရေနွေးပူပူ (Green Tea) သောက်ပေးတာက အင်တီအောက်ဆီးဒင့် ရရှိစေသလို နွေးထွေးပြီး စိတ်ပိုင်းဆိုင်ရာ ကြည်လင်စေပါတယ်။

♦ အမည်းရောင်ချောကလက်စားပါ

အမည်းရောင်ချောကလက်စားပေးရင် စိတ်ခံစားမှု ကောင်းစေပါတယ်။ အသင့်အတင့်ပဲ စားပေးပါ။

♦ နေ့စဉ် တရားထိုင်ပါ

အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ်တဲ့ လေ့ကျင့်ခန်းနဲ့ တရားထိုင်တာကို ပုံမှန်ပြုလုပ်ပေးတာက စိတ်ကြည်လင် အေးချမ်းစေပါတယ်။ စိတ်ဓာတ်ကျတာကို တွန်းလှန်ပေးပါတယ်။

♦ ဗီတာမင်ဒီပါဝင်တဲ့ အစားအသောက်တွေ စားပေးပါ

နို့နဲ့ နို့ထွက်ပစ္စည်း၊ ငါး၊ အစေ့အဆန်တွေကို စားပေးပါ။

♦ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့ အစားအသောက်တွေ စားပေးပါ

သီဟိုဠ်စေ့၊ သစ်ကြားသီး၊ ငါးအဆီတို့လို အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့ အစားအသောက်တွေကလည်း စိတ်လန်းဆန်း တက်ကြွစေပြီး ဦးနှောက်ကျန်းမာရေး ကောင်းစေပါတယ်။

♦ အိပ်ရေးဝဝအိပ်ပါ

တစ်ညကို ၈ နာရီထက်တော့ အိပ်ချိန်မနည်းပါစေနဲ့နော်။

Most Popular

Healthy Life Ad
To Top