Healthy Life Ad
Health Tips

သင့်အမြင်အာရုံကို ကယ်တင်ပေးနိုင်မည့် အကျင့်ကောင်းရှစ်ရပ်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

မျက်စိအမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ အချက်တွေကို သင်မလုပ်ဆောင်မိစေဖို့ရာအတွက် လိုက်နာသင့်တဲ့ အကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

alignnone size-medium wp-image-61346
(၁) အိပ်ရာမဝင်မီ မျက်ကပ်မှန်ချွတ်ပါ

မျက်ကပ်မှန် ပုံမှန်တပ်လေ့ရှိသူတွေက ညအိပ်ရာမဝင်ခင် မျက်ကပ်မှန်ချွတ်ဖို့ တစ်ခါတစ်ရံ မေ့လျော့နေတတ်ပါတယ်။ အဲဒီအခါ နောက်တစ်နေ့မှာ အိပ်ရာကနိုးလာရင် မျက်စိနီမြန်း ခြောက်သွေ့နေတတ်ပါတယ်။ မျက်ကပ်မှန်တွေက မျက်စိရှေ ့ပိုင်းကို ဖုံးအုပ်ထားတဲ့ မျက်ကြည်လွှာကို အောက်ဆီဂျင်၊ အာဟာရဓာတ်နဲ့ လိုအပ်တဲ့ချောဆီရောက်ရှိဖို့ ပိုမိုခက်ခဲတဲ့အတွက် မျက်ကပ်မှန်မဖြုတ်ဘဲ တစ်ညလုံး အိပ်စက်တာက သင်ထင်တာထက်ပိုပြီး အန္တရာယ်များပါတယ်။ ဒီလိုဖြစ်တာကြောင့် မျက်စိကို နီမြန်းစေပြီး မျက်ကြည်လွှာပိုးဝင်ကာ တဖြည်းဖြည်းနဲ့ အမြင်အာရုံ ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် မျက်ကပ်မှန်တပ်ပြီး ခဏတာအိပ်စက်မိသွားရင် မျက်ကပ်မှန်ချွတ်ဖို့ ချောဆီနှစ်စက်ခန့် ထည့်သင့်ပါတယ်။ ဒါဆိုရင် မျက်ကပ်မှန်ခြောက်သွေ့မှုကို သက်သာစေပါတယ်။

alignnone size-medium wp-image-61347
(၂) ကွန်ပျူတာကို ပိတ်ပါ

တစ်နေ့လုံး ကွန်ပျူတာသုံးပြီး ညဘက်မှာ ဖေ့စ်ဘွတ်ခ်သုံးတာကြောင့် မျက်စိခြောက်သွေ့ပင်ပန်းစေသလို မျက်စိထိခိုက်စေနိုင်ပါတယ်။ အမေရိကန် မျက်စိဆေးပညာအဖွဲ့အစည်းအရ ဒီဝေဒနာလက္ခဏာတွေကို ကွန်ပျူတာကြောင့်ဖြစ်တဲ့ အမြင်အာရုံရောဂါစုလို့ခေါ်ပြီး တစ်နေ့လုံး ကွန်ပျူတာအဆက်မပြတ် သုံးသူတွေမှာ အဖြစ်များစေနိုင်ပါတယ်။ ဒီပြဿနာကို ရှောင်လွှဲနိုင်ဖို့နဲ့ ကာကွယ်ထိန်းချုပ်နိုင်ဖို့ သင့်အလုပ်နေရာကို ချိန်ညှိပါ။ ကွန်ပျူတာစခရင်က မျက်စိ Level အောက် ၁၅-၂၀ ဒီဂရီခန့် ရှိသင့်ပြီး မျက်စိနဲ့ ၂၀-၂၈ လက်မ ဝေးသင့်ပါတယ်။ ကွန်ပျူတာအသုံးပြုချိန် မိနစ် ၂၀ ကြာတိုင်း ခြေလှမ်း ၂၀ အကွာရှိ တစ်စုံတစ်ခုကို စက္ကန့် ၂၀ ကြာ ကြည့်သင့်ပါတယ်။ မျက်စိခြောက်သွေ့နီရဲတာ သက်သာစေဖို့ မျက်ရည်တုခတ်ပါ။ အိုမီဂါ ၃ ဖက်တီးအက်စစ် ဖြည့်စွက်ဆေး မှီဝဲတာကြောင့် မျက်စိခြောက်သွေ ့မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

alignnone size-medium wp-image-61348
(၃) မျက်စိကို မပွတ်သပ်သင့်ပါ

မျက်စိယားယံတဲ့အခါ ဒါမှမဟုတ် မျက်စိညောင်းတဲ့အခါ မျက်စိကို ပွတ်သပ်တာကြောင့် ကျန်းမာရေးပြဿနာတွေကို ချက်ချင်းနဲ့ ရေရှည်မှာ ထိခိုက်စေနိုင်ပါတယ်။ မျက်စိကို ပွတ်သပ်တာကြောင့် ဆဲလ်တွေထဲကနေ ဟစ္စတမင်းထွက်ရှိအောင် လှုံ့ဆော်ပေးပြီး ဓာတ်မတည့်မှုကို ပိုဆိုးစေနိုင်ကာ မျက်စိနီရဲတာနဲ့ ယားယံတာကို ပိုဖြစ်စေနိုင်ပါတယ်။ မျက်စိကို ပွတ်သပ်တဲ့အတွက် မျက်စိထဲကို ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေဝင်ရောက်ပြီး မျက်စိပိုးဝင်တဲ့ အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။ မျက်စိဓာတ်မတည့်မှု ဖြစ်နေရင် အရင်ဆုံး ဓာတ်မတည့်မှု သက်သာစေတဲ့ ဟစ္စတာမင်းတားဆေးသောက်တာ၊ မျက်စိချောမွေ့စေမယ့် မျက်စဉ်းဆေးခတ်တာနဲ့ မျက်စိကို ရေအေးဝတ်ကပ်တာတို့ကို လုပ်ဆောင်ပေးသင့်ပါတယ်။ ဓာတ်မတည့်မှု သက်သာစေတဲ့ မျက်စဉ်းဆေးဟာ မျက်စိရောင်ရမ်းတာနဲ့ ယားယံတာကို သက်သာစေနိုင်ပါတယ်။

alignnone size-medium wp-image-61349
(၄) နေကာမျက်မှန် တပ်ပါ

အပြင်ထွက်ရင် အသားအရေကို နေကာခရင်မ်လိမ်းပြီး ကာကွယ်သလိုမျိုး မျက်စိကို နေရောင်ခြည်ဒဏ် ကာကွယ်နိုင်ဖို့ နေကာမျက်မှန် တပ်ဆင်သင့်ပါတယ်။ နေဒဏ်ကို ကြာရှည်ခံရတဲ့အတွက် မျက်စိထိခိုက်တာက ပြန်လည်မသက်သာစေနိုင်ပါဘူး။ မျက်စိမှာ အတွင်းတိမ်ဖြစ်တာ၊ ကင်ဆာ၊ မက်ကူလာ ယိုယွင်းပျက်စီးတာနဲ့ မျက်စိအာရုံခံလွှာ ထိခိုက်တာတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အပြင်ထွက်ရင် ခရမ်းလွန်ရောင်ခြည်အေနဲ့ ဘီ ၉၉ ရာခိုင်နှုန်းကို ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်ကို တပ်ဆင်သင့်ပါတယ်။

alignnone size-medium wp-image-61350
(၅) မိတ်ကပ်ဘရပ်ရှ်များကို ပုံမှန်သန့်စင်ပါ

မျက်ဝန်းမိတ်ကပ်နဲ့ ဘရပ်ရှ်တွေကို ပုံမှန်သန့်စင်မှသာ မျက်စိကျန်းမာနေမှာ ဖြစ်ပါတယ်။ မိတ်ကပ်လိမ်းရာမှာသုံးတဲ့ ဘရပ်ရှ်တွေက အချိန်ကြာလာရင် မိတ်ကပ်ဟောင်းတွေ စုပုံပြီး ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်ပါတယ်။ အဲဒီဘက်တီးရီးယားတွေကြောင့် မျက်စိစွန်တာ၊ မျက်မြှေးရောင်တာတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိတ်ကပ်ဘရပ်ရှ်တွေကို အနည်းဆုံး တစ်လတစ်ကြိမ် ဆပ်ပြာနဲ့ ရေသုံးပြီး စင်ကြယ်အောင် ဆေးကြောပါ။

alignnone size-medium wp-image-61351
(၆) မျက်တောင်တု ရှောင်ပါ

သင့်မျက်လုံးက ထိခိုက်လွယ်ရင် မျက်တောင်တုတပ်တာကြောင့် မျက်စိကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပါတယ်။ သုံးပြီးသား မျက်တောင်တုကို ပြန်တပ်ရင် ပိုဆိုးပါတယ်။ မျက်တောင်တုကော်မှာ အညစ်အကြေးအများအပြား စုပုံနေတာကြောင့် မျက်လုံးထဲကို အညစ်အကြေးနဲ့ ပိုးတွေဝင်ရောက်စေနိုင်ပါတယ်။ တကယ်လို့ မျက်တောင်တုတပ်ရင်လည်း အိမ်ပြန်ရောက်တာနဲ့ ချွတ်လိုက်ပါ။

alignnone size-medium wp-image-61352
(၇) ရောင်စုံစားပါ

မုန်လာဥနီလို လိမ္မော်ရောင်ကသာ မျက်စိကျန်းမာရေးကို ကောင်းမွန်စေတာ မဟုတ်ပါဘူး။ ရောင်စုံဟင်းသီးဟင်းရွက် အများစုဟာ မျက်စိကို ကျန်းမာစေပါတယ်။ ကိုက်လန်၊ ဟင်းနုနယ်ရွက်၊ မုန်လာဥနီနဲ့ ဘယ်ရီသီးတို့လို ရောင်စုံဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေဟာ မျက်စိထဲကို အစွမ်းထက် အင်တီအောက်ဆီးဒင့် လူတင်နဲ့ ဇီဇန်သင်းတို့ ရောက်ရှိစေပြီး မက်ကူလာယိုယွင်းပျက်စီးမှု အန္တရာယ်ကို လျော့ကျစေတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

alignnone size-medium wp-image-61353
(၈) မျက်စိကို ပုံမှန်စစ်ဆေးပါ

သင်က မျက်မှန်နဲ့ မျက်ကပ်မှန် တပ်ဆင်သူမဟုတ်ရင်တောင် မျက်စိကို ပုံမှန် စစ်ဆေးသင့်ပါတယ်။ အသက် ၂၀ နဲ့ ၃၉ နှစ်ကြား အရွယ်တွေဟာ ငါးနှစ်မှ ၁၀ နှစ်ကြာတိုင်း မျက်စိကို တစ်ကြိမ်စစ်သင့်ပြီး အသက် ၄၀ နဲ့အထက်ဆိုရင် နှစ်နှစ်ကြာတိုင်း မျက်စိစစ်ဆေးသင့်ပါတယ်။

(Ref;everydayhealth)

Most Popular

Healthy Life Ad
To Top