Healthy Life Ad
Life Style

ကျွန်မဘဝကို ပြောင်းလဲပေးနိုင်ခဲ့သည့် အမူအကျင့်ခြောက်ရပ်

———၊ လရိပ်မေ ၊———

(၁) အောင်မြင်လိုတဲ့ စိတ်ခွန်အားထားရှိခြင်း

ရုပ်ပိုင်းဆိုင်ရာ မပြောင်းလဲခင် စိတ်ကအရင် ပြောင်းလဲတာကြောင့် စိတ်ဆိုတာ အရာရာအောင်မြင်ဖို့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

(၂) ရာသီဥတုအခြေအနေကို လျစ်လျူရှုခြင်း

ရာသီဥတုက ကျွန်မတို့ကို စိတ်တက်ကြွအောင် နှိုးဆော်ပေးသလို စိတ်ဓာတ်ကျအောင်လည်း လုပ်ပေးနိုင်ပါတယ်။ ဒါက ပိုကောင်းတဲ့ စိတ်ခံစားမှုကို ဖြစ်စေပါတယ်။

(၃) တရားမှတ်ခြင်း

တရားမှတ်တယ်ဆိုတာ အတွေးတွေကို တည့်မတ်အောင်၊ အားနည်းချက်တွေကို လျစ်လျူရှုတတ်အောင်၊ စိတ်ခံစားချက်တွေကို တည်ငြိမ်စေအောင် ပြုလုပ်ပေးနိုင်တဲ့ အရာပါ။

(၄) ကျေးဇူးတင်ခြင်း

ဒါက ကိုယ့်ဘဝအခြေအနေ တည်ငြိမ်စေတဲ့ အချက်ပါ။ ကျွန်မတို့ဘဝမှာ ကောင်းတဲ့အရာတွေကိုပဲ အာရုံစိုက် အလုပ်လုပ်ဖြစ်စေတဲ့ လှုံ့ဆော်မှုဆိုရင်လည်း မမှားပါဘူး။

(၅) ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာက စိတ်ကျန်းမာရေးကို ကောင်းမွန်စေပြီး ဘဝမှာ ရှင်သန်ရပ်တည်ရတာ ကျေနပ်စရာလို့ ထင်မြင်စေတဲ့ အရာပါ။

(၆) စိတ်ရှည်ခြင်း

စိတ်ရှည်တာက အိပ်မက်တွေကို ထုဆစ်ရာမှာ အရေးပါဆုံးနဲ့ အခြေခံအကျဆုံး အချက်ပါပဲ။

Most Popular

Healthy Life Ad
To Top