Healthy Life Ad
Life Style

သင့်ကျန်းမာရေးအတွက် စောစောအိပ်ရာထပါ

———၊ လရိပ်မေ ၊———

အိပ်ရာစောစောထတဲ့ သူတွေဟာ ညဉ့်နက်တဲ့အထိ အလုပ်လုပ်ပြီး နေ့မြင့်မှ အိပ်ရာထသူတွေထက် ပိုမိုပျော်ရွှင်ကာ သွယ်လျကျန်းမာကြကြောင်း လေ့လာမှုအတော်များများအရ သိရပါတယ်။ နံနက်စောစောထတဲ့သူတွေက အလုပ်မှာ ပိုမိုစွမ်းဆောင်နိုင်စွမ်းရှိပြီး အလုပ်တွင်ကျယ်တာကြောင့် ယေဘုယျအားဖြင့် ဝင်ငွေပိုကောင်းကြကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေဆိုရင်လည်း အိပ်ရာစောစောထကာ လေ့လာမှတ်သားမှု ပြုလုပ်တဲ့အတွက် နေမြင့်မှ အိပ်ရာထသူတွေထက် အမှတ်ပြည့်ရနိုင်ခြေ ပိုများကြောင်း တက်ဆက်တက္ကသိုလ်လေ့လာမှုအရ သိရပါတယ်။ ဘာကြောင့် နံနက်စောစော အိပ်ရာထသူတွေက ပိုမိုကျန်းမာ ထက်မြက်ရသလဲဆိုတဲ့ အချက်ကို သိနိုင်ဖို့ လေ့လာမှုတွေ ပြုလုပ်ခဲ့တဲ့အခါ အောက်ပါလျှို ့ဝှက်ချက်ခြောက်ရပ်ကို တွေ ့ရှိခဲ့ရပါတယ်။

လေ့ကျင့်ခန်းလုပ်ရန် အချိန်ရခြင်း

အိပ်ရာစောစောထသူတွေက နေ့တစ်နေ့ကို လေ့ကျင့်ခန်းနဲ့ စတင်လေ့ရှိကြပါတယ်။ ဒါကြောင့် နေမြင့်မှအိပ်ရာထသူတွေထက် စောစောအိပ်ရာထသူတွေက တစ်နေ့လုံး စိတ်ခံစားမှု ကောင်းမွန်လန်းဆန်းနေရတာ ဖြစ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်တာကြောင့် ဦးနှောက်ထဲမှာ စိတ်ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဓာတ် အထွက်တိုးစေပြီး စွမ်းအင်အဆင့် မြင့်တက်စေပါတယ်။

စီမံခန့်ခွဲနိုင်စွမ်း ပိုမိုကောင်းမွန်ခြင်း

လေ့လာမှုအသစ်တစ်ရပ်အရ ပျမ်းမျှအားဖြင့် နေမြင့်မှ အိပ်ရာထသူတွေက နံနက်စောစောထသူတွေလောက် မှတ်ဉာဏ်စွမ်းအား မကောင်းကြကြောင်း သိရပါတယ်။ အရွယ်ရောက်သူ ၆၄၃၆ ဦးကို အိပ်စက်ပုံ၊ စွမ်းအင်အဆင့်နဲ့ သည်းခံနိုင်စွမ်းတို့အား လေ့လာကြည့်ခဲ့တဲ့အခါ စောစောအိပ်ရာထသူတွေက စွမ်းအင်ပိုမိုကောင်းမွန်ကြပြီး ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်ကြကာ အရာရာကို တိတိကျကျ စီမံခန့်ခွဲနိုင်စွမ်း ပိုများကြောင်း သိရပါတယ်။

ကိုယ်အလေးချိန် မြင့်တက်မှုနည်းခြင်း

သြစတြေးလျရဲ ့ မြီးကောင်ပေါင်စအရွယ် ၂၂၀ဝ ဦးကို လေ့လာမှုတစ်ရပ်အရ နေမြင့်မှ အိပ်ရာထသူတွေက စောစောအိပ်၊ စောစောထတတ်သူတွေထက် အဝလွန်နိုင်ခြေ နှစ်ဆပိုများကြောင်း သိရပါတယ်။ ညဉ့်နက်တဲ့အထိ မအိပ်ဘဲနေတဲ့အခါ ဆယ်ကျော်သက်တွေက တီဗီအလွန်အမင်း ကြည့်ဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်ချိန် လျော့နည်းသွားတာကြောင့် ဖြစ်ပါတယ်။

ကယ်လိုရီစားသုံးမှု လျော့နည်းခြင်း

အနောက်မြောက်တက္ကသိုလ်ရဲ ့ လေ့လာမှုအရ ညဉ့်နက်မှ အိပ်ရာဝင်သူတွေဟာ စောစောအိပ်ရာထသူတွေထက် တစ်နေ့မှာ ၂၄၈ ကယ်လိုရီ ပိုမိုစားသုံးကြပြီး အဆင်သင့်အစာကို များများစားဖြစ်ကြကြောင်းနဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးမှုနည်းကြကြောင်း သိရပါတယ်။ ညဉ့်နက်မှ အိပ်ရာဝင်ကြသူတွေရဲ ့ စားသောက်မှုပုံစံက ကျန်းမာရေးနဲ့ညီညွတ်မှု မရှိတာကြောင့်နဲ့ ညဘက်ကျမှ အစာစားလေ့ရှိတဲ့ အကျင့်ကြောင့် သူတို့ရဲ ့ BMI က မြင့်မားနေကြကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ပိုမိုပျော်ရွှင်မှု ရရှိကြခြင်း

အမေရိကန်စိတ်ပိုင်းဆိုင်ရာ ဂျာနယ်ရဲ ့ လတ်တလောလေ့လာမှုတစ်ရပ်အရ စောစောအိပ်ရာထသူတွေက နေမြင့်မှ အိပ်ရာထတတ်သူတွေထက် ပိုမိုပျော်ရွှင်ကြကြောင်း သိရပါတယ်။ တခြားလေ့လာမှုအသစ်အရ အိပ်ရာစောစောထတဲ့ အသက်ကြီးသူတွေက အိပ်ရာစောစောထတဲ့ လူငယ်တွေထက် ပိုမိုပျော်ရွှင်တက်ကြွမှုရှိကြကြောင်း ဆိုပါတယ်။ အသက် ၆၀ အရွယ်မှာ အသက်ကြီးသူ ၇ ရာခိုင်နှုန်းဟာ ညဘက်တော်တော်နဲ့ အိပ်မပျော်တတ်သူတွေ ဖြစ်နေပါတယ်။

Most Popular

Healthy Life Ad
To Top