Healthy Life Ad
Health Tips

အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ . . .

———၊ ကိုထက် ၊———

အမျိုးသားတွေက ကိုယ့်ကျန်းမာရေးကို အလေးထားတာ နည်းပါတယ်။ ဆေးရုံ၊ ဆေးခန်းသွားရမှာကိုလည်း တွန့်ဆုတ်ပါတယ်။ ဒါကြောင့် ရောဂါဝေဒနာရင့်မှ ဆရာဝန်ဆီရောက်ရတဲ့အဖြစ်မျိုး မကြာခဏဖြစ်တတ်တဲ့အတွက် အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို အနိုင်ယူဖြေရှင်းနိုင်မယ့် နည်းတွေကို ရေးသားလိုက်ရပါတယ်။

ခြေသည်းဝဲစားခြင်းနှင့် ပေါင်ခြံယားယံခြင်း

အမျိုးသားတွေက အမျိုးသမီးတွေထက် ဖန်းဂတ်စ်မှိုကြောင့် ယားယံနာကျင်မှု နှစ်ဆပိုအဖြစ်များကြောင်း လတ်တလောလေ့လာမှုအရ သိရပါတယ်။

ဖြစ်ရခြင်းအကြောင်းရင်း – အမျိုးသားတွေက အများသုံးအခန်းတွေမှာ ဖိနပ်မစီးဘဲ နေတဲ့အချိန်များတာကြောင့် ဖြစ်တတ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုကိုလည်း အလေးထားမှုနည်းလို့ပါ။

ဖြေရှင်းနည်း – ဖိနပ်မပါဘဲ လမ်းလျှောက်ပြီးတိုင်း ခြေထောက်ကို ရေနဲ့သေချာဆေးကြောပြီး အခြောက်ခံပါ။ အတွင်းခံဘောင်းဘီကို ဆပ်ပြာနဲ့ သေချာလျှော်ဖွပ်ပြီး မီးပူတိုက်ပြီးမှ ဝတ်ဆင်ပါ။ ဖန်းဂတ်စ်မှိုသေစေတဲ့ လိမ်းဆေးကိုလိမ်းပါ။

ဆီးကျောက်တည်ခြင်း

အမျိုးသားတွေက အမျိုးသမီးတွေထက် ဆီးကျောက်တည်နိုင်ခြေ နှစ်ဆပိုများကြောင်း လတ်တလောလေ့လာမှုအရ သိရပါတယ်။

ဖြစ်ရခြင်းအကြောင်းရင်း – ဟော်မုန်းနဲ့ ဆက်စပ်နေတယ်လို့ တချို ့ကဆိုပါတယ်။

ဖြေရှင်းနည်း – တစ်နေ့ ရေ ၁၀ ခွက်ခန့် သောက်ပါ။

အရေပြားကင်ဆာ

လွန်ခဲ့တဲ့နှစ်က အမျိုးသားခုနစ်ထောင်ခန့်ဟာ အရေပြားကင်ဆာနဲ့ သေဆုံးကြကြောင်း အမေရိကန် ကင်ဆာအဖွဲ့အစည်းအရ သိရပါတယ်။

ဖြစ်ရခြင်းအကြောင်းရင်း – အမျိုးသားအများစုက နေပူထဲကို သွားတဲ့အခါ ရှပ်အင်္ကျီကို ချွတ်ထားလေ့ရှိပါတယ်။ ဒါကြောင့် နောက်ကျော၊ လက်မောင်း၊ လည်ပင်းနဲ့ ပခုံးတွေမှာ ရင်သားကင်ဆာ အဖြစ်များတတ်ပါတယ်။

ဖြေရှင်းနည်း – အပြင်သွားတဲ့အခါ နေကာနိုင်စွမ်း အဆ ၃၀ ပါဝင်တဲ့ ခရင်မ်ကို လိမ်းပေးပါ။ ရှပ်အင်္ကျီကို ဘယ်တော့မှ မချွတ်ပါနဲ့။ ချည်သားအင်္ကျီကိုဝတ်ရင် ချွေးထွက်ရင်တောင် အေးမြစေပါတယ်။ ကိုယ်အလေးချိန်အနည်းငယ် လျှော့ချပါ။ ကိုယ်အလေးချိန်များတဲ့ အမျိုးသားတွေက ကိုယ်အလေးချိန် ပုံမှန်ရှိသူ အမျိုးသားတွေထက် အရေပြားကင်ဆာဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုများပါတယ်။

အူကျခြင်း

အူကျတာက အမျိုးသား ၂၅ ရာခိုင်နှုန်းမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေ ဖြစ်ပါတယ်။

ဖြစ်ရခြင်းအကြောင်းရင်း – အူကျတာက မျိုးရိုးလိုက်တတ်ပါတယ်။ မွေးကတည်းက ဝှေးစေ့ဟာ ဝမ်းဗိုက်ထဲက မဆင်းတဲ့သူတွေမှာ အဖြစ်များတတ်ပါတယ်။

ဖြေရှင်းနည်း – အူကျတဲ့ဝေဒနာမဖြစ်အောင် အတွင်းခံဘောင်းဘီ ဝတ်ဆင်ပါ။ အလေးအပင်တွေကို တတ်နိုင်သမျှ မသယ်မသင့်ပါ။ မျိုးရိုးရှိရင် မကြာခဏစစ်ဆေးမှုခံယူပါ။

ခံတွင်းကင်ဆာ

အမျိုးသားတွေက အမျိုးသမီးတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

ဖြစ်ရခြင်းအကြောင်းရင်း – ဆေးလိပ်သောက်တာကြောင့်ပါ။ ဆေးလိပ်နဲ့ အရက်ကို တွဲသောက်ရင် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

ဖြေရှင်းနည်း – လိမ္မော်သီး၊ သံပရာသီး စတဲ့ ချဉ်တဲ့သစ်သီးဝလံတွေကို စားပါ။ ဗီတာမင်စီအပြည့်ပါတဲ့ သစ်သီးတွေကို များများစားတဲ့ အမျိုးသားတွေက အနည်းဆုံးစားတဲ့ အမျိုးသားတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။

Most Popular

Healthy Life Ad
To Top