Healthy Life Ad
Life Style

အရွယ်နဲ့မမျှအောင် အိုမင်းရင့်ရော်စေတဲ့ အစားအသောက်များ

———၊ ဇွန် ၊———

သင်စားတဲ့အတိုင်း သင်ဖြစ်တယ်ဆိုတဲ့ စကားလိုပဲ သင်စားတဲ့ အစာတွေကြောင့် ပိန်တာ၊ ဝတာ စတဲ့ပြောင်းလဲမှုတွေ ဖြစ်တတ်သလို နုပျိုတာ၊ အိုမင်းတာတွေလည်း ဖြစ်တတ်ပါတယ်။ အစားအသောက်က ကျန်းမာရေးနဲ့မညီညွတ်ရင် အသားအရေရဲ ့ အိုမင်းမှုဖြစ်စဉ်ကို တိုးစေတာကြောင့် ရှောင်သင့်ပါတယ်။

အချိုစာများ

သကြားများများစားတဲ့အခါ သကြားမော်လီကျူးတွေက ပရိုတင်းတွေနဲ့ပေါင်းပြီး အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ကို ထိခိုက်စေနိုင်ပါတယ်။

အရက်

အသည်းကျန်းမာမှ အသားအရေကျန်းမာမှာ ဖြစ်ပါတယ်။ အသည်းက ကောင်းကောင်းအလုပ်မလုပ်ရင် အဆိပ်အတောက်တွေက အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ အသည်းမှာ အဆိပ်အတောက်တွေစုပုံပြီး ကောင်းစွာမချေဖျက်နိုင်ရင် အသားအရေမှာ ဝက်ခြံပေါက်တာ၊ ရောင်ရမ်းတာနဲ့ အရေးကြောင်းထင်တာတို့ ဖြစ်တတ်ပါတယ်။ အရက်က ရေဓာတ်ခမ်းခြောက်ပြီး အိပ်ရေးပျက်စေတဲ့အတွက် အသားအရေအိုမင်းရင့်ရော်တာနဲ့ ဆက်စပ်နေတာလည်း ဖြစ်ပါတယ်။

မီးတူးနေသော အသား

မီးတူးနေတဲ့ အသားတွေမှာ ရောင်ရမ်းမှုဖြစ်စေတဲ့ ဟိုက်ဒရိုကာဗွန်တွေပါဝင်တာကြောင့် အရေပြားရှိ ကော်လာဂျင်ဓာတ်တွေကို ပြိုကွဲစေနိုင်ပါတယ်။

ဆားငန်သောအစာ

ဆိုဒီယမ် (ဆား)များများပါတဲ့ စည်သွပ်ဘူးထဲက အစာတွေဟာ ရေဓာတ်ဆွဲစေပြီး ဖောင်းအစ်တဲ့ အသွင်အပြင်ကို ဖြစ်စေနိုင်ပါတယ်။

ပြုပြင်ထားသောအသား

ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း အစရှိတဲ့ ပြုပြင်ထားတဲ့ အသားတွေမှာ ဆာလဖိုက်ဒ်နဲ့ တခြားတာရှည်ခံပစ္စည်းတွေ ပါဝင်တဲ့အတွက် အသားအရေကို ရောင်ရမ်းစေပြီး အိုမင်းမှုတိုးစေပါတယ်။ ဆားပါဝင်မှုလည်း များတဲ့အတွက် မျက်နှာကို ဖောင်းအစ်စေပါတယ်။

ပူစပ်လွန်းသောအစာ

ပူစပ်လွန်းတဲ့ အစာတွေက အသားအရေကို နီမြန်းစေပါတယ်။ အထူးသဖြင့် သွေးဆုံးချိန်အတွင်း ဒီထိခိုက်မှုက ပိုဆိုးစေနိုင်ပါတယ်။ အကြောင်းကတော့ အရေပြားရှိ သွေးကြောတွေက တုံ့ပြန်လွယ်တာကြောင့် ဖြစ်ပါတယ်။ ပူစပ်တဲ့အစာတွေက သွေးကြောတွေကို ကျယ်စေပြီး မျက်နှာဖောင်းအစ်တာနဲ့ နီမြန်းတာတို့ကို ဖြစ်စေနိုင်ပါတယ်။

အနီရောင်အသား

အဆီများတဲ့ အနီရောင်အသားတွေက ဖရီးရယ်ဒီကယ်တွေကို ထုတ်ပေးပြီး ဆဲလ်ကောင်းတွေကို ထိခိုက်စေတဲ့အတွက် နောက်ဆုံးမှာ အရေပြားရဲ ့ ကာကွယ်နိုင်စွမ်း ထိခိုက်သွားပါတော့တယ်။

(Ref;health)

Most Popular

Healthy Life Ad
To Top